ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါမြို့တွင်) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် လူနေအိမ်များ ယမန်နေ့ညက လုယက် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု bdnews24.com တွင် ဖေါ်ပြသည်။
Buddhist temples, homes burned, looted in Ramu
Photo: Bdnews24.com
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းနှင့် လူနေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီးခံရကာ အိမ်ပေါင်း ၁၀၀ ကျော် လုယက် ဖျက်ဆီးခံခဲ့ရသည်။ အများစုမှာ ဘာရ၀ါ (မာရမာကြီး) လူမျိုးတို့၏ နေအိမ်များ ဖြစ်ကြသည်။
ယခုတိုက်ခိုက်မူသည် ဗုဒ္ဓဘာသာ မိသားစုများ အပေါ် ဘင်္ဂလာဒေခ်ျ့တွင် အဆိုးရွားဆုံး တိုက်ခိုက်မူ ဖြစ်ကြောင်း သတင်းက ဆိုသည်။
ယခုတိုက်ခိုက်မူသည် မွတ်ဆလင်တို့၏ အထွတ်မြတ်ထားရာ ကိုရမ် (Quran) အား facebook တွင် မဖွယ်မရာ လုပ်သည် စွပ်စွဲချက်များ ပေါ်ပေါက်လာပြီးနောက် စတင်ဖြစ်ပွားသည်ဟု ဆိုသည်။
ကော့စ်ဘဇားခရိုင် ရဲမင်းကြီး Selim Mohammed Jahangir အဆိုပါ တိုက်ခိုက်ခံရမူအား အတည်ပြု ပြောကြားပြီး ယနေ့ နံနက်လင်းအားကြီး အချိန်တွင် ရဲအဖွဲ့မှ ထိန်းသိမ်းနိုင်ခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။ သို့သော်မြို့စွန် အနား ဒေသများတွင် အခြေအနေမှာ အေးဆေး တည်ငြိမ်မူ မရှိသေးဟု သတင်းက ရေးသည်။
ယခုအခါ  ရဲတပ်ဖွဲ့ဝင်များဖြင့် ဗုဒ္ဓဘာသာများ နေထိုင်ရာများကို လုံခြုံရေး တင်းကျပ်လိုက်ပြီဟု ဆို သည်။
အများဆုံး မီးရှို့ခံရသော နေရာမှာ ရာမူးမြို့မှ (၅) မိုင်ခန့်ဝေးသော Mithhachharhi Bonbihar တွင်ဖြစ်သည်ဟု နိတိ ဘရာဝါ က ပြောသည်။
အမြင့်ပေ ၁၀၀ ရှိသော တည်ဆောက်နေဆဲ ဗုဒ္ဓရုပ်ထုတော် တစ်ဆူလည်း ဖျက်ဆီးခံခဲ့ရသည်ဟု သတင်းတွင် ဖေါ်ပြသည်။
ယခု တိုက်ခိုက်မူမှာ မွတ်ဆလင် ဘာသာရေး အစွန်းအဖွဲ့များမှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆိုသည်။
ဖျက်ဆီးခံရရာတွင် ရခိုင်များ ကိုးကွယ်နေသော ရွာကြီးဘက်ကျောင်းလည်း ပါဝင်ပြီး အဆိုပါ ကျောင်းကို တခြား လူနေအိမ်များကိုပါ မီးကူးစက်မည်ကို စိုးရိမ်သဖြင့် မီးရှို့ခဲ့ခြင်း မရှိကြောင်း သိရသည်။ ရာမူး (ပန်းဝါ)တွင် ရခိုင် ဗုဒ္ဓဘာသာ နေအိမ်များလည်း တည်ရှိရာ တစ်စုံတစ်ရာ တိုက်ခိုက်ခဲ့ခြင်း မရှိဟု သိရသည်။

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ ယနေ့ ဖွင့်လှစ် လိုက်သော က ရင်ပြည်နယ် ဖားအံမြို့ပေါ်က ဆက်ဆံရေးရုံး ကိစ္စကို KNU ဗဟို အဆင့် ဆက်ဆံရေးရုံး မဟုတ်ကြောင်း ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါသည်။
http://www.scribd.com/doc/108024012/KNU-Statement-Regarding-Opening-Liaison-Office-at-Pa-An-Burmese
KNU တို့၏ ယနေ့ ဖွင့်လှစ်လိုက်သော ဖားအံမြို့  ဆက်ဆံရေးရုံးကို ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့်အတူ၊ ကေအဲန်ယူဘက် မှ ပဒို ဒေးဗစ်ထော၊ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် စောဂျော်နီ၊ တပ်မဟာ (၆) ခရိုင် ဥက္ကဌ ပဒို စောရွှေမောင်းနှင့် တပ်မဟာ (၄) မှ တပ်မှူးများ ပါဝင်ပြီး အင်အား (၃၀) ခန့် ရှိပါသည်။
အစိုးရဖက်မှ အမျိုးသား လုံခြုံရေး ဌာန ၀န်ကြီး ဦးအောင်မင်း၊ သဘာဝပတ် ၀န်းကျင်နှင့် သစ်တော ရေးရာ ၀န်ကြီး ဦးဝင်းထွန်း ၊ မြန်မာ အီးဂရက်စ်မှ ဦးတင်မောင်သန်း၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ် လွှတ်တော် ကော်မရှင် ဥက္ကဌ စောအောင်ကျော်မင်းတို့ တက်ရောက် ကြပါသည်။
ဤဖွင့်ပွဲကို KNU ဗဟိုက မသိရှိကြောင်း ကြေညာချက် ထုတ်ပြန် လိုက်သည့်အတွက် (KNLA) ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ လုပ်ရပ်သည် ဗဟိုက မသိရှိဘဲ (အမိန့် မနာခံဘဲ) လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲရာ ကျနေကြောင်း၊ ထို့အပြင် ဤသို့ လုပ်လိုက်ခြင်းသည် KNU ၏ အတွင်းရေး ပြသနာများကို လူသိရှင်ကြား ထုတ်ဖေါ်ပြသရာလည်း ရောက်သည်ဟု ဝေဖန်သူများက ဆိုပါသည်။
KNU နှင့် အစိုးရတို့သည်၊ ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူ၊ မြ၀တီနှင့် ဖားအံ မြို့တို့တွင် ဆက်ဆံရေးရုံး ထားရှိရန် ဧပြီ လ (၄) ရက်နေ့ အပစ်ရပ်စဲ စဉ်ကတည်းက သဘောတူ ထားခဲ့ပါသည်။ ဤသဘော တူညီချက် အတိုင်းသာ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက လိုက်လံ ဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်း KNLA တပ်မှူး တဦးက ဆိုပါသည်။
KNLA သည် အစိုးရနှင့် (၃) ကြိမ်မြောက် ဆွေးနွေး ခဲ့ပြီးသော်လည်း တပ်နေရာ ချထားရေးကို မဆွေးနွေး နိုင်ခဲ့သေးကြောင်း
ထောက်ပြ နေကြ ပါသည်။ ဤသို့ကြောင့် တပ်နေရာ ချထား နိုင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆက်ဆံရေးရုံးများ ထားရှိရေးကို အလျှင်အမြန် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2084----knu---.html
KNU_confernce_ffds22
စက်တင်ဘာ ဆွေးနွေးပွဲ အပြီး အမှတ်တရ
အပစ်အခတ် ရပ်စဲရေး သဘောထား များကြောင့် KNU အတွင်း အမြင်မတူညီမှုများ ရှိနေသည်ဟု လေ့လာ သူများက ဆိုပါ သည်။ အထူးသဖြင့် တပ်မဟာ (၅)၊ တပ်မဟာ(၂) နှင့်  ဗဟို စစ်ရုံးချုပ် ပါဝင်သော KNU ဗဟို အတွင်းရေးမှူး အုပ်စုနှင့် အမှတ် (၄၊၆၊၇) ခရိုင်နှင့် KNLA တပ်ဖွဲ့များ တို့အကြား အငြင်းပွားမှု ရှိနေခဲ့ခြင်းဖြစ်ပါသည်။
ဤပဋ္ဋိပက္ခကြောင့် ဖားအံ ဆက်ဆံရေးရုံး ကိစ္စ၌ ကြေညာချက် ထွက်လာရခြင်း ဖြစ်ဖွယ် ရှိပါသည်။ အပစ်အခတ် ရပ်စဲရေးကို ခိုင်မြဲစေလိုပါက စနစ်တကျ တပ်နေရာချထားကို ဆောင်ရွက်ရမည်ဖြစ်ဟု KNLA  ဖက်က ယူဆသလို၊ အစိုးရနှင့် ပတ်သက်သည့် မည်သည့် ကိစ္စ၌ မဆို၊ KNU ဗဟိုကသာ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ KNU ဗဟိုဖက်က ယူဆဟန်ရှိပါ သည်။ မည်သို့ပင် ဆိုစေ အစိုးရ၏ အပစ်အခတ် ရပ်စဲရေး ပေါ်လစီသည်၊ KNU အဖွဲ့၌ အမြင်ကွဲ စေခြင်းကို ဖြစ်ပေါ်စေခဲ့ သဖြင့် ဤပြသနာသည် KNU အား ကြီးမားစွာ ထိခိုက်စေခဲ့ပါသည်။ 


ယနေ့ စစ်တွေ၏ အခြေအနေမှာ တည်ငြိမ်နေသော်လည်း အင်ဘာလာ ကျေးရွာအနီး တ၀ိုက်တွင် လုံခြုံရေးကို အင်အားဖြည့် တိုးချဲ့ ချထားကြောင်း သတင်းရရှိသည်။

“ ရေခဲချောင်းရောင်းတဲ့ ကောင်လေး သေဆုံးတယ်ဆိုတာက ဖြစ်နိုင်ခြေ မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် လူတွေက အစိုးရ တာဝန်ရှိသူတွေ ပြောတာကို ယုံကြည်မူ မရှိ ဖြစ်နေတယ်။ တချို့ လူတွေက သတင်းမှား ထုတ်ပြီး ဆူပူမူတွေ ထပ်ဖြစ်အောင် ဖန်တီးနေတဲ့ အနေထားမှာ ရှိပါတယ်” ဟု စစ်တွေမှ အမည်မဖေါ်လိုသူ  နိုင်ငံရေး သမား တစ်ဦးက ပြောသည်။
ဆူပူမူများ ဖြစ်အောင် ဖန်တီးနေသူများမှာ မည်သူများ ဖြစ်နိုင်မလဲဟု မေးမြန်းရာ ခန့်မှန်း ရခက်ကြောင်း သူက ပြောဆိုသည်။
ယမန်နေ့က အခြေအနေမှာ ပေါက်ကွဲ လုနီးပါး ဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင်များက အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့၍ ပြဿနာ မပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ ဟိုဘက် ဒီဘက် နှစ်ဖက်စလုံးမှာ တုတ်တွေ၊ ဓါးတွေ ဓါတ်ဆီ ပုလင်းတွေ အပြည့်ပါဘဲ။ ပေါက်ကွဲမူ ဖြစ်လို့ကတော့ အရင်ထက် ပိုဆိုးသွားနိုင်ပါတယ်။ အခုက လူတွေက မကြာခင်က ဆူပူ ဖြစ်ထားတော့ အဆင်သင့် ပြင်ဆင်ထားကြတယ်။ လူတိုင်းလက်မှာ လက်နက် ကိုယ်စီ ရှိကြပါတယ်” ဟု သူက ဆက်ပြောသည်။
ယခုအခါ လုံခြုံရေးကို ပိုပြီး တင်းကျပ်ရန် အတွက် နောက်ထပ် အကူတပ်များ အင်ဘာလာ ရပ်ကွက်ဘက်သို့ ကား (၅) စီးခန့်နှင့် အတူ ၀င်ရောက် လာသည်ဟု သတင်း ရကြောင်း သူက ပြောသည်။
စစ်တွေ ဆတ်ရိုးကျချောင်း တဘက်ကမ်း ကျေးတောရွာမှ ဦးစောမောင်နှင့် ဒေါ်မချေတို့၏ သားဖြစ်သူ အောင်နိုင်ဦး (အသက် ၁၂ နှစ်)အား ရေခဲချောင်း ရောင်းနေစဉ် အင်ဘာလာ ရပ်ကွက်ထဲသို့ ခေါ်ယူပြီး မွတ်ဆလင် အုပ်စု တစ်ခုက သတ်ပစ်လိုက်ပြီ ဆိုသော သတင်း စစ်တွေမြို့သို့ ပျံ့နှံ့သွားခဲ့ပြီးနောက် လူပေါင်း ၃၀၀၀ ခန့်က အဆိုပါ ကျေးရွာအား ၀ိုင်းဝန်းထားခဲ့ကြသည်ဟု ဆိုသည်။
ညနေပိုင်းထိ လူများက အဆိုပါ ကျေးရွာအနီးတွင် စုရုံးနေခဲ့ကြပြီး ပုဒ်မ ၁၄၄ ကြောင့် ညနေ ခုနှစ် နာရီခန့်တွင်  လူစု ကွဲသွားခဲ့သည်ဟု ဆိုသည်။
လူစုခွဲရန်  ရေခဲချောင်းရောင်သည့် လူငယ် အောင်နိုင်ဦး အသတ်ခံ ပျောက်ဆုံးနေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရမှ ရှင်းလင်းပြောကြားခဲ့သော်လည်း မကျေနပ်သူ လူပေါင်း ၂၀၀ ခန့်က လူစုမကွဲမှီ  ဓါတ်မီးတိုင်များကို တုတ်ချောင်းများဖြင့် ခေါက်ကာ အစိုးရကို “ လက်ရှိ အစိုးရ- ကုလား အစိုးရ” ဟု ဟစ်အော်ကာ သရော်ခဲ့ကြသည်ဟု မျက်မြင် တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေ မြို့နယ် ပြည်နယ် လွှတ်တော် ဦးအောင်မြကျော်ကမူ အဆိုပါ လူငယ် အောင်နိုင်ဦးမှာ မိဖ လက်ထဲသို့ ပြန်ရောက်သွားပြီ ဖြစ်ကြောင်းနှင့် သေဆုံးသွားသည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ကောလောဟလသာဖြစ်ကြောင်း ယမန်နေ့က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို ပြောကြားခဲ့သည်။


On_security_manအမေရိကန် ပြည်ထောင်စုသည် ဒေါ်အောင်ဆန်းစုကြည်အား အထူးပင် ဂရုပြုပြီး လုံခြုံရေး ပေးနေပါသည်။ (၁၈)ရက်လုံးလုံး၊ သွားလာရေး၊ နေထိုင်ရေး၊ အမျိုးမျိုးကို ဆောင်ရွက်ပေးခဲ့ပါသည်။
ဆုများ ပေးအပ်ခြင်း၊ လူထု ရှင်းလင်းပွဲများ ပြုလုပ်ပေးခြင်း၊ မီဒီယာနှင့် ချိတ်ဆက်ပေးခြင်းများ လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်ခဲ့သည်။
သမ္မတ ဦးသိန်းစိန်ပင်လျှင် ဒီမိုကရေစီရေး ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်အား လေးစားကြောင်း နိုင်ငံတကာ မီဒီယာမှ ထုတ်ဖေါ်ပြောကြားရအောင် ဖြစ်သွားခဲ့ပါသည်။

