ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

သမ္မတဦးသိန်းစိန်ဟာ မနေ့က ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်နှစ်ဦးကို အလွတ်သဘောတွေ့ဆုံပြီး ရခိုင်ပြည်နယ် တွင်း တည်ငြိမ်းအေးချမ်းရေးကိစ္စကို ဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ဥက္ကဋ္ဌ ဦအေးသာအောင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဆွေးနွေးခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒေါက်တာအေးမောင်က “သူဆွေးနွေးတဲ့ အထဲမှာ ပြည်တွင်းပဋိပက္ခလေးတွေ၊ နိုင်ငံတကာရဲ့အမြင်တွေ၊ နောက် တည်ငြိမ်မှုရဲ့ အရေးကြီးပုံ၊ တိုင်းပြည်ငြိမ်းချမ်းတည်ငြိမ်မှပဲ လုပ်စရာရှိတာ ဘာလုပ်မလဲဆိုတာလေးတွေ၊ နောက် ပြင်းထန်တဲ့ အစွဲအလန်းလေးတွေကို ဖြေစရာတွေနဲ့ ဖြေလျှော့ဖို့။ အစိုးရနဲ့ ပူးပေါင်းပြီး တိုင်းပြည်အေးချမ်းအောင် ကူညီကြဖို့။ နောက် ရခိုင်မှာ အေးချမ်းတဲ့နေရာတွေမှာ မဖြစ်ဖို့ ဒီအသိုင်းအ၀ိုင်း ၂ ခု ငြိမ်းချမ်းတည်ငြိမ်အောင် ဘယ်လိုထိန်းမလဲဆိုတာကို သူ့ဘက်ကိုယ့်ဘက်ပေါ့၊ ကျနော်တို့ဘက်က ကျနော်တို့ ပါတီဆိုတာမျိုးက လူထုရဲ့ဆန္ဒနဲ့ လူထုနဲ့ တသွေးထဲတသားတည်း ဖြစ်နေမှပဲ ပါတီဆိုတာမြဲတာကိုး။ အဓိကကတော့ တရားဥပဒေစိုးမိုးဖို့ကို ၀ိုင်းဝန်းဖြေရှင်းဖို့ပါပဲ။”

ရခိုင်ပါတီတွေရဲ့ ခေါင်းဆောင်တွေဟာ သြဂုတ် ၈ ရက်နေ့ ကနဦးပိုင်းမှာလည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး အပါအ၀င် တပ်မတော်အကြီးတန်း အရာရှိကြီးတွေနဲ့လည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ဒေါက်တာအေးမောင်က “လက်ရှိ အခြေအနေ ဘယ်လိုဖြစ်လာနိုင်တယ်၊ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုလုပ်ရင်ကောင်းနိုင်မလဲဆိုတာကို ဗိုလ်ချုပ်ကြီးတင်အေးနဲ့ ဆွေးနွေးတာပေါ့။ သူတို့ဘက်ကလည်း ရှင်းပါတယ်။ ဗိုလ်ချုပ်ကြီး လှမင်းလည်း ရှင်းတယ်၊ ဗိုလ်ချုပ်သိန်းဌေးလည်း အနည်းအကျဉ်းပြောတယ်၊ ဗိုလ်ချုပ် ကျော်ဇံမြင့်လည်း ပြော တယ်။ ဦးတင်အေးက အဖွင့်အရင်၊ နောက် ကျနော်တို့ဘက်ကလည်း ၄ ဦးပါတယ်။ ကျနော်တင်ပြတယ်။ ဦးဘရှိန်တို့၊ ဦးထွန်းအောင်ကျော်တို့၊ ဦးဖေသန်းတို့ကလည်း တွေ့တာလေးတွေကို ဆွေးနွေးပါတယ်။ ဟိုဘက်ကတော့ ဦးအေးသာအောင် တယောက်တည်းပဲ ပြောချိန်ရလိုက်ပါတယ်။”

 by ​အေး​နိုင်  (ဒီဗွီဘီ)

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...