ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



ဦးဇော်မင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ဦးခင်မောင်မြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်


နိုင်ငံတော် သမ္မတရုံး


( အမိန့်အမှတ်၊   ၂၃  / ၂၀၁၂ )

၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း   ၁၁   ရက်
(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ  ၂၈  ရက်)
ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(က) တို့အရ အောက်ဖော်ပြပါ

 ပြည်ထောင်စုဝန်ကြီး များအား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်-

(၁)ဦးခင်မောင်မြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန

(၂)ဦးဇော်မင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

(ပုံ) သိန်းစိန်


နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 ပြည်ထောင်စုစာရင်းစစ်ချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


နိုင်ငံတော်သမ္မတရုံး


( အမိန့်အမှတ်၊   ၂၄  / ၂၀၁၂ )


၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း   ၁၁   ရက်


(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ   ၂၈   ရက်)


ပြည်ထောင်စုစာရင်းစစ်ချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(က) တို့အရ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင် အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။


 (ပုံ) သိန်းစိန်
                                                                                                                                                                နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သမ္မတရုံး ၀က်ဆိုက်

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...