“သေချာတာကတော့ ဘယ်နိုင်ငံခေါင်းဆောင်ကိုမှ ၁၈ ရက်လုံးလုံး နေ့ဆိုင်း ညဆိုင်းနဲ့ Secret Service ၊ ဒရိုင်ဘာ ၊ ကားမျိုးစုံနဲ့ အသေးစိတ် ဂရုတစိုက် ဂုဏ်မပြုဘူးသေးဘူး”
မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးကို ရအောင် နိုင်ငံတကာ ပံ့ပိုးမှု ရနေသော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုတရပ်လုံးကလည်း ထောက်ခံနေပါသည်။


ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်တွင် ရေခဲချောင်း ရောင်းသော ရခိုင်တိုင်းရင်းသား ကလေးငယ် တစ်ဦး ရိုက်နှက်ခံရမှု သတင်းမှာ မမှန်ကန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ ဦးဦးလှသိန်းက The Voice Weekly သို့ပြောကြားသည်။

အဆိုပါ ကလေးငယ်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ရှာဖွေတွေ့ရှိထားပြီဖြစ်ကာ ၄င်းကို စစ်ဆေး မေးမြန်းနေကြောင်း ၄င်းက
ဆိုသည်။

ယင်းကလေးငယ် ကို ထုတ်ဖော်ပြသပေးရန် အောင်မင်္ဂလာ ရပ်ကွက်တွင် ဒေသခံ လူပေါင်းထောင်ချီ တောင်း ဆိုနေကြကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရသည်။

The Voice Weekly


PDF Print
Friday, 28 September 2012 01:30
AddThis Social Bookmark Button
b5_president_un
နိုင်ငံတော်သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ် (Photo: AFP)

နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် စက်တင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ထိုသို့မိန့်ခွန်းပြောကြားမှုသည် အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ကြီးတွင် မိန့်ခွန်းပြောကြားသော ပထမဆုံး မြန်မာ့နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်လာခဲ့သည်။
အဆိုပါမိန့်ခွန်းတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က တတိယမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်နှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေး၊ ကချင်ပြည်နယ်အရေးနှင့် ရခိုင်ပြည်နယ်အရေးတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။
''မြန်မာနိုင်ငံသည် လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမှုဝါဒကို စဉ်ဆက်မပြတ် ကျင့်သုံးလာခဲ့ပါတယ်။ ဒီနေ့ နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံမူကြီးများထဲမှာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရေးကို တက်ကြွစွာ ဆောင်ရွက်သွားရန် ပြဌာန်းထားပါတယ်။ ဒီလိုထိန်းသိမ်းရာမှာ နိုင်ငံများအကြား ပေါ်ပေါက်လေ့ရှိတဲ့ သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ အားပေးအားမြှောက် ပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ယနေ့ရပ်တည်ချက် သဘောထားဟာ ယခုအထွေထွေ ညီလာခံကြီးအတွင်း အဆင့်မြင့်ပုဂ္ဂိုလ်များအဆင့် ဆွေးနွေးမှုများအတွက် အဆွေတော်မှ အဆိုပြုချမှတ်ခဲ့တဲ့ ဘာသာရပ်ခေါင်းစဉ်ဖြစ်တဲ့ နိုင်ငံတကာ အငြင်းပွားမှုများနှင့် အရေးအခင်းများကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ညှိနှိုင်းသွားရန် သို့မဟုတ် ဖြေရှင်းသွားရန်ဆိုတဲ့ ခေါင်းစဉ်ရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါတယ်။ သဘာပတိကြီးခင်ဗျား ယခုနှစ်ဇွန်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရည်ရှည်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ရီယို+၂၀ အစည်းအဝေးရလဒ်နဲ့ ပတ်သက်ပြီး သဘောထားနဲ့သုံးသပ်မှုတွေ အမျိုးမျိုး ပေါ်ထွက်ခဲ့ပါတယ်။ ယင်းအစည်းအဝေးကြီးမှာ ယခင် ကတိက၀တ်များကို ထပ်လောင်း အတည်ပြုနိုင်ခဲ့ခြင်း ရေရှည်တည်တံ့မယ့် ဖွံဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ဖော်ထုတ်၍ ထောင်စုနှစ် ရည်မှန်းချက်များနှင့် ဆက်စပ်နိုင်ခြင်း၊ ရေရှည်တည်တံ့မည့် စွမ်းအင်ဆိုင်ရာ ကတိက၀တ်များရရှိခဲ့ခြင်း၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ လုပ်ဆောင်ချက်များကို ညှိနှိုင်းဖော်ထုတ်နိုင်ခွင့် အစီအမံများ ချမှတ်နိုင်ခွင့် စတဲ့အရေးပါတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံများ အားလုံးအနေဖြင့် ယင်းဆုံးဖြတ်ချက် ကတိက၀တ်တွေကို လက်တွေ့ဆောင်ရွက်ချက်များအဖြစ် ပြောင်းလဲဆောင်ရွက်သွားရန် လိုအပ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ နောင်လာမယ့်သားစဉ်များ မြေးဆက်များအတွက် ဘေးကင်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုက လက်ဆင့်ကမ်းနိုင်မှာ ဖြစ်ပါတယ်''ဟု သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတက ''ယခုကျင်းပတဲ့ ညီလာခံကြီးမှာ ၂၀၁၅ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက်ရေး လျာထားချက်များ ပေါ်ထွန်းရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့ကိစ္စတွေကို အလေးထား ဆွေးနွေးဆောင်ရွက်ခြင်းဟာ အချိန်အခါနဲ့သင်မြတ်လျော်ကန်မှု ရှိကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာမှာ တိုးတက်အောင်မြင်မှု ရရှိနေပါတယ်။ ဒီအောင်မြင်မှုတွေကို လွယ်လွယ်ကူကူနဲ့ ရရှိတာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့အတွေ့အကြုံကို မျှဝေ ပြောကြားလိုပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်နေပြီး စိန်ခေါ်မှုအသစ်တွေလည်း ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ မြန်မာနိုင်ငံပြည်သူများဟာ အံ့အားသင့်ဖွယ် အပြောင်းအလဲများကို ဆောင်ကျဉ်းနိုင်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ယခုလို သမိုင်းဝင်အချိန်မှာ မိဘပြည်သူများအတွက် မြန်မာနိုင်ငံ သမ္မတအဖြစ်နဲ့ တာဝန်များထမ်းဆောင်ပေးနေရခြင်းကို များစွာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့်က စတင်တာဝန်ယူခဲ့တဲ့ အချိန်ကနေစပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသားအင်အားစုများ၊နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ အဓိကအားဖြင့် ပြည်သူများနှင့်အတူ တက်ညီလက်ညီ နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ကြပါတယ်။ ယခင်က အာဏာသုံးရပ်ကို တစ်ပေါင်းတည်း ကျင့်သုံးခဲ့တဲ့ အာဏာပိုင်အစိုးရ စနစ်ကနေ ဒီမိုကရေစီ နည်းလမ်းကျပြီး အပြန်အလှန်ထိန်းကြောင်းမှု စနစ်တွေပါတဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ စိန်ခေါ်မှုတွေ အများအပြားရှိနေပေမယ့် ဂုဏ်ယူဖွယ် အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ အပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ပြည်ပမှာ ရောက်နေတဲ့ မြန်မာနိုင်ငံရေး အင်အားစုများကို သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်ခွင့်ပေးခြင်း၊ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို အထူးသန့်သန့်ရှင်းရှင်း အောင်မြင်စွာကျင်းပပေးနိုင်ခြင်း စတုတ္ထမဏ္ဍိုင်လို့ ခေါ်ဆိုရမယ့် သတင်းမီဒီယာအတွက် ကန့်သတ်ထားတဲ့ စာပေစိစစ်ရေးကို ပယ်ဖျက်ပေးခြင်း၊ အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့်ပေးခြင်း၊ အလုပ်သမားနဲ့ အလုပ်ရှင်အသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင်ခွင့်နှင့် ပြည်သူများနိုင်ငံရေးတွင် လွတ်လပ်စွာ ပါဝင်ခွင့်ပေးခြင်းစတဲ့ ဆောင်ရွက်ချက်များကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိ ရောက်ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ဟာဆိုရင် မတူညီသော နိုင်ငံရေးအင်အားစုများ ပိုမိုပါဝင်လာမှု ယင်းတို့အကြား စိတ်ရှည်သည်းခံနိုင်စွမ်း သဘောထားကြီးနိုင်စွမ်း မြင့်မားလာဖို့ နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်နိုင်တဲ့ နယ်ပယ်ချဲ့ထွင်နိုင်မှု ပြည်သူလူထုအများစု ကိုယ်စားပြုနိုင်မှု တာဝန်ခံမှု ပိုမိုမြင့်မားလာမှုစတဲ့ ဒီမိုကရေစီရဲ့ အခြေခံလက္ခဏာများ ပိုမိုပေါ်ထွန်းလာနေပါတယ်။ ကျွန်တော်တို့ အစိုးရနဲ့ သက်ဆိုင်သူ အားလုံးအကြား နိုင်ငံရေးသည်းခံမှုရှိရှိနဲ့ မျက်နှာစုံညီ ဆွေးနွေးအဖြေရှာခြင်း ဆိုတဲ့ နိုင်ငံရေးနိုင်ငံရေး ယဉ်ကျေးမှု ဓလေ့သစ်ကို စတင်ပုံဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်''ဟုလည်း ထည့်သွင်း ပြောကြားခဲ့ပါသည်။
စက်တင်ဘာလ ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍လည်း ''ယခင်က နိုင်ငံရေး အဓိက အတိုက်အခံအင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ လွှတ်တော်စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေရိကန်ပြည်ထောင်စုမှ ဂုဏ်ပြုခံနေရတာတွေကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်ဝမ်းမြောက်ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးဂုဏ်သရေကို မြင့်တင်ခြင်းဖြစ်ပါတယ်။ ဒီလိုမြင့်တင်နိုင်မှုကြောင့် အခြေခံနိုင်ငံရေး တည်ငြိမ်မှုကို တည်ဆောက်ပြီး ပြည်သူများရဲ့လူနေမှုဘ၀ မြင့်တင်ရေးအတွက် အထူးလိုအပ်တဲ့ စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အာမခံဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်''ဟု မိန့်ခွန်းတွင် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတွင်းဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေးနှင့် ကချင်ပြည်နယ်အရေးတို့နှင့် ပတ်သက်၍ ''စစ်မှန်တဲ့ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင်ပဋိပက္ခများအားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတစ်ရပ် ရရှိနိုင်ဖို့ကိုလည်း ကျွန်တော်တို့ အလေးထား ဆောင်ရွက်နေပါတယ်။ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာကို အဆုံးသတ်နိုင်ဖို့၊ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့ ၊ From War to Peace ဆိုတဲ့ ကျွန်တော်တို့ရဲ့ဆောင်ပုဒ်နဲ့အညီ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ယခုအခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီးဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန် ယုံကြည်မှုတွေကို ကြိုးပမ်းတည်ဆောက်တဲ့ နှစ်ဖက်ဆွေးနွေးပွဲတွေကို ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် ငြိမ်းချမ်းဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်သွားပြီး တိုက်ခိုက်မှုတွေ လုံးဝအဆုံးသတ်စေမယ့် အပြီးသတ် သဘောတူညီမှုရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုစားနိုင်ဖို့အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ခေါင်းဆောင်များနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တို့အကြား အလွတ်သဘော ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ ယုံကြည်မှုများ၊ တည်ဆောက်မှုများ ဆောင်ရွက်နေပါတယ်။ လက်နက်ကိုင်ပဋိ့က္ခကြောင့် မည်သည့်ဘက်ကဖြစ်စေ အသက်နဲ့အိုးအိမ် ပျက်စီးဆုံးရှုံးမှုရှိရင် မြန်မာနိုင်ငံအတွက် ဆုံးရှုံးခြင်းပဲဖြစ်တယ်လို့ ခံယူထားပါတယ်။ သဘာပတိကြီးခင်ဗျား အထက်ပါပြောကြားခဲ့တဲ့အတိုင်း ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုတွေကို မမှိတ်မသုန် လုပ်ဆောင်နေချိန်မှာပဲ မျှော်လင့်မထားခဲ့တဲ့ အခက်အခဲအချို့လည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနဲ့စပ်လျဉ်းလို့ ပထမဦးဆုံး ပြောလိုတဲ့အချက်ကတော့ 


ထွန်းထွန်း
ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ပိုင်း လူနည်းစုများ ဖြစ်ကြသည့် ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက် စသည့် လူမျိုးများကို ပြည်သူ့ စစ်သင်တန်း  စတင်ပေးနေပြီ ဖြစ်ကြောင်း  သတင်း ရရှိသည်။
photo credit to Demotix
မိမိတို့၏ ကျေးရွာများကို မိမိတို့မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာမှ ဒေသခံ တိုင်းရင်းသားများကို  ပြည်သူ့စစ်သင်တန်းပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြည်သူ့စစ် သင်တန်းကို  မောင်တောမြို့နယ် မြောက်ပိုင်း နစက နယ်မြေ(၄) ကြိမ်ချောင်းတွင် ပြုလုပ်နေခြင်း ဖြစ်ပြီး ရွာပေါင်း ၃၀ က လူပေါင်း ၃၀၀ ခန့် ပါဝင်သည်ဟု ပြောသည်။
ကြိမ်ချောင်းအနီး တည်ရှိသော နံ့သာတောင် ဆရာတော်က ပြည်သူ့စစ် သင်တန်းနှင့် ပတ်သက်ပြီး သူသိသလောက်ကို ယခုလို နိရဉ္စရာသို့ မိန့်ကြားသည်။
“သင်တန်းက စက်တင်ဘာ ၈ရက်နေ့က စပါတယ်။ တရွာက ၁၀ယောက်ကျော် သွားပြီး ပြည်သူ့စစ် တက်နေ ကြပါတယ်။ နယ်မြေ(၄) နစက စခန်းမှာ သင်တန်းတက်နေတာ ဖြစ်ပါတယ်။  စုစုပေါင်းလူ ၃၀၀ရာကျော်ရှိမယ် ထင်ပါတယ်။ သင်တန်းကာ လတော့ အတိအကျ မသိသေးဘူး” ဟု ဆရာတော်က မိန့်ကြားသည်။
ပြည်သူ့ စစ်သင်တန်းကို နစက နှင့် စစ်တပ်မှ အရာရှိများက ပေးနေခြင်း ဖြစ်ပြီး သင်တန်းအခြေအနေ ကို ကျေးရွာသား တစ်ဦးက ယခုလို ဆက်ပြောပြသည်။
“မနက် ၉နာရီမှာ သင်တန်းစပါတယ်။ ထမင်းစားချိန် ၁နာရီ အနားယူရတယ်။ ပြီးရင်သင်တန်း ပြန်စပြီးတော့ ည နေ ၄နာရီမှ ပြီး ပါတယ်။ သင်တန်းပြီးရင် ကိုယ့်ရွာကို ပြန်ကြရတယ်။ ရွာလုံခြုံရေး ဆက်ယူကြရပါတယ်” ဟု သင်တန်းသွားတက်သူ ရွာသားတစ်ဦးက ပြောပြသည်။
သင်တန်း ပြုလုပ်နေသော နစကစခန်းနှင့် နံ့သာတောင်ရွာမှာ ၃မိုင်ခွဲခန့်သာ ဝေးသောကြောင့်  နံသာတောင်ကျေးရွာ သားများ အနေဖြင့်  ခြေလျှင် လျှောက်ပြီး သင်တန်းသွားတက်ကာ သင်တန်း အပြီး ညနေဘက်မှ အိမ်ပြန်ကြရပြီး အိမ်သို့ ညနေ ၆နာရီတွင် ပြန်ရောက်ကြသည်ဟု သူက ဆိုသည်။
ပြည်သူ့ စစ်သတင်တန်း ပြီးလျှင် အစိုးရမှ ရွာတစ်ရွာလျှင် ပျမ်းမျှ လက်နက် ၁၀ လက်စီ တပ်ဆင် ပေးမည်ဟု အထက်အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး ရွာသားများက  ဆိုသည်။
မောင်တော တောင်ပိုင်းရှိ ကျေးရွာများမှာလည်း ပြည်သူ့စစ်သတင်တန်း ပေးနေပြီဖြစ်ကြောင်း မောရ၀တီကျေး ရွာသား တဦးက နိရဉ္စရာသို့ ယခုလိုပြောသည်။
“ကျွန်တော်တို့ ရွာမှာတော့ ဒီလ ၁၇ရက်နေ့က စစ်ရေး သင်တန်း စပြပါတယ်။ တရွာက ၁၀ဦးစီတက်ရတယ်။ မနက် ၇နာရီကနေ ၁၁ နာရီ၊ ၁နာရီခွဲကနေ ည ၄နာ၇ီအထိ တက်ကြရပါတယ်။ သင်တန်းဆရာက ခလရ (၃၅၂)တပ်ရင်းက သင် တန်းမှူးတွေနဲ့ ရဲဘက်က သင်တန်းမှူးတွေ ပြနေပါတယ်။ သင်တန်းကာလတော့ တလ ဖြစ်ပါတယ်” ဟု ပြည် သူ့  စစ်သင်တန်း တက်နေသူ မောရ၀တီကျေး ရွာသား တဦးကပြောသည်။
မောင်တော တောင်ပိုင်းရှိ တခြားလူနည်းစု ကျေးရွာများတွင်လည်း ပြည်သူ့စစ်သင်တန်း ပို့ချပေးနေသည်ဟု သူက ဆိုသည်။

 

PDF Print
Wednesday, 26 September 2012 09:00
AddThis Social Bookmark Button
စက်တင်ဘာလ ၂၂ ရက်နေ့က နယူးယောက်မြို့ရှိ Queens College တွင် ပြုလုပ်သော မြန်မာမိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
အမေရိကန်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက် ရိုဟင်ဂျာဟု အမည်ခံထားသူများက နိုင်ငံရေးအရ ဖိအားပေးဆန္ဒပြ ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
အမေရိကန်ရောက် မြန်မာမိသားစုများနှင့် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ Queens College တွင် စက်တင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ College ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက် ရိုဟင်ဂျာဟု အမည်ခံထားသူများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဆန္ဒပြသူများမှာ လူဦးရေအားဖြင့် ၂၀ ကျော်သာရှိပြီး ဦးဆောင်သူမှာ ရခိုင်ပြည်နယ်မောင်တောမှ မလေးရှားရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ရောက်ရှိကာ ထိုမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာသည့် ဘင်္ဂါလီတစ်ဦးဖြစ်ကြောင်းနှင့် ဆန္ဒပြသူများထဲတွင် မြန်မာစကားပြောတတ်သူ အနည်းငယ်သာပါပြီး ကျန်သူများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်ကြောင်း နယူးယောက်မြို့ရှိ မြန်မာလူမျိုးများက ပြောကြားခဲ့သည်။
ဆန္ဒပြရသည့်ရည်ရွယ်ချက်မှာ ၎င်းတို့နှင့်ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘာမှမပြောဘဲနေ၍ဖြစ်ကြောင်း  နယူးယောက်မြို့ရှိ မြန်မာလူမျိုးများ က ပြောကြားခဲ့သည်။
ဆန္ဒပြမှုအပေါ် အမေရိကန်လူမျိုးများ၏ အမြင်သဘောထားနှင့် ပတ်သက်၍ ''အမေရိကန် လူမျိုးတွေရဲ့ မုန်းတီးမှုကို ခံလိုက်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ လစ်ဗျားမှာ သံအမတ်စတီဗင်နဲ့ သုံးဦးသေသွားတာ ပူပူနွေးနွေးပဲ ရှိတာကတစ်ကြောင်း၊ ဒေါ်စုကို ချစ်ခင်စိတ်ကြောင့်လည်းကောင်း သူတို့ကို မုန်းတီးသွားပြီး သူတို့လုပ်ဆောင်ချက်တွေကို မယုံကြည်ရုံမက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတချို့ဆိုရင် ပြင်းပြင်းထန်ထန် ရှုတ်ချသွားပါတယ်။ မြန်မာ တွေ သူတို့အပေါ် မုန်းတီးမှုကတော့ ပြောဖွယ်မရှိပါဘူး။ ဥပဒေကို လေးစားလို့ ငြိမ်နေကြပါတယ်။ အံကြိတ်ပြီး တက်တခေါက်ခေါက် ရှိကြပါတယ်။ မခံနိုင်သူတချို့က တုံ့ပြန်မယ်အလုပ် ဘေးက ၀ိုင်းထိန်းခဲ့ကြပါတယ်''ဟု နယူးယောက်မြို့တွင် နေထိုင်သူ မြန်မာလူမျိုးတစ်ဦးက ပြောကြားခဲ့သည်။

ဒေါ်စုကို အခုလိုလုပ်ဆောင်လိုက်ခြင်းဟာ သူတို့အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်လို့ ဘယ်လောက်ပဲ အော်အော်ဟစ်ဟစ် မယုံကြတော့ပါဘူး။ ဘာလို့လည်းဆိုတော့ ဒေါ်စုက လူ့အခွင့်အရေး ချိုးဖောက်မယ့်သူလား စဉ်းစားတတ်ပါတယ် . . .
ထို့ပြင် ''သူတို့ လွတ်လပ်စွာ ဆန္ဒပြတာကို အပြစ်မမြင်ပါဘူး။ ဒီမိုကရေစီနိုင်ငံကြီးမှာ လွတ်လပ်စွာ ဆန္ဒပြလို့ ရပါတယ်။ ဒါပေမယ့် ဆန္ဒပြတဲ့ပုံစံ မှားနေပါတယ်။ ဘာလို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးခေါင်းဆောင်သာမက ကမ္ဘာ့တစ်ဝန်းလုံးရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံပြသူရဲကောင်းအဖြစ် အမေရိကန်ခေါင်းဆောင်များ အပါအ၀င် တစ်နိုင်ငံလုံးက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနေချိန်မှာ သူ့ကို လူ့အခွင့် အရေးချိုးဖောက်တဲ့ကိစ္စတွေနဲ့ ပါဝင်ဆက်နွှယ်နေသလိုလို အသွင်သဏ္ဌာန် ရောက်သွားအောင် လုပ်ဆောင်ခြင်းမျိုးကို ဘယ်လိုလူမျိုးမှ အယုံကြည်ရှိ လက်ခံမှာ မဟုတ်ပါဘူး။ ငြိမ်နေအကောင်းထလိုက်မှ အကျိုးဖြစ်သွားတဲ့ကိန်းပါ။ ဒေါ်စုကို အခုလိုလုပ်ဆောင်လိုက်ခြင်းဟာ သူတို့အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်လို့ ဘယ်လောက်ပဲ အော်အော်ဟစ်ဟစ် မယုံကြတော့ပါဘူး။ ဘာလို့လည်းဆိုတော့ ဒေါ်စုက လူ့အခွင့်အရေး ချိုးဖောက်မယ့်သူလား စဉ်းစားတတ်ပါတယ်။ နောက်တစ်ခါ စကားပြော မိန့်ခွန်းမှာလည်း လူ့အခွင့်အရေး ချိုးဖောက်ရင်ပြော သူကြိုးစားမယ်မဟုတ်ရင် ဘယ်ဘက်မှ ဘက်မလိုက်နိုင်ဘူး။ အဲဒီလို ဘက် မလိုက်လို့ မကျေနပ်ရင် မကျေနပ်ပါလို့ ပြောခဲ့တယ်လေ။ နိုင်ငံရေး လုပ် ဆောင်ချက်တစ်ခုက မလုပ်တတ်ဘူး၊ သဘောထားမမှန်ဘူးဆိုရင် ဆန့်ကျင်ဘက်အမြင်တွေ ဖြစ်သွားတတ်တယ်။ ဆုံးရှုံးတတ်တယ်ဆိုတာ မီးမောင်းထိုးပြနေသလိုပါပဲ။ အမေရိကန်က သူတို့လူတွေ လစ်ဗျားမှာ ပူပူနွေးနွေး သေဆုံးသွားတယ်ဆိုတာ ကို ထည့်မတွက်တာကိုက တော်တော် အမျှော်အမြင်နည်းတဲ့ အတွေးခေါ်နဲ့ လုပ်တယ်ဆိုတာ ထင်ရှားပါတယ်''ဟု အမေရိကန်ပြည်ထောင်စု ဘတ်ဖဲလိုးမြို့တွင် နေထိုင်သူ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမောင်မောင်ဝမ်းက ပြောကြားခဲ့သည်။
''အခုကျွန်မတို့ နိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်နေပါတယ်။ ကျွန်မတို့အားလုံး ၀ိုင်းစဉ်းစားရမှာက ဒီပဋိပက္ခတွေ ငြိမ်းအေးသွားအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားရမှာပါ။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ဆိုရင် ဒီပြဿနာရဲ့ ဇစ်မြစ်ဟာ ဘာလည်းဆိုတာကို စဉ်းစားရမယ်။ လေ့လာရမယ်။ ပြဿနာရဲ့ ဇစ်မြစ်ကိုတွေ့ရှိမှ ဒီပြဿနာကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ခေါင်းအေးအေးနဲ့ ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။  ပြဿနာဖြစ်နေတဲ့ နေရာတွေမှာ ပဋိ ပက္ခတွေ ဖြစ်နေတဲ့နေရာတွေမှာ တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုးတာ ဟိုဘယ်လက်ညှိုးထိုးတာ ဒီဘက်လက်ညှိုးထိုးတာ အဲဒါတွေလုပ်မယ့်အစား တကယ့်ပြဿနာက ဘာလဲ။ တစ်ချိန်ကတစ်ဘက်က လွန်မယ်။ တစ်ချိန်မှာ နောက်တစ် ဖက်ကလွန်မယ်။ တစ်ဖက်တည်းက အမြဲတမ်းလွန်မယ်ဆိုတာ ရှိခဲပါတယ်။  အဲဒါကြောင့် သေသေချာချာ ပြဿနာကို ကြည့်ပြီးတော့ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အဖြေကို ရှာရမှာပါ။ အခုဆိုရင် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ တချို့က ကျွန်မကို မကျေနပ်ကြဘူး။ မကျေနပ်တာက တစ်ဖက်ကို ဘာဖြစ်လို့ မပြောသလဲပေါ့နော်။  ကိုယ့်မကြိုက်တဲ့ဘက်နဲ့ ပတ်သက်လို့ ကျွန်မက ဘာဖြစ်လို့ အဲဒီဘက်မှာ အပြစ်ရှိတယ်။

11:36 PM
Posted by nankeythioo

နယူးယောက်ရှိ Queen College တွင် မြန်မာမိသားစုများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေစဉ် ပြည်ပရောက် ရိုဟင်ဂျာအမည်ခံများက ကန့်ကွက် ဆန္ဒပြနေကြစဉ် Photo:CJ
ဘာဖြစ်လို့ ဒါကို ပြင်းပြင်းထန်ထန် တင်းတင်းမာမာ မပြောလည်းဆိုပြီး မကျေနပ်တာတွေ ရှိကြပါတယ်။ ကျွန်မကတော့ ဒီလို ပြင်းပြင်းထန်ထန် တစ်ဖက်ကိုပြောလို့ ဘာဖြစ်လာမလဲ စဉ်းစားကြည့်ပါ။ နှစ်ဖက်စလုံးမှာ ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ်ဆိုတာ ထားလိုက်ဦး။ တစ်ဖက်ကို ပြင်းပြင်းထန်ထန် ပြောလိုက်ရင် ဟိုတစ်ဖက်က ကျေနပ်မှာ မဟုတ်ဘူး။ မကျေနပ်မှာက ကျွန်မကိုမကျေနပ်မှာ မဟုတ်ဘူး။ ဟိုဘက်ကို မကျေနပ်မှာ။ အဲဒီတော့ အချင်းချင်း ပဋိပက္ခတွေက ပိုပြီးတော့ ကြီးသွားမယ်။ အဲဒီတော့ ကျွန်မကို ကျွန်မက ပြင်းပြင်းထန်ထန် မပြောရင် မကျေနပ်ရင် မကျေနပ်ပါစေရတယ်။ ဒါပေမယ့် ပဋိပက္ခတွေပိုပြီးတော့ ကြီးထွားသွားမယ့် ကိစ္စမျိုးတွေကိုတော့  ကျွန်မ မလုပ်နိုင်ပါဘူး။ အခြေခံအားဖြင့် ကျွန်မကနေ ပြင်းပြင်းထန်ထန် ပြောရမယ်ဆိုရင် ဘာပြင်းပြင်းထန်ထန် ပြောရမလဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုရင်တော့ ကျွန်မပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ပြောပါရစေ။ ဘယ်လူ့အခွင့်အရေးပဲဖြစ်ဖြစ် ဘယ်သူရဲ့ အခွင့်အရေးပဲဖြစ်ဖြစ်၊ ဘယ်သူရဲ့ အခြေခံလူ့အခွင့်အရေးပဲဖြစ်ဖြစ် အဲဒီလို ချိုးဖောက်မှုတွေကိုတော့ ကျွန်မ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ နောက်ပြီးတော့လည်း ဥပဒေအရ တရားဥပဒေအရ မှန်မှန်ကန်ကန် မျှမျှတတ မလုပ်ချင်းဆိုရင်လည်း ကျွန်မပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေသွားနိုင်ဖို့ ခြေလှမ်းတွေကို မလှမ်းနိုင်အောင်လို့ အခက်အခဲဖြစ်အောင်လို့ လုပ်တဲ့ကိစ္စတွေကိုဆိုရင်လည်း ကျွန်မ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒါပေမယ့် ကျွန် မအလုပ်ကိုသာ ကန့်ကွက်တာပါ။ မလုပ်သင့်တဲ့ အလုပ်တွေ လုပ်ချင်းကိုသာ ကန့်ကွက်တာပါ။ ဘယ်ပုဂ္ဂိုလ်မှ ဘယ်လူမျိုးစုကိုမှ ကျွန်မ မကန့်ကွက်ပါဘူး။ လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုယ့်ကိုယ် ပြုပြင်နိုင်တဲ့အခြေအနေမှာ ရှိတယ်။ ခံရတဲ့အချိန် ရှိသလို ကိုယ်ကလည်း သူများကိုခံအောင်လုပ်တဲ့အချိန်ဆိုတာလည်း ရှိတတ်ပါတယ်။ အဲဒါကြောင့် တကယ့်ကာယကံရှင်တွေကနေ အဆင်ပြေချင်တယ်ဆိုရင် စဉ်းစားကြပါ။
တကယ် အဆင်ပြေချင်သလားဆိုတာ တကယ်စဉ်းစားရင် တချို့က အဆင်မပြေစေချင်ဘူးဆိုတဲ့ အဖြေထွက်လာနိုင်ပါတယ်။ အဲလိုဆိုရင် ဘာဖြစ်လို့ အဆင်မပြေစေချင်တာလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်ပြန်သုံးသပ်ဖို့ လိုပါတယ်။ အဆင်မပြေခြင်းဟာ ရေရှည်မှာ ဘယ်သူ့ကိုမှ အကျိုးပြုမှာ မဟုတ်ပါဘူး။ ရေတိုမှာကြတော့ အကြောက်တရားအရ ဆော်လိုက်မယ်။ တိုက်လိုက်မယ်။ ခိုက်လိုက်မယ်။ ဒီလိုပြောလိုက်မယ်။ ဆိုလိုက်မယ်။ လက်ကလည်းပါမယ်။ နှုတ်ကလည်း  ပါမယ်ပေါ့။ ကာယကံ၊ ၀စိကံ၊ မနောကံတတ်နိုင်သမျှအားလုံးနဲ့ ဆော်တော့မယ်ဆိုတဲ့စိတ်တွေဟာ ရေတိုမှာတော့ ကိုယ့်အတွက် ကျေနပ်မှုရချင်ရမယ်။  ဒါပေမယ့် မကောင်းတဲ့ ကျေနပ်မှုမျိုးပေါ့။ ကိုယ့်ဒေါသအရ ကျေနပ်မှု ရ ချင်ရမယ်။ ရေရှည်မှာတော့ ကျွန်မတို့ကိုယ့်အတွက်လည်း မကောင်းဘူး။  ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။ ကျွန်မတို့ နိုင်ငံအတွက်လည်း မကောင်းပါဘူး။ အဲဒါကြောင့် နိုင်ငံခြားမှာ ရောက်နေတဲ့ ကျွန်မတို့ ပြည်သူပြည်သားများဟာ ကိုယ့်နိုင်ငံ ကို ပြန်ကြည့်လိုက်ရင် ဘယ်လိုပိုပြီးတော့ အဆင်ပြေအောင် ဘယ်လိုပိုပြီးတော့ ရင်ကြားစေ့မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်မလဲဆိုတာကို အဲဒီကစဉ်းစားကြပါ။ ဘယ်လို တို့မီး ရှို့မီးတွေ လုပ်မလဲဆိုတာကို မစဉ်းစား  ကြပါနဲ့လို့ ကျွန်မမေတ္တာရပ်ခံပါတယ်''ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နယူးယောက်ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

အချိန်တိုလေးအတွက်ပဲ စဉ်းစားလို့ မဖြစ်ဘူး။ နောင်လာမယ့် မျိုးဆက်တွေအတွက် ကျွန်မတို့ စဉ်းစားရမယ်။ အဲဒီတော့ အဲဒါတွေကို နှလုံးသွင်းပြီးတော့ ကျွန်မတို့အနေနဲ့ သဘောထားကြီးရမယ်။ မြင့်မြင့် ကြံရမယ်။ အတွေးအခေါ်က မြင့်မြတ်ရမယ်။ အဆင့်ရှိရမယ်။ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအာဃာတတွေ၊ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး မခံချင်စိတ်တွေကို ရှေ့တန်းတင်လို့ မဖြစ်ဘူး  .  .
''ကျွန်မတို့ ဖြတ်သန်းရမယ့် ခရီးဟာ အင်မတန်မှရှည်ပါတယ်။  နိုင်ငံတစ်နိုင်ငံရဲ့ သက်တမ်းဟာ ဘယ်လောက်ရှည်နိုင်မလဲဆိုတာ စဉ်းစားကြပါ။ ဘယ်လောက်ရှည်နိုင်မလဲဆိုတာ ကမ္ဘာတည်သရွေ့ပေါ့။ အဲဒီတော့ ဒီနိုင်ငံတစ်နိုင်ငံရဲ့ သက်တမ်း အတွက် ကျွန်မတို့ဟာ စဉ်းစားရမယ်။ အခုလောလောဆယ် ဒီကမ္ဘာမြေပေါ်မှာရှိနေတဲ့ အချိန်တိုလေးအတွက်ပဲ  စဉ်းစားလို့ မဖြစ်ဘူး။ နောင်လာမယ့်မျိုးဆက်တွေအတွက် ကျွန်မတို့ စဉ်းစားရမယ်။ အဲဒီတော့ အဲဒါတွေကို နှလုံးသွင်းပြီးတော့ ကျွန်မတို့အနေနဲ့ သဘောထားကြီးရမယ်။ မြင့်မြင့်ကြံရမယ်။ အတွေးအခေါ်က မြင့်မြတ်ရမယ်။ အဆင့်ရှိရမယ်။ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအာဃာတတွေ၊ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး မခံချင်စိတ်တွေကို ရှေ့တန်းတင်လို့ မဖြစ်ဘူး။ အဲဒီတော့ မုန်းတဲ့စိတ်တွေ၊ မခံချင်တဲ့စိတ်တွေ၊ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေက တော့ရှိမှာပဲ။ ဒီလိုရှိတာကို ထိန်းရမယ်။ အပြစ်ရှိတယ်ဆိုတာဟာ အပြစ်မဟုတ်ဘူး။ ဒီအပြစ်ကို လွှတ်ထားတာကသာ အပြစ်ပဲ အဲဒီတော့  ကိုယ့်ရဲ့အပြစ်ရှိရင် ကိုယ့်ကိုယ်ကိုယ်ပြန် ပြင်နိုင်ဖို့ ကြိုးစားရမယ်။ ထိန်းရမယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်အပြစ်ကို ပြန်ပြီးတော့ ပြင်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ပါသည်။
လက်ရှိတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် အမေရိကခရီးစဉ်အရ အမေရိကန်ပြည်ထောင်စုတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာရန် စီစဉ်ထားသည်။
ဇွန်လ ၈ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် ဖြစ်စဉ်များကြောင့် စစ်တွေ၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အပါအ၀င် မြို့နယ်ပေါင်း ခုနစ်မြို့နယ်ရှိ ဒေသခံရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီနှစ်ဖက် လူ့အဖွဲ့အစည်းမှ အိမ်ခြေပေါင်း ၅၃၃၈ လုံးနှင့် အခြားအဆောက်အအုံ ၁၃၄ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ သေဆုံးမှုစုစုပေါင်း ၈၉ ဦး၊ အိမ်ထောင်စုပေါင်း ၁၂၂၄၂ စုနှင့် လူဦးရေပေါင်း ၇၅၀၀၀ ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရသည်။
တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှမဖြစ်နိုင်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterre ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်၌ တွေ့ဆုံချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
သမိုင်းကြောင်းအရ ဘင်္ဂါလီများ ၀င်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက်(Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်ပါက (၁၉၄၈) ခုနှစ်မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊  နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ထို ကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများကို တာဝန်ယူမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ပြောခဲ့သည်။
သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ရာတွင် ''ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ပြည်ပသတင်းဌာနများနှင့် ပြင်ပအဖွဲ့အစည်းအချို့၏ မဟုတ်မမှန် ချဲ့ထွင်၍ လုပ် ကြံထုတ်လွှင့်နေသည့် သတင်းအမှားများကို အခြေခံပြီး ပြည်ပမှ လူပုဂ္ဂိုလ်တစ်ဦးချင်းက လည်းကောင်း၊ အဖွဲ့အစည်းအချို့ကသော်လည်းကောင်း သတင်းထုတ်ပြန်မှုများ ပြုလုပ်နေလျက်ရှိကြောင်း၊ ယင်းအကြမ်းဖက်မှုများမှာ မတူကွဲပြားသော ဘာသာနှစ်ခုအကြား ဖြစ်ပွားသော ပဋိပက္ခမဟုတ်သလို၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာလည်း မဟုတ်ကြောင်း၊ ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ နောက်ဆက်တွဲဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသာ ဖြစ်ကြောင်း၊ ယင်း အကြမ်းဖက်မှုများတွင် ရခိုင်တိုင်းရင်းသား ၃၁ ဦး၊ ဘင်္ဂါလီလူမျိုး ၅၇ ဦးစုစုပေါင်း ၈၈ ဦးအသက်ဆုံးရှုံးခဲ့ပြီး နှစ်ဖက်စလုံးမှ ဘာသာရေးအဆောက်အအုံများနှင့် လူနေအိမ်ခြေများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း'' ဖော်ပြခဲ့သည်။
ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် စက်တင်ဘာလ ၂၂ နှင့် ၂၃ ရက်နေ့များက ကျင်းပခဲ့သည်။


Burma-army-weapons
ဲမြန်မာအစိုးရတပ်မှ ကေအိုင်အေ သိမ်းယူခဲ့သော လက်နက်များ။ ဓါတ်ပုံ-ကေအိုင်အေ
ကချင်ပြည်နယ် မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၄ မိုင်အကွာရှိ ဖာဂီ (Hpagyi) နှင့် နမ့်ဝိုင်း (Namwai) ကြားတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA မှ အစိုးရတပ်များအား ပြောက်ကျားစနစ်ဖြင့် ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေဆုံးသွားခဲ့ကြောင်း KIA ရှေ့တန်းမှသိရသည်။
KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၄)မှ နံနက် ၈ နာရီခန့်တွင် မြန်မာအစိုးရတပ် အင်အား ၄၀ကျော်ရှိသည့်  ခြေလျင်တပ်ရင်း ခလရ (၁၄၂) များလှုပ်ရှားနေစဉ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်သားများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ အရာရှိတဦး ကချင်သတင်းဌာနသို့ပြောသည်။
“အဲဒီနေရာရောက်တော့ ကျနော်တို့ဘက်မှ တစ်ခါတည်း မိုင်းနဲ့ ပစ်လိုက်တာ ချက်ချင်း ၃ ယောက်လဲသွားတယ်။ ဒဏ်ရာရတဲ့သူလည်းပါမယ်။ ဘယ်နှစ်ယောက်ဆိုတာတော့ အတိကျမသိလိုက်ဘူး” ဟုဆိုသည်။
အဆိုပါ KIA တပ်နှင့် ဘွမ်ဆောန်ဘွမ်အနီး လွယ်မောက်ရွာ (Loi Mawk mare) တွင်လည်း အင်အား ၉၀ ကျော်ရှိ ခြေလျင်တပ်ရင်း ခလရ (၁၄၂) မှ တပ်သား ၇ ယောက်ကို ယမန်နေ့ ညနေတွင် ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၂ ဦး သေဆုံးခဲ့ကြောင်း ရှေ့တန်းမှဆိုသည်။
ထိုတပ်သား ၇ ဦးသည် မုန်လိုင်ခ (Mung Lai Hka) ရှိ ၎င်းတို့တပ်သို့ ပြန်လာချိန်တွင် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ တပ်မဟာ (၅) တပ်ရင်း (၂၄) မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၄င်းအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ မှ ဝိုင်းထားသည့်နေရာတွင် ရှိနေသောကြောင့် အနည်းငယ်မျှလှုပ်ရှား၍ မရသောအခြေအနေဖြစ်နေကြောင်းသိရသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အဆိုပါအစိုးရတပ်မှ လက်နက်ကြီး (၁၂၀ မမ) ဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမြှောက်ဆံ တစ်လုံးသည် ဒိန်ခန်ရွာ (Dinghkang mare) ရှိ အိမ်တအိမ်တွင် ကျရောက်ပေါက်ကွဲ  ပျက်စီးသွားပြီး တစ်လုံးသည် အလယ်တန်းကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲကြောင်းသိရသည်။
ထိုကျေးရွာရှိ ရွာသားများသည် ၄င်းတို့ပတ်ဝန်းကျင်အနီး အစိုးရနှင့်တိုက်ပွဲများဖြစ်ပွားချိန်တွင် လိုင်ဇာစစ်ပြေးဒုက္ခသည် စခန်းများသို့ ၀င်ရောက်နေထိုင်ပြီး တိုက်ပွဲ မရှိသည့်အချိန်တွင် မိမိနေအိမ်များကိုကြည့်ရှုနေကြောင်းလည်းသိရသည်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ သေဆုံးထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းရှေးတန်းမှ အရာရှိပြောသည်။
ယနေ့ ညနေ ၃ နာရီ ခွဲခန့်တွင် အစိုးရတပ်မှ ရဟတ်ယာဉ်တစ်စီးဖြင့် ခလရ (၁၂၄)တပ်စခန်းရှိရာ ခန်းကိုင်ဘွမ်   (Hkang Kai Bum) သို့ရောက်ရှိလာကြောင်း အရာရှိတဦး ကချင်သတင်းဌာနသို့ ပြောသည်။
 “ခုတလော အစိုးရတပ်က သေဆုံး ဒဏ်ရာရတာ အရမ်းများသွားပြီ ဒါတွေကိုလာသယ်တယ်ထင်တယ်။ ၁၀ မိနစ်လောက်နားပြီး ဗန်းမော်ဘက်ကို ပျံသွားတယ်”
မြန်မာအစိုးရတပ် ခြေလျင်တပ်ရင်း ခလရ (၁၂၄) တပ်စခန်းရှိ ခန်းကိုင်ဘွမ် (Hkang Kai Bum) သည် ယခင်က ဒေါ့ဖုန်းယန် ခရစ်ယာန် ရိုမန် ကက်သလစ်ဘာသာဝင်များ၏ ဆုတောင်းတောင်ဖြစ်ကြောင်းသိရသည်။
အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ကြား KIO ဌာနချုပ်နယ်မြေဖြစ်သော လိုင်ဇာဒေသ တပ်မဟာ (၅)ဒေသတွင် ယခုရက်ပိုင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး အစိုးရဖက်မှ ကျဆုံး ဒဏ်ရာရသူ များနေကြောင်း KIO ရှေ့တန်းမှစုံစမ်းသိရခြင်းဖြစ်သည်။
သို့သော် ခံစစ်ဖြစ်သော KIO ဖက်မှ ကျဆုံးထိခိုက်မှုမရှိကြောင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသောအစိုးရဖက်က ကျဆုံးမှုများကြောင်းကို သက်ဆိုင်ရာ တပ်များမှအတည်ပြုခြင်းပြောဆိုခြင်းကို တိကျစွာမရရှိသေးပေ။
အစိုးရနှင့် ပဋိပက္ခဖြစ်နေချိန်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဖက်မှ နိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေး၍ အဖြေရှာရန်လိုလားသောကြောင့် အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း လက်တွေ့တွင်ပဏာမဆွေးနွေးမှုများသာဖြစ်ပြီး KIO ကိုအပစ်ခတ်ရပ်စဲငြိမ်းချမ်းရေးယူရန်ကိုသာ ဖိအားပေး ကမ်းလှမ်းခဲ့သည်။

နှစ်ဖက်သဘောထားထုတ်ပြန်ကြေငြာချက်တွင်ပါဝင်သည့် အဓိကအချက်ဖြစ်သော ကချင်ပြည်နယ်တွင်တိုက်ပွဲဖြစ်ပွားနေသောနေရာများတွင် နှစ်ဖက်တပ်မှဆွေးနွေးညှိနှိုင်းကာ စစ်ရေးတင်းမာမှုလျှော့သွားအောင် လုပ်ဆောင်ရန် သဘောတူထည့်သွင်းထားသော်လည်း အစိုးရဖက်မှလျစ်လျူရှုကာ ဆက်လက်၍ထိုးစစ်ဆင်လာပြီး စစ်အင်အားများလည်း ထပ်မံတိုးချဲ့လာသောကြောင့် ကချင်ပြည်နယ်တွင်း နေ့စဉ်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အစိုးရနှင့်ထပ်မံတွေ့ဆုံမှုပြုလုပ်ရန် ညှိနှိုင်းရာတွင်လည်း အခြေအနေတင်းမာမှုကြောင့် ကြံ့ကြာနေကြောင်း သိရသည်။


နယူးဒေလီ၊ စက်တင်ဘာ - ၂၄

အမေရိကန် ပြည်ထောင်စုတွင် ယခုရောက်ရှိနေသည့် ဒေါ်အောင်ဆန်း စုကြည်သည် နေရူး အမှတ်တရပွဲ၌ ဟောပြောပို့ချချက် ချီးမြှင့်ပေးရန် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုကို လက်ခံ လိုက်ကြောင်း သတင်းရှိသည်။

ရက်စွဲ အတိအကျကို မကြေညာရ သေးသော်လည်း နေရူး အမှတ်တရ အခမ်းအနားအား နိုဝင်ဘာလ တတိယပတ်တွင် ကျင်းပသွားဖွယ်ရှိသည်။ ထိုအခမ်းအနားသို့ ဒေါ်အောင်ဆန်း
စု ကြည် တက်ရောက်ခဲ့ပါက ယင်းမှာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံသို့ ပထမဦးဆုံး ခရီးစဉ်ဖြစ်လာမည် ဖြစ်သည်။

ယခုနှစ်စောစောပိုင်း အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံစဉ် နေရူးအခမ်းအနားတွင် ဟောပြောပို့ချချက်ချီးမြှင့်ပေးရန် ကိုယ်တိုင်ကိုယ်ကျ ဖိတ် ကြားခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ နားလည်မှုအတွက် နေရူးဆုအား ၁၉၉၂ ခုနှစ်တွင် လက်ခံရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်နှစ်များအတွင်း အိန္ဒိယအစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးကောင်းတစ်ရပ် တည်ဆောက်ခဲ့သည်။

မစ္စတာမန်မိုဟန်ဆင်း၏ ရန်ကုန်ခရီးစဉ်တွင်လည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အတိုက်အခံခေါင်းဆောင်အဖြစ်သာ ဆက်ဆံခဲ့ပြီး မစ္စတာမန်မိုဟန်ဆင်းသည် အခြားကမ္ဘာ့ခေါင်းဆောင်များကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရောက်လည်ပတ်ခြင်းအစား ဒေါ်အောင်ဆန်းစုကြည်က မစ္စတာမန်မိုဟန်ဆင်း ဆီသို့ သွားရောက်တွေ့ဆုံခဲ့ရသည်။

 ယခုရက်သတ္တပတ် စနေ၊တနင်္ဂနွေရက်များကပင်မဟတ္တမဂန္ဓီနှင့် နေရူးတို့မှာ သူမအပေါ် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်များဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

Ref: The Times of India

7Day News Journal


ထွန်းထွန်း
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းနှင့် ကပ်ရပ်တည်ရှိသော အိန္ဒိယဘက်ခြမ်း အင်ဖါးမြို့တွင် များမကြာမှီက ဖမ်းဆီးထားသော ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၂ ဦးကို ထောင် (၂) နှစ် နှင့် ရူပီငွေ ၁၀၀၀၀ စီ ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု အိန္ဒိယ ထုတ် The Hindu ဖေါ်ပြသည်။

အိန္ဒိယသို့ အထောက်အထားမဲ့ ခိုးဝင်လာသဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၂ဦးကို စက်တင်္ဘာလ ၂၀ ရက်နေ့ က ထောင်ဒဏ်၂နှစ် နှင့် ဒဏ်ငွေ ရုပီ တစ်သောင်း စီချမှတ် လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
သူတို့ ၂၂ ဦးအား  သြဂတ်စ်လ ၃၀ရက်နေ့က  အိန္ဒိယနိုင်ငံ အိုင်ဖားလ်မြို့ အရှေ့ဘက် ဟာတာ ဂိုလာဘာတီမှ အိန္ဒိယနိုင်ငံထဲသို့ ခိုးဝင်လာစဉ် အိန္ဒိယရဲက ဖမ်မိခြင်း ဖြစ်သည်ဟု ဆိုသည်။
သူတို့ အနေဖြင့် ဒဏ်ငွေ ရူပီ ၁၀၀၀၀ ကို မပေးဆောင်နိုင်ပါက နောက်ထပ်ထောင် (၆) လ ကျခံရမည်ဟု အင်ဖားမြို့  တရားသူကြီးက အမိန့်ချမှတ်သည်ဟု သတင်းက ရေးသား ဖေါ်သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂၂ ဦးမှာ အိန္ဒိယမှ တဆင့် မြန်မာကို ခိုးဝင်ရန် လာသူ ဟုတ်မဟုတ်ကိုမူ သတင်းစာတွင် တစ်စုံတစ်ရာ ရေးသား ဖေါ်ပြထားခြင်း မရှိပေ။


စက်တင်ဘာလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ) 

ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်နေမှုအပေါ် အစိုးရအာဏာ ပိုင်များ အရေးယူဖမ်းဆီးမည်ဆိုပါက တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း စီတန်းလှည့်လည်ပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သည့် NEW GENERATION WAVE မှ ကိုမိုးသွေးက ပြောကြားလိုက်သည်။
အစိုးရအာဏာပိုင်များမှ စက်တင်ဘာလ ၁၁ရက်နေ့ ညနေ ၅နာရီက ရန်ကုန်တိုင်း ရဲမှူးရုံးတွင် တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးမြင့်ထွေးမှ ခွင့်ပြုချက်မရရှိဘဲ စီတန်းလှည့်လည်နေမှုနှင့် ပါဝင်သူများကို စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဟု ပြောဆိုခဲ့မှုအပေါ် ကိုမိုးသွေးက တုန့်ပြန် ပြောကြားခြင်းဖြစ်သည်။ “ကျနော်တို့က ဘာသာရေး အဓိကရုဏ်းဖြစ်အောင်၊ လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ရည်ရွယ်ပြီး လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာပါ။ အာဏာပိုင်တွေက အကြောင်းအမျိုးမျိုးပြပြီး ခွင့်ပြုချက်မပေးဘူး။ နောက်ပြီးတော့ ဖမ်းဆီး မှုတွေ လုပ်နေတယ်။ အဲဒီလိုအရေးယူမယ်ဆိုရင် တရားဥပဒေကြောင်းအရ ပြန်လည်ရင်ဆိုင်သွားမယ်”ဟု ၎င်းက ပြောသည်။ အဆိုပါ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှုများကို အာဏာပိုင်များထံ အဆင့်ဆင့် တင်ပြခဲ့သော်လည်း ခွင့်ပြုချက် မပေးသည်ကိုကြည့် လျှင် ပြည်သူလူထုကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုမရှိရေး နည်းမျိုးစုံနှင့် ကန့်သတ်နေသည့်သဘောပင် ဖြစ်ကြောင်း ကိုမိုးသွေးက ဆက် လက် ပြောဆိုသည်။ စက်တင်ဘာလ ၂၁ရက်နေ့က တိုင်းရင်းသားများ၊ လူမှုအဖွဲ့အစည်းများ၊ လူမျိုး ဘာသာပေါင်းစုံ ပါဝင်သော အင်အား ၂,၀၀၀ ၀န်းကျင်ခန့် သည် ရန်ကုန်မြို့တော်ခမ်းမရှေ့ရှိ ဧမာနွေလ ဘုရားကျောင်းရှေ့၌ နံနက် ၁၀နာရီခွဲတွင် စုဝေးခဲ့ရာ အာဏာပိုင်များက လူစုခွဲပေးရန် ပြော ဆိုခဲ့သော်လည်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုမှာ အင်းယားကန်ဘောင်တွင် ပြန်လည်စုဝေးပြီး ညနေ ၆နာရီတွင် ပြီးဆုံးသွားခဲ့သည်။ ထိုသို့ ခွင့်ပြုချက်မရပဲ စီတန်းလှည့်လည်နေသည်များကို အရေးယူမည်ဟု ပြောဆိုမှုများ ရှိနေသည့်အပေါ် ပါဝင်သူများအနေဖြင့် များစွာ စိုးရိမ်ပူပန်မိကြောင်း စီတန်းလှည့်လည်မှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။ ကရင်အမျိုးသမီး နော်စူစဲနာလှလှစိုးက “နိုင်ငံတော် သမ္မတကြီးက ငြိမ်းချမ်းရေးရရှိအောင် ကော်မတီဖွဲ့ပြီး လုပ်ဆောင်နေတဲ့အပေါ် နိုင်ငံ သားတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းလုပ်ဆောင်နေတာပါ။ ဒီလိုမျိုးလုပ်ဆောင်လို့ ဥပဒေနဲ့ အရေးယူမှုတွေ ပြုလုပ်မယ်ဆိုရင် နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ် မှေးမှိန်သွားမှာကိုတော့ စိုးရိမ်မိတယ်”ဟု Eleven media group တွင် ပြောဆိုထားသည်။ အဆိုပါ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတစ်ခုခုကို ကျူးလွန်ဖောက်ဖျက်ပါက ထောင်ဒဏ် ၁နှစ် သို့မဟုတ် ဒဏ်ငွေ တစ်သောင်း ကျပ် ပြစ်ဒဏ်ခံရနိုင်ပြီး ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်မျိုးစလုံး တစ်ပေါင်းတည်း ကျခံရနိုင်ဖွယ်ရှိသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ရဲမှူးကြီးက ပြောဆိုသွားခဲ့သည်ဟု သိရသည်။ ထို့အပြင် စီတန်းလှည့်လည်ပွဲတွင် ပါဝင်သူများက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး ကျောက်တိုင်အား ဖယ်ရှားခဲ့မှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ညနေ ၄နာရီအချိန်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည်ဟု သိရသည်။


စက်တင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)


ယနေ့ ကျရောက်သည့် ၁၁ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကရင်အမျိုးသမီးအစည်းအရုံး-KWO က အမျိုးသားရေး နှင့် ငြိမ်းချမ်းရေးလုပ်ငန်းကို ဦးဆောင်နေသည့် လက်ရှိ ကရင်အမျိုးသားအစည်းအရုံး-KNU ၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် အား ဂုဏ်ပြုလိုက်သည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆာသူးလေကျောင်းတွင် KWO မှ ပြုလုပ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် KNU အတွင်း ရေးမှူး နော်စီဖိုးရာစိန်အား လုပ်ငန်းစွမ်းဆောင်ရည် ဂုဏ်ပြုလက်မှတ်၊ အမျိုးသမီးရုပ်ထုတစ်ခုနှင့်အတူ ပန်းစည်းလက်ဆောင်ကို ဂုဏ်ပြု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
KWO ၏ တွဲဖက်အတွင်းရေးမှူး(၁) နော်ဘလူးမင်းနိုက်ဇန်က “ကရင့်တော်လှန်ရေး နှစ် ၆၀ကျော်သက်တမ်းမှာ ပထမဦးဆုံး အမျိုးသမီး တစ်ဦးအနေနဲ့ KNU မှာ အမြင့်ဆုံးအဆင့် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်တယ်။ နောက် မူပေါ်မှာ ရပ်တည်ပြီး အစိုးရနဲ့ ငြိမ်း ချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ဦးဆောင်ဦးရွက်ပြုပြီး ရဲရဲဝံ့ဝံ့ ပြောဆိုတဲ့ သူ့ရဲ့ စွမ်းဆောင်မှုတွေကို အသိအမှတ်ပြုလို့ ဂုဏ်ပြုတာ ဖြစ် တယ်”ဟု ပြောသည်။
ကရင့်တော်လှန်ရေး နှစ် ၆၀ကျော်သက်တမ်းတစ်လျှောက် အမျိုးသမီး၏ ဦးဆောင်မှု မရှိခဲ့ဖူးသလို ဦးဆောင်နိုင်သည့် အခြေအနေ မပေး ခဲ့ခြင်းအပေါ် နော်စီဖိုးရာစိန်သည် မှတ်တမ်းတင်လောက်သော အတွေ့အကြုံဖြတ်သန်းမှုဖြင့် စိန်ခေါ်မှုများကြား၌ အမျိုးသားများနှင့် ရင် ဘောင်တန်းကာ ယခုအချိန်ထိ ဦးဆောင်မှု ပြုလာနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း နော်ဘလူးမင်းနိုက်ဇန်က ဆက်ပြောသည်။

ဂုဏ်ပြုခံရသူ နော်စီဖိုးရာစိန်က “KWO ဟာ ကျမရဲ့ လုပ်ဆောင်ချက်အပေါ် ကြည့်ပြီး ဦးဆောင်မှု ပေးတဲ့သူတယောက်လို့ အသိအမှတ် ပြုတာ ကျမအတွက် ၀မ်းသာစရာပါ။ ရှေ့ဆက် လုပ်ရမဲ့အရာတွေကိုလည်း ကျမအနေနဲ့ လုပ်ဆောင်သွားမှာပါ”ဟု ပြောဆိုသည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကမ္ဘာတ၀ှမ်း ငြိမ်းချမ်းမှုကို မြင်ချင်သကဲ့သို့ မြန်မာနိုင်ငံ၌လည်း ငြိမ်းချမ်းရရှိမှုကို မြင် လိုကြောင်း၊ လက်ရှိ မြန်မာနိုင်ငံအတွင်း၌ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ် ပြီး နိုင်ငံရေးဆွေးနွေးပွဲသို့ တက်လှမ်းရန်လိုကြောင်း နော်စီဖိုးရာစိန်က ဆိုသည်။
အခမ်းအနားတွင် KWO ဥက္ကဌ နော်လားဖိုးက အဖွင့်မိန့်ခွန်း ပြောကြားရာ၌ နော်စီဖိုးရာစိန်၏ အမျိုးသားရေး ရှေ့ဆက်လုပ်ဆောင်ချက် များကို ၀ိုင်းဝန်း အားဖြည့်ပေးသွားမည်ဟု ပြောဆိုခဲ့သလို အခမ်းအနား တက်ရောက်လာသူ နော်ဆဲဆဲကလည်း နော်စီဖိုးရာစိန်ကဲ့သို့ ခေါင်းဆောင်အမျိုးသမီးအား အတုယူ အားကျမိသည်ဟု ပြောသည်။
ယနေ့ KWO မှ ပြုလုပ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အစိုးရမဟုတ် သောအဖွဲ့အစည်း-NGOs များ၊ ပညာရေး၊ ကျန်းမာရေး စသည့် လူထုအခြေပြုအဖွဲ့-CBOs များ၊ အတိုက်အခံ နိုင်ငံရေးအင်အားစုအချို့၊ KNU ခေါင်းဆောင်အချို့နှင့် ဆာသူးလေ ကျောင်းသူကျောင်းသားများ အပါအ၀င် ပရိဿတ် ၆၀ဦးကျော် တက်ရောက်ခဲ့သည်။
၁၉၈၅ခုနှစ်တွင် ကရင့်တော်လှန်ရေး၏ မာနယ်ပလောဌာနချုပ်၌ ဖွဲ့စည်းပုံနှင့်တကွ KWO ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး KNU ၏ အမျိုးသမီးခေါင်းဆောင်ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်မှာ ယခုတကြိမ်သည် ပထမဦးဆုံး ဖြစ်သည်။
ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့နှင့် ပတ်သက်၍ KWO အပါအ၀င် KNU နှင့် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာ နိုင်ငံ (WLB)တို့က ကြေညာချက် အသီးသီး ထုတ်ပြန်ပေးပို့ခဲ့ရာ WLB ၏ ထုတ်ပြန်ချက်၌ ဦးသိန်းစိန်အစိုးရအနေဖြင့် လက်ရှိ မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းရေးပေါ်ထွန်ရေးအတွက် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး ဖော်ဆောင်ရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေးနှင့် တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ ပါဝင်သော လွှတ်တော်ပြင်ပ အမြန်ဆုံး စတင်ရေး အပါအ၀င် အချက် ၇ချက်ကို တိုက်တွန်း တောင်းဆိုထားသည်။




တရုတ်က ပိုင်ဆိုင်သည်ဟု ကန့်ကွက်လျက် ရှိသောကျွန်းကို ဂျပန်ကလည်း ပိုင်ဆိုင်ကြောင်း ပြသနေမှု အတွက် ဂျပန်ဘက်မှ ဘက်လိုက်သည်ဟု အမေရိကန်ကို ဒေါသ ထွက်နေသောလူအုပ်ကြီးက အမေရိကန် သံအမတ်ကြီး စီးနင်း လိုက်ပါလာသော ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့ကြကြောင်း Telegraph သတင်းတစ်ရပ်က ဖော်ပြထားသည်။

လူအင်အား ၅၀ ခန့်ရှိသော လူအုပ်သည် သံအမတ်ကြီး ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့သော်လည်း လုံခြုံ ရေး အစောင့်များက ကာကွယ်နိုင်သဖြင့် သံအမတ်ကြီး ဂယ်ရီလော့ကီ လွတ်မြောက် သွားခဲ့ပြီး ကားတွင် အနည်းငယ်ထိခိုက် မှု ရှိခဲ့သည်။ တရုတ်နိုင်ငံ အမေရိကန် သံရုံးက ကြေညာချက် တစ်စောင်ကို အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ထုတ် ပြန်ခဲ့သည်။

“သံရုံး အရာရှိများ အနေနှင့် စိုးရိမ် မှုများကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနကို တင်ပြထားကြောင်း၊ အမေ ရိကန် ပိုင်ဆိုင်မှုများနှင့် နိုင်ငံသားများကို ကာကွယ် ပေးပါရန် တိုက်တွန်းကြောင်း” ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန် သံရုံး အနီးရှိ ဂျပန် သံရုံးကို တရုတ် လူအုပ်ကြီးက ဆန္ဒပြ နေစဉ် အမေရိကန် သံအမတ်ကြီးကားကို ဆန္ဒပြသူများ၏ ဒေါသက မြားဦး လှည့်သွားခြင်း ဖြစ်သည်။

အငြင်းပွားနေသောကျွန်းကို ဂျပန်က ဝယ်မည့် အစီအစဉ်အတွက် နောက်တက်မည့် တရုတ်ခေါင်းဆောင် ဟု တစ်ပြေးနေသူ ဒုတိယသမ္မတ ရှီချီပင်းကလည်း ရှုတ်ချ စကား ပြောဆို လိုက်ပြီး “ဂျပန်အနေနဲ့ တရုတ်ရဲ့ အချုပ် အခြာကို ထိပါးမယ့် အပြောအဆို၊ အမူ အရာတို့ကို ထိန်းချုပ် သင့်ပါတယ်” ဟု ဝေဖန် လိုက်သည်။

တရုတ် ပညာရှင်များက ကျွန်းအရေးတွင် ဂျပန်ဘက်၌ အမေရိကန်ရှိ နေကြောင်း သုံးသပ်ပြောဆိုကြကာ အမျိုးသားရေး စိတ်ဓာတ် အားကောင်း နေသည်နှင့် အမျှ အမေရိကန် မုန်းတီးရေး စိတ်ဓာတ်သည်လည်း ရေချိန်မြင့်လာ သည်။ တရုတ် အတိုက်အခံ အနုပညာရှင် ‘အိုင်ဝေဝေ’ ကပင်လျှင် ၎င်းင်း၏ Twitter ၌ ]အမေရိကန် နယ်ချဲ့ဝါဒ ကျဆုံးပါစေ၊ ငါတို့အကြွေးတွေပြန်ပေး’ ဟု ရေးသား ဖော်ပြထားသည်။

အမေရိကန် သံရုံးများသည် အာရပ် ကမ္ဘာတွင်လည်း အစ္စလာမ်ဘာသာကို စော်ကားသည့် ရုပ်ရှင်ကားကြောင့် အန္တရာယ် ကြုံနေရလျက် ရှိသည်။

The Voice Weekly


38

၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပနေသည့် NLD အဖွဲ့ဝင်များ (ဓာတ်ပုံ – ဧရာဝတီ)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ညီလာခံခေါ်ယူရေး ပြင်ဆင်လျက်ရှိရာ အောက်ခြေအဆင့်ဆင့်တွင် အငြင်းပွားမှုများ ဖြစ်ပွားနေပြီး ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း မရှိဘဲ တင်းမာနေသူများကို ချန်ခဲ့တော့မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့်တိုင်း အများစုတွင် NLD ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့်ဆင့် လူရွေးချယ်မှု ပြုလုပ်ရာ၌ လူသစ်များအချင်းချင်း၊ လူဟောင်းများအချင်းချင်း၊ လူသစ်နှင့် လူဟောင်းအကြား၊ လူကြီးနှင့် လူငယ်များအကြား အငြင်းပွားမှုများ ဖြစ်ပွားနေသည်။
ယင်းသို့ ဖြစ်ပွားနေခြင်းကို အချင်းချင်း ညီညွတ်ရေးရရှိရေး ညှိနှိုင်းရန် ဗဟိုက အကြောင်းကြားထားကြောင်း၊ သို့ရာတွင်  ညှိနှိုင်းနိုင်မှုမရှိသော နေရာများကို ညီလာခံသို့ ခေါ်မည်မဟုတ်ဘဲ ချန်ခဲ့မည်ဟု NLD  တနိုင်ငံလုံး ပါတီဝင် စုဆောင်းရေး တာဝန်ရှိသူ ဦးစိုးဝင်းက ပြောသည်။
“ကျနော်တို့က သူတို့ကို မညီညွတ်လို့ရှိရင် ညီညွတ်အောင်လုပ်ဖို့ တာဝန်ပေးထားတယ်၊ မညီညွှတ်သူတွေကို ဖွဲ့မပေးတော့ဘူး၊ ညီညွတ်တဲ့ထိအောင် စောင့်၊ သူများတွေဆီမှာ ညီညွှတ်လို့ ညီလာခံတွေ ပေါ်လာတယ်၊ အဲဒီလိုသူတို့ဆီမှာ ညီညွတ်အောင် မလုပ်နိုင်ဘူးဆိုရင် သူတို့ကို ထားပစ်ခဲ့မှာပဲ” ဟု ဦးစိုးဝင်းက ဧရာဝတီနှင့် တွေ့ဆုံရာတွင် ပြောဆိုသည်။
ညီလာခံ အစီအစဉ်အရ ရပ်/ကျေး ညီလာခံမှစ၍ မြို့နယ်အဆင့်၊ ထိုမှတဆင့် ခရိုင်အထိ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်း သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ဒီမိုကရေစီနည်းကျကျ အောက်ခြေကနေ ဗဟိုကိုတက်လာတယ်ဆိုတဲ့ နည်းကို ကျနော်တို့က ဖော်ဆောင်တာပဲ၊ ဒီမိုကရေစီနည်းကျကျ ဒီမိုကရေစီရဲ့ မူဝါဒအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဦးစိုးဝင်းက ပြောသည်။
ညီလာခံခေါ်ယူရေးကိစ္စနှင့် ပတ်သက်၍ အောက်ခြေအဆင့်ဆင့်၌် သဘောထားကွဲလွဲမှုများ ဖြစ်ပွားရာတွင် NLD ကို ပြန်လည် ဆန္ဒပြသူများ၊ တိုင်စာပို့သူများ၊ လူကိုယ်တိုင် လာရောက်တိုင်းကြားသူများ ရှိကြောင်း NLD နာယက ဦးတင်ဦးက ပြောသည်။
“ရုံးကိုစာတွေပို့လာတာလည်း ရှိတယ်၊ ဖုန်းဆက်ပြီး ဆန္ဒပြမယ်ပြောတာလည်းရှိတယ်၊ တချို့က ဒီရုံးချုပ်ကိုလာပြီး ကျနော့ စားပွဲကို လက်သီးနဲ့ ထုပြီးပြောတာတောင် ရှိတယ်ဗျ” ဟု ဦးတင်ဦးက ဧရာဝတီနှင့် တွေ့ဆုံရာတွင် ပြောဆိုသည်။
ယင်းသို့ဖြစ်ပွားနေမှုများကို ပါတီတွင်း ညီလာခံပြုလုပ်ရာ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းရှိ သက်ဆိုင်ရာနေရာ အသီးသီးတွင် ညီညီညွတ်ညွတ်ဖြင့် အချင်းချင်း ညှိနှိုင်းအဖြေရှာကြရန်နှင့် လူထုယုံကြည်လေးစားသည့် ပါတီတရပ်အဖြစ် သက်သေပြရန် လိုအပ်ကြောင်း သူက ဆက်ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အပါအဝင် အခြားသောပါတီများကလည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ NLD အနေဖြင့် အဆင့်ဆင့် ညီညွှတ်နေရန် လိုအပ်ကြောင်း ပါတီ ဗဟိုအဖွဲ့ ခေါင်းဆောင်များက ပြောသည်။
ယခုအခါ NLD သည် ပါတီအနာဂတ်အတွက် လူငယ်များကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့အတူ ပါတီ ဗဟိုအဖွဲ့ချုပ်တွင်လည်း ယခုလမှ စတင်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ်များကိုလည်း နိုင်ငံရေး စွမ်းရည်မြှင့်တင်ရေး သင်တန်းများ လစဉ်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ၏ အဓိက ပြိုင်ဘက်ဖြစ်မည်ဟု ပြောဆိုနေကြသော ကြံ့ခိုင်ရေးပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ အပြီး ဧပြီလ ၁၆ ရက်နေ့မှ စ၍ အောက်ခြေမှစ၍ တိုင်းအဆင့်ထိ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့သော ၄၅ နေရာ၌ နေရာအားလုံး အနိုင်ရမည်ဟု မျှော်လင့် ထားသော်လည်း ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက နေရာအများစုတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး NLD ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော တနေရာသာ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့သည်။
If you see this message, it means that your browser doesn't support frames or they are disabled.


တနိုင်ငံလုံး ငြိမ်းချမ်းရေး၊ စစ်ပွဲရပ်စဲရေးကိုရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းထိ ဆန္ဒပြပွဲကို စီစဉ်သူများအား အရေးယူမည် ဟု ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ရဲမှူးကြီးမြင့်ထွေးက  သတင်းမီဒီယာများအား ပြောကြားလိုက်သည်။ 


ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများကို ယနေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်၊ (ဓါတ်ပုံ-YPI)

ယနေ့ဆန္ဒပြသူများမှာ ခွင့်ပြုချက်မရရှိပဲ စီတန်းလှည့်လည်ခဲ့သဖြင့် ဖြတ်သန်းရာ မြို့နယ် ၁၀ မြို့နယ်က အရေးယူမှုကို ပြုလုပ်မည်ဟု လည်း ၎င်းက ပြောသည်။ အရေးယူရာတွင် ယင်းမြို့နယ်များတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားသူများအား အရေးယူသွားမည်ဟုလည်း ၎င်းကရှင်းလင်း  ပြောဆိုသည်။


ကချင်ငြိမ်းချမ်းရေး ကွန်ရက် အပါအ၀င် အဖွဲ့အစည်း ၂၀ က ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများသည် နံနက် ၁၀ နာရီဝန်းကျင်တွင် ဆူးလေ စေတီအနီးမှ စတင်ကာ ဗိုလ်တထောင်၊ တာမွေ၊ ဗဟန်း ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ် အစရှိသည့်မြို့နယ်များကို ဖြတ်သန်း၍ အင်းလျားကန်ဘောင်တွင် ငြိမ်းချမ်းရေး ကျောက်တိုင်စိုက်ထူခဲ့သည်။    ။



Punk ၀တ်စားဆင်ယင်သူများကလည်း ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြရာတွင် ပါဝင်ခဲ့ကြသည်။


ထွန်းထွန်း
အင်ဒိုနီးရှား နိုင်ငံရှိ ဘိုရိုဘူဒါ (Borobodur) ရှေးဟောင်း ဘုရားကျောင်း အဆောက်အဦးကို တိုက်ခိုက်ရန် အကြမ်း ဘက်သမားများက  ခြိမ်းခြောက်နေသည်ဟု အင်ဒိုနီးရှား ထောက်လှမ်းရေး အဖွဲ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။

အင်ဒိုနီးရှားမှ Military Commander Brig. Gen. Adi Widjaja  သောကြာနေ့က ပြောကြားရာတွင် နိုင်ငံခြာသားများ အများဆုံး လာရောက်အဆိုပါ အဆောက်အဦးကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရန် ကြံရွယ်နေသည်ဟု ပြောသည်။
ယခုအခါ အင်ဒိုနီးရှား ထောက်လှမ်းရေး တပ်ဖွဲ့မှ အကြမ်းဖက်သမားများ၏ တိုက်ခိုက်လာနိုင်မည့် သတင်းအချက်အလက်များကို စုဆောင်းနေသည်ဟု ပြောသည်။
ရရှိထားသော သတင်းအချက်အလက်များကို ယခု အခါ လေ့လာ သုံးသပ်နေပြီး ရရှိထားသာ အချက်အလက်များမှာ တိုက်ခိုက်မည့် အစီအစဉ်မျိုး ရှိနေသည်ဟု မပြောနိုင်သေးကြောင်း Adi Widjara ပြောသည်။
ယူနက်စကို (UNESCO ) မှ ကမ္ဘာ အမွှေအနှစ် အဖြစ် သတ်မှတ်ထားသော  ဘိုရိုဘိုဒါ ဘုရားကျောင်းအား ၁၉၈၅ နှစ်က တစ်ကြိမ် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
အဆိုပါ တိုက်ခိုက်မူအား အကြမ်းဘက် အဖွဲ့  Ibrahim (or)  Mohammad Jawad alias Kresna  အဖွဲ့ ပြုလုပ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် စေတီတော်  ၉ဆူပျက်စီးခဲ့ ရသည်ဟု သိရသည်။


မောင်ရမ္မာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်းတွင် ၀ရမ်းပြေး တစ်ဦးအား အာဏာပိုင်များက ဖမ်းဆီး အရေးယူ နိုင်ခြင်း မရှိသဖြင့် တည်ငြိမ်မူ ပျက်ပြားနေကြောင်း သိရသည်။
လွတ်လပ်ရေး ရရှိသည်မှာ ၆၄ နှစ် ရှိလာပြီ ဖြစ်သော်လည်း ဘာမှ မပြောင်းလဲတဲ့မြို့ (ဓါတ်ပုံ- မောင်လူအေး)
အဆိုပါ ၀ရမ်းပြေးမှာ ရသေ့တောင်မြို့နယ် မြောက်ပိုင်း  ဘူးသီးတောင် မြို့နယ်နှင့် နယ်ချင်း ကပ်ရပ်တည်ရှိသော ဆင်ခုန်းတိုင် ဘင်္ဂလီ ကျေးရွာမှ ဖြစ်ပြီး ဒေသ အနီးတ၀ိုက်မှ ကျွဲနွားများကို ခိုးယူနေသဖြင့် တည်ငြိမ်မူ ပျက်ပြားနေခြင်း ဖြစ်ကြောင်း သိရသည်။
“ ကျွဲနွားတွေကို နေ့စဉ် ရက်ဆက် ရွာတိုင်း အခိုးခံနေတော့ လူထု မကျေမနပ် ဖြစ်လာရတယ်။ အဲဒီတော့ ရွာသားတွေက မကျေနပ်မူကနေ တိုက်ခိုက်မူတွေ လူမျိုးရေး ဘာသာရေး အဓိဂရုဏ်းတွေ ဖြစ်လာနိုင်တယ်။ အခု အဲဒီ ၀ရမ်းပြေးကြောင့် မတည်ငြိမ်မူတွေ ဖြစ်နေပါတယ်” ဟု ဆင်ခုန်းတိုင်း ရွာသား တစ်ဦးက ပြောသည်။
ဆင်ခုန်းတိုင်ရွာမှ ၀ရမ်းပြေးနေသူမှာ  ဘင်္ဂလီ လူမျိုး  ရခိုင်နာမည် မောင်လှကျော် ဖြစ်ပြီး သူ့၏ အဖေနာမည် မှာ ဦးမောင်စိန် ဖြစ်ကြောင်း သိရသည်။
မောင်ဘကျော်သည် ၂၀၁၁ က ကျောင်းဆရာ ဦးသိန်းဝင်းကို ရိုက်ပုတ်ထားသဖြင့် ဦးသိန်းဝင်းက တရားစွဲဆို အမှုဖွင့် ခံထားရသူ ဖြစ်သည်။
ဝရမ်းပြေး တစ်ဦးကို မဖမ်းဆီးသည့် အပြင် ကျွဲနွား ခိုးယူနေသည်ကိုလည်း တစ်စုံတစ်ရာ ဟန့်တား နိုင်ခြင်း မရှိသဖြင့် နယ်မြေခံ ရဲတပ်ဖွဲ့များ အပေါ် ပြည်သူများက သံသယ ၀င်နေ ကြသည်ဟုလည်း ဆိုသည်။
၎င်းအနီးအနား တည်ရှိသောာ ကျေးရွာများမှာ ဆင်ခုန်းတိုင် ရခိုင်ရွာ၊ ဆင်ခုန်းတိုင် ရွာသစ်၊ ဆင်ခုန်းတိုင် မူဆလင်ရွာ၊ အိုး ဖေါက်၊ တောင်ရင်းရွာနှင့် ဘူးသီးတောင်မြို့နယ်ပိုင် သည်းကံခွဆုံ၊ စေတီတောင်ရွာများ ဖြစ်ကြသည်။
ယခုအခါ မကျေနပ်သော ကျေးရွာသားများမှ ၀ိုင်းဝန်း သတ်ဖြတ်ပစ်မည်ဟု  သတင်း များ ဖြစ်ပေါ် နေသဖြင့် ပြဿနာ ကြီးထွားသွားမည်ကို မလိုလားသော ကျေးရွာလူကြီး များက သက်ဆိုင်ရာကို တိုင် ကြားထားကြောင်း သိရသည်။
“ ၁၉ ရက်နေ့က ကျနော်နဲ့ ဦးဖိုးမွားနဲ့ စာတစောင် သွားတင်ပါတယ်။ ဒီပြဿနာဟာ ရခိုင်-ဘင်္ဂလီ ပြဿာနာ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ ၀န်ကြီးချုပ်ဆီ တစောင်၊ လွှတ်တော်ဥက္ကဌဆီ တစောင် တင်ခဲ့ ပါတယ်။ တင်ထား တဲ့ အဓိက အချက်ကတော့ မောင်လှကျော် ၀ရမ်းကို ဖမ်းပေးဖို့နဲ့  သူ့ကို မဖမ်း နိုင်ရင် ဒီဒေသမှာ ရခိုင်-ဘင်္ဂလီ ပြဿနာဖြစ်လာနိုင်တယ်ဆိုပြီး တင်ပြထားတဲ့ စာတစ်စောင်ကို  ဒီလ ၁၉ ရက်နေ့ က တင်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက ပြောသည်။
ရသေ့တောင်မြို့နယ်တွင် နွားခိုးဂိုဏ်းများကြောင့် လူမူရေး မတည်ငြိမ်မူများ နေရာ အနှံ့ အပြားတွင် ပေါ်ပေါက်နေသော်လည်း အာဏာပိုင်များက ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိဘဲ ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော သြဂတ်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း ကုလား ချောင်း ကျေးရွာတွင် ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသော လက်နက်ကိုင် နွားခိုးဂိုဏ်း တစ်ခုနှင့် ဒေသခံများ အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စက်လှေ တစ်စီးနှင့် ကျွဲတစ်ကောင်ကို ဖမ်းဆီးရမိခဲ့သည်။

12:57 AM

DASSK Glod Medal Award - 19.09.2012

Posted by nankeythioo


12:47 AM

VOA's Interview with Minister U Aung Min

Posted by nankeythioo

10:11 AM

DASSK speech at Global Vision Award - 18.09.2012

Posted by nankeythioo

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ကျင်းပရန်စီစဉ်ထားသည့် ရခိုင်ဒေသ လူထုအစည်းအဝေးကို မြို့နယ် အာဏာပိုင်များက ကန့်သတ်မူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
မြို့နယ် အာဏာပိုင်များက ကန့်သတ်ရာတွင် လူထု စည်းဝေးပွဲအား နှစ်ရက် တိတိ ပြုလုပ်ရန် စီစဉ် ထားခြင်းကို တစ်ရက်တည်းသာခွင့်ပြုပြီး ဟောပြောမည့် သူများနှင့် တက်ရောက်မည့် အရေ အတွက် ကိုလည်း  ကန့်သတ်ထားသည်ဟု လူထု အစည်းအဝေး ဖြစ်မြောက်ရေး ကော်မီတီဝင် ဦးကိုကိုမောင်က ပြောသည်။
“ ကျွန်တော်တို့ကို အခု (၁) ရက်တည်းသာ ခွင့်ပြုပါတယ်။ ကျွန်တော်တို့ ဒီအစည်းအဝေး လုပ်မလို့ စတင် စီစဉ် ကတည်းက အာဏာပိုင်တွေကို ခွင့်ပြုချက် ရရှိဖို့ စာတင် ပါတယ်။ စာတင်တဲ့အခါ အာဏာပိုင်တွေက စာတင်စရာ မလိုဘူး။ ခင်ဗျားတို့အလုပ်ကို ခင်ဗျာတို့ လုပ်ကြပါ ဆိုပြီး ပြောပါတယ်။ အခု စည်းဝေးပွဲနီးတော့မှ တစ်ရက်တည်းဘဲ ခွင့်ပြုမယ်။ နှစ်ရက် ခွင့်မပြုနိုင်ဘူဆိုပြီး လုပ်လာတယ်။ ဒီလို လုပ်တာ ဘာကြောင့်လည်း ဆိုတာ ကျွန်တော်တို့ စဉ်းစားမရ ဖြစ်နေပါတယ်” ဟု ဆိုသည်။
ရသေ့တောင်မြို့သည် စစ်တွေမြို့ မြောက်ဘက် မိုင် (၂၀)  အကွာတွင် တည်ရှိပြီး နိုင်ငံရေး အရ တက်ကြွသော မြို့တစ်မြို့ဖြစ်သည်။ လူထုအစည်းအဝေးကို ရသေ့တောင်မြို့တွင် စက်တင်္ဘာလ ၂၅ ရက်နှင့်  ၂၆ ရက် ကိုကျင်းပရန် စီစဉ်ထားသည်။
“ကျွန်တော်တို့ ဒီလူထုအစည်းအဝေး ကော်မီတီဖွဲ့ပြီးတာနဲ့ မြို့နယ် ရဲမှူးကိုသွားပြီး အသိပေး တင်ပြပါတယ်။ သူတို့ဆီကထုတ်ပေးတဲ့ လျှောက်လွာမှာ ဟောပြောမဲ့ လူပုဂ္ဂိုလ်၊ ဟောပြောသူရဲ့ ကိုယ်ရေး အချက်အလက်၊ ဟောပြောမယ့်  ခေါင်းစဉ်တွေကို ဒီလ ၁၁ ရက်နေ့ ညနေ ၃ နာရီ မှာ သွားတင်ခဲ့ပါတယ်။ တင်တဲ့အခါ သူက ခင်ဗျာတို့လုပ်မယ့် စည်းဝေးပွဲက  ပွဲကြီးဖြစ်နေတဲ့ အတွက် စာရင်းတွေကို အတိကျ တင်ပါလို့ ပြောလာတော့ အသေအချာ စိစစ်ပြီး ထပ်တင်ပါတယ်။  ဒီလ ၁၇ ရက်နေ့ ညနေမှာ ကော်မီတီ အဖွဲ့ဝင်တွေကို ခေါ်တဲ့အတွက် ကျွန်တော်တို့သွားတွေ့ပြီး  ကျွန်တော်တို့ လူစာရင်းကို ထပ်တင်ထားခဲ့ပါ” ဟု ဆိုသည်။
လူထု အစည်းဝေးသို့ တက် ရောက်မည့်သူ  ၆၃၀ ဦး၊နှင့် ဟောပြောမည့်သူက ၂၈ ဦး တင်ပြထားရာ ယနေ့ နံနက်ပိုင်းက တက်ရောက်မည့်သူကို ၂၀၀ ဦးနှင့် ဟောပြောမည့်သူကို ၁၀ ဦးသာ ခွင့်ပြုမည်ဟု ရဲမှူးက ပြောသည်ဟု သူက ပြောသည်။
ယနေ့ နံနက်ပိုင်းက ဆိုင်း ဘုတ်တင်ပွဲ ပြုလုပ်ချိန်တွင် အာဏာပိုင်များက တက်ရောက်မည့်သူ အရေအတွက်နှင့် စည်းဝေးပွဲကို တစ်ရက်သာ ခွင့်ပြုမည်ဟု ခေါ်ယူ ပြောဆိုခြင်း ဖြစ်သည်။
“ပြောတဲ့သူတွေကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးရယ်၊ ဗျူဟာမှူးနဲ့ ရဲမြို့နယ်မှူးတို့ ဖြစ်ပါတယ်။ သူတို့ က ၁၇ မြို့နယ်လုံးက လာမယ်ဆိုတော့ တစ်ရက်ပဲ ခွင့်ပြုနိုင်မယ်ဆိုပြီး ပြောပါတယ် ” ဟု သူက ဆက်ပြောသည်။
ရခိုင် ဒေသ လူထုအစည်းအဝေးမှ ရရှိလာသော ဆုံးဖြတ်ချက်များကို ရခိုင် ပဋိပက္ခ စုံစမ်းရေး  ကော်မရှင်သို့  အထောက်ကူပြုနိုင်ရန် ပေးပို့သွားမည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရန် စီစဉ် ထားခြင်း ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့က ဥပဒေဘောင်အတွင်းကဘဲ ကြိုးစားသွားမယ်။ ဥပဒေကိုကျော်ပြီး လုပ်မှာမ ဟုတ် ပါဘူး။ ဒီက ခွင့်ပြုချက် ၂ ရက်  မရရင် ခရိုင်၊ ပြည်နယ် အဆင့်ဆင့်တက်ပြီး နောက်ဆုံး သမ္မတကြီး အထိသွားဖို့ စီစဉ်ထားပါ တယ်။ အခုလည်း အာဏာပိုင်တွေ အဆင့်ဆင့်ကို သတင်းပို့နေပါတယ်” ဟု ဆိုသည်။
ယခုကျင်းပမည့် လူထုအစည်းအဝေးမှာ အမျိုးသားရေး လိုအပ်ချက်အရ ကျင်းပသည့်ပွဲဖြစ်သလို လူ ထုအစည်းအဝေး ဖြစ်မြောက်ရန် အတွက် အလှူထည့်ဝင်ထားကြသည့် ငွေများကိုလည်း မပျက်စီး လိုသည့် အ တွက် ၂၅-၂၆ ရက်တွင် ဖြစ်သည့်နည်းနှင့် ကျင်းပ သွားးမည်ဖြစ်ပြီး တက်ရောက် လာမည့်သူများကိုလည်း ၂၄ ရက်နေ့ အရောက်လာကြရန် ဦးကိုကိုမောင်က မေတ္တာ ရပ်ခံ ထားသည်ဟု ပြောသည်။




အခုလို ထူးခြားပြီး အထူးသဖြင့် အခွင့်အလမ်းရှိတဲ့ အခြေအနေတစ်ရပ်မှာ (USIP-U. S. Institute of Peace) မှာ ပြန်လာတွေ့ရတဲ့အတွက် အံ့သြ၀မ်းသာစရာဖြစ်ပါတယ်။

 USIP ကိုရော ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လာတဲ့ ဂျင်မ်မာရှယ်ကိုရော ကျေးဇူးတင်ချင်ပါတယ်။ ရှင်နဲ့အတူ ဆက်လက် လက်တွဲလုပ်ဆောင်ဖို့ ကျွန်မတို့ အသေအချာ ရှုမြင်ထားပါတယ်။

Asia Society နဲ့ ဟင်နရီရက်တာ ပြီးတော့ ၁၉၅၀ နှစ်များက စတင်ပြီး အချိန်ရဲ့ စမ်းသပ်မှုဒဏ်ကို ခံပြီး တစ်လျှောက်လုံး ရပ်တည်လာတဲ့သူအားလုံးကိုလည်း ကျွန်မ ကျေးဇူးတင်ချင်ပါတယ်။

ရှင်တို့နဲ့ တွဲအလုပ်လုပ်ရတာ ကျွန်မတို့ အရမ်းကျေနပ်ဝမ်းသာမိရပါတယ်။

အခုဆိုရင် ဒီလို စုဝေးမှုရဲ့ ရည်ရွယ်ရင်းက စိတ်လှုပ်ရှားစရာတစ်ခုပါပဲ။ အကြောင်းကတော့ ကျွန်မတို့ဟာ ဒီမှာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့မှုကို

ကိုယ်စားပြုတဲ့၊ လူ့အခွင့်အရေးနဲ့ အခွင့်အလမ်းအတွက် ကိုယ်စားပြုတဲ့၊ သူ့တိုင်းပြည်မှာသာမက ကမ္ဘာတစ်ဝန်းမှာပါ ဒါတွေကို ကိုယ်စားပြုထားတဲ့ တစ်စုံတစ်ဦးနဲ့

တွေ့ခွင့်ရနေပါပြီ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်မှာ တိုင်းပြည်တစ်ပြည်ရဲ့ လွတ်လပ်ပြီး စွမ်းအားကြီးတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာကြီးကို တိုင်းပြည်အတွက် နည်းလမ်းပေါင်းစုံနဲ့ ဖွင့်လှစ်ပေးနေတဲ့သူတစ်ဦးအဖြစ် ကျွန်မတို့ ပြန်တွေ့ရတာ ၀မ်းသာစရာပါ။

ပြီးခဲ့တဲ့ နွေရာသီက သမ္မတအိုဘားမားက ပြောခဲ့တဲ့ တိုးတက်မှုရဲ့ အလင်းရောင်များဟာလည်း အဲဒီကစလို့ ကြီးထွားအားကောင်းလာခဲ့ပါပြီ။ (မြန်မာမှာ) ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ ရာပေါင်းများစွာဟာ ယမန်နှစ်က ပြန်လွှတ်ပေးခံခဲ့ရသလို ဒီတစ်ပတ်အတွင်းမှာလည်း တချို့ လွှတ်ပေးခံခဲ့ရပါတယ်။ အတိုက်အခံပါတီတွေလည်း

 တရားဝင်ဖြစ်လာခဲ့ပြီး ၄င်းတို့ရဲ့ အဖွဲ့ဝင်တွေလည်း ပါလီမန်ထဲမှာ အမတ်နေရာတွေ ရရှိခဲ့ပါပြီ။ မီဒီယာအပေါ် ကန့်သတ်ချက်တွေ၊ လွတ်လပ်စွာစုရုံးမှုအပေါ် ကန့်သတ်ချက်တွေကိုလည်း ဖြေလျှော့ပေးခဲ့ပါပြီ။ အလုပ်သမားတွေအတွက် သမဂ္ဂတွေ ဖွဲ့စည်းခွင့် ရရှိရေးတွေကို အကောင်အထည်ပေါ်စေမယ့် ဥပဒေတွေလည်း ကျွန်မတို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ ပြီးတော့ မြန်မာအစိုးရဟာ အချို့သော ကာလရှည်ဖြစ်ပွားနေတဲ့ လူမျိုးစုပဋိပက္ခတွေမှာလည်း အပစ်အခတ်ရပ်စဲရေးတွေ ရရှိထားခဲ့ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ခေါင်းဆောင်မှုဟာ နေအိမ်အကျယ်ချုပ်နဲ့ ပြစ်ဒဏ်ကာလတွေတစ်လျှောက်မှာ ဘယ်တော့မှ မယိမ်းယိုင်ခဲ့ပါဘူး။ သူမနဲ့ အခြားသော အတိုက်အခံခေါင်းဆောင်တွေဟာ အခုဆိုရင် သမ္မတဦးသိန်းစိန်နဲ့ အစိုးရသစ်နဲ့အတူ ပူးပေါင်းပြီး အဲဒီ့အပြောင်းအလဲတွေကို မောင်းနှင်ဖို့ လိုအပ်နေတဲ့ သတ္တိရှိတဲ့ခြေလှမ်းတွေကို စတင်လှမ်းနေပါပြီ။

ကျွန်မဟာ (မြန်မာ)သမ္မတကြီးနဲ့ နေပြည်တော်မှာ တစ်ကြိမ်၊ ဒီနွေရာသီမှာ ကမ္ဘောဒီးယားမှာ တစ်ကြိမ် တွေ့ခဲ့ဖူးပါတယ်။ လာမယ့်အပတ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကို နယူးယောက်မှာ လာတက်မယ့် သူကို ကျွန်မ ကြိုဆိုသွားရမှာပါ။ ဒီမနက်ခင်းမှာပဲ ကျွန်မဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး၊ ဆက်လုပ်ရမယ့်အလုပ်တွေအကြောင်း ဆွေးနွေးခွင့်ရခဲ့ပါတယ်။ လုပ်စရာတွေလည်း အများကြီးပါ။

ဒီတစ်ကြိမ်မှာ သူမ အလည်အပတ်လာရောက်ခဲ့ခြင်းရဲ့ အရေးပါတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ရှေ့ဆက် လုပ်စရာတွေ ဘယ်လောက်များများ ရှိတယ်ဆိုတာ ကျွန်မတို့ကို သတိပေးဖို့လို့ ထင်ပါတယ်။ အဲဒီ့ကိစ္စတွေကတော့ ဒီမိုကရက်တစ် အဆောက်အအုံ၊ အဖွဲ့အစည်းတွေအတွင်း ဥပဒေစိုးမိုးမှု အားကောင်းရေးကနေ၊ ရခိုင်ပြည်နယ်နဲ့ တိုင်းရင်းသားလူမျိုးစု ပဋိပက္ခဖြစ်ရာ နေရာတွေက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်းအထိ ပါဝင်ပါတယ်။

မြန်မာအစိုးရနဲ့ အတိုက်အခံတို့ဟာ တိုင်းပြည်ကို ညီညွတ်အောင် အလုပ်အတူဆက်လုပ်ဖို့၊ အတိတ်က ဒဏ်ရာတွေကို ကုသဖို့၊ ပြုပြင်ပြောင်းလဲရေးတွေကို ရှေ့ဆက်သယ်ဆောင်သွားဖို့ လိုအပ်နေပါတယ်။

 ဒါဟာ နောက်ပြန်လဲမကျသွားဖို့ စောင့်ကြည့်ရမယ့် အဓိကသော့ချက်လည်းဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အခွင့်အရေးရရင် တိုင်းပြည်ကို လမ်းကြောင်းမှားထဲ ဆွဲခေါ်သွားနိုင်တဲ့ အင်အားစုတွေ ရှိနေလို့ပါ။

ဒါ့ကြောင့် နိုင်ငံခြားရေးဌာနနဲ့ အိုဘားမားအစိုးရအဖွဲ့တွင်းက ကျွန်မတို့ဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ဆက်ဖြစ်နေရမယ်လို့ ပြောရာမှာ ပထမဆုံး ဖြစ်နေတာပါ။ နိုင်ငံရေးအကျဉ်းသားတချို့လည်း

ထိန်းသိမ်းခံနေရဆဲပါ။ ဆက်လက်ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားရေးနဲ့ ဂိုဏ်းဂဏကွဲ အကြမ်းဖက်မှုတွေကလည်း ကြာရှည်ခံမယ့် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ အမျိုးသားပြန်လည်

စည်းလုံးညီညွတ်ရေးကို ဦးတည်တဲ့ တိုးတက်မှုတွေကို ဆက်လက်ဖျက်ဆီးနေပါတယ်။ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုတချို့လည်း ရှိနေပါသေးတယ်။

 ဒါ့ကြောင့် ဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု တိုးမြှင့်ရေး၊ အခြေခံဥပဒေဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းရေးအတွက် နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေကို လိုအပ်နေပါတယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည်သူတွေနဲ့ အစိုးရနဲ့အတူ ဆက်လက်ရပ်တည်အားပေးပြီး၊ တိုးတက်ဖို့ လိုနေသေးပေမယ့် စတင်ခဲ့ပြီဖြစ်တဲ့ ဒီအပြောင်းအလဲကို ထောက်ခံနေတာပါ။ ကျွန်မတို့ဟာ (နှစ်နိုင်ငံ)သံတမန်တွေ လဲလှယ်ခန့်ထားဖို့၊ စီးပွားရေးပိတ်ဆို့မှုတချို့ ဖြေလျှော့ဖို့၊ အမေရိကန်ကုမ္ပဏီတွေအတွက် နိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံရေး လမ်းဖောက်ပေးဖို့ ခြေလှမ်းတွေ စခဲ့ပါတယ်။

မြန်မာနိုင်ငံသစ်အတွက် ကျွန်မတို့ရဲ့ ပထမဆုံးသော သံအမတ်ကြီး ဒဲရက်မစ်ချယ်ဟာလည်း ဒီနေ့မှာ ဒီမှာ ကျွန်မတို့နဲ့အတူ ရှိနေပါတယ်။ သူရယ်၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲဦးဆောင်တဲ့ အဖွဲ့တို့ဟာ မြန်မာပြည်တွင်းက မဲဆန္ဒနယ်အသီးသီးက ကိုယ်စားလှယ်တွေနဲ့ အဆက်မပြတ် ဆက်ဆံမှုသာမက တွေ့ဆုံညှိနှိုင်းမှုတွေလည်း လုပ်နေပါတယ်။ ဒါမှသာ ကျွန်မတို့ဟာ လိုအပ်တဲ့ သင့်တော်တဲ့ ကူညီအားပေးမှုတွေ ဖန်တီးပေးနိုင်မှာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျွန်မဟာ ဒေါ်စုကို တစ်ချိန်က အကျဉ်းထောင်ဖြစ်ခဲ့ဖူးတဲ့ သူ့ရဲ့အိမ်မှာ တွေ့ဆုံဖို့ သွားရောက်ခဲ့ပြီး၊ ကန့်ကွက်ဆန့်ကျင်မှုမှသည် နိုင်ငံရေးအထိ သင်္ကေတတစ်ခုမှသည် တိုင်းပြုပြည်ပြု အမျိုးသမီးတစ်ဦးအဖြစ်အထိ အကြောင်းအရာတွေအများကြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အဲဒါဟာ အခုအခါမှာ သူမရဲ့တိုင်းပြည်က သူမထံမှ လိုအပ်နေတဲ့အရာဖြစ်ပါတယ်။ အဲဒါဟာ အခုအခါမှာ သူမရဲ့ကာလဟာ ဘယ်လောက်ခက်ခဲနိုင်တယ်ဆိုတာ ကျွန်မ နည်းနည်းပဲ သိပါတယ်။ ဒီကိစ္စက
 ဝေဖန်ရေးအမျိုးအစားသစ် တစ်ရပ်လုံး၊ တိုက်ခိုက်မှုတစ်ရပ်ကိုတောင် ဖြစ်လာစေပါတယ်။ လက်တွေ့ကျတဲ့ သဘောတူညီမှုနဲ့ မဟာမိတ်ဖွဲ့မှု တစ်မျိုးကိုလည်းလိုအပ်ပါတယ်။ ဒါဟာ နိုင်ငံရေးရဲ့ အသက်သွေးကြောဖြစ်ပြီး၊ သူမ (နိုင်ငံရေးဖြစ်စဉ်) ပြင်ပမှာရှိစဉ် သူမကို ယုံကြည်ထောက်ခံကြတဲ့ အစဉ်အလာစွဲရှိသူတွေကိုတောင် စိတ်အနှောင့်အယှက် ဖြစ်ကောင်းဖြစ်စေပါမယ်။

ဒါပေမဲ့ နေအိမ်အကျယ်ချုပ်က ထွက်လာပြီး နိုင်ငံရေးနယ်ပယ်ထဲကို ဒေါ်စုဝင်လာပြီး နောက်လများအတွင်းမှာပဲ သူမဟာ ကိုယ့်ကိုယ်ကိုယ် သဘာဝကျကျ၊ ခက်ခက်ခဲခဲ စည်းရုံးလှုံ့ဆော်ရင်း၊ ဥပဒေပြုမှုတွေ ကောင်းစွာလုပ်ဆောင်ရင်း၊ တိုင်းပြည်ကို ရှေ့သို့တိုးတက်စေဖို့ အခုရော မနက်ဖြန်ရော မနက်ဖြန်ပြီး နောက်နေ့မှာ ဘာလုပ်နိုင်တယ်ဆိုတာကို အာရုံစူးစိုက်လုပ်ကိုင်နေရင်း သက်သေပြခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့လယ်မှာ ရှင်တို့ဟာ ထူးခြားတဲ့အခွင့်အလမ်းတစ်ရပ်ကို နောက်လာမယ့်နေ့တွေမှာ အခြားအမေရိကန်ပရိသတ်များစွာ ကြုံရမယ့်အတိုင်း ကြုံတွေ့နေရပြီလို့ ကျွန်မထင်ပါတယ်။ ကံမကောင်းစွာဘဲ ကျွန်မကတော့ နိုင်ငံခြားရေးဌာနကို ပြန်လည်ထွက်ခွာရပါတော့မယ်။ ဒါပေမဲ့ အခုအချိန်မှာ နိုဗယ်လ်ဆုရှင်တစ်ဦးအနေနဲ့သာမက လူသန်းပေါင်းများစွာရဲ့ သူရဲကောင်းဖြစ်သူ၊ အလုပ်များတဲ့ ပါလီမန်အမတ်တစ်ဦးအဖြစ် သာမက၊ နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်စုလို ပုဂ္ဂိုလ်မျိုးကို ရှင်တို့နဲ့မိတ်ဆက်ပေးခွင့်ရတဲ့အတွက် အထူးပဲဝမ်းမြောက်မှု ဖြစ်ရပါတယ်။

ဒါ့ကြောင့် ကျေးဇူးပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြပါစို့။

(လက်ခုပ်သံများ)

by 7Day News Journal


6:54 AM

Islam film protest in Sydney CBD

Posted by nankeythioo






burma-vj-04ရွှေဝါရောင်တော်လှန်ရေး (၅)နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားများ၏ လူမှုဘ၀ဖူလုံမှုနှင့် ငြိမ်းချမ်းသာယာမှုမရှိသေးကြောင်း ရခိုင်သင်္ဃာ့သမဂ္ဂ (RSU)မှ သဘောထား ကြေငြာချက်ထုတ်ပြန်လိုက်သည်။
ဗြိတိသျှလက်ထက်ကတည်းကပင် ဆရာတော်ဦးဥတ္တမမှအစ ယနေ့အချိန်အထိ မြန်မာနိုင်ငံရေးတွင် သင်္ဃာတော်များသည် ဒါယကာ၊ ဒါယကာမများ ကြုံတွေ့ခံစားနေကြရသော ဆင်းရဲဒုက္ခများမှ လွတ်မြောက်စေရန် အကြမ်းမဖက် အနုနည်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး၊ ဓမ္မဘက်မှ အမြဲတမ်းမားမားမတ်မတ် ရပ်တည်လှုပ်ရှားသွားမည်ဖြစ်ကြောင်း ကြေငြာချက်တွင်ဖော်ပြထားသည်။
"ရွှေဝါရောင်တော်လှန်းဆိုတာကို မမေ့ဖို့အတွက် မြန်မာ ပြည်သူ၊ ပြည်သားတိုင်းမှာ တာဝန်ရှိတယ်လို့ ဦးဇင်းတို့မြင်ပါတယ်။ ဘာလို့လည်းဆိုတော့ လွတ်လပ်ရေးကြိုးပမ်းခေတ် ဗြိတိသျှတို့လက်အောက်မှာ မြန်မာနိုင်ငံသားတွေကို ဆရာတော်ဦးဥတ္တမက စလို့ နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့တာ။ အဲဒီတော့ လွတ်လပ်ရေးသန္တေအမြူဟာ ဘုန်းကြီးတွေရဲ့ အခန်းကဏ္ဍကနေ စလာတယ်လို့ ဦးဇင်းတို့ကပြောချင်ပါတယ်။ ဆရာတော်ဦးဥတ္တမစခဲ့လို့ သင်္ဃာ့သမဂ္ဂီတွေ မြောက်မြားစွာပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ အဲဒီလို သမဂ္ဂီတွေပေါ်ပေါက်လာခဲ့တဲ့နောက်ပိုင်းမှာ ဒီနေ့အချိန်ထိ မြန်မာနိုင်ငံမှာ နှစ်ပေါင်း၉၀ကျော်တိုင်အောင် သင်္ဃာ့လှုပ်ရှားမှုတွေဟာ ရှိနေသေးပါတယ်။ ဘာလို့လည်းဆိုတော့ မြန်မာနိုင်ငံမှာ မည့်သည့်အုပ်ချူပ်သူမဆို ပြည်သူတွေအတွက် တရားမျှတမှုမရှိသမျှ ကာလပတ်လုံး သင်္ဃာတွေဟာ ဓမ္မဘက်ကနေ မားမားမတ်မတ်ရပ်တည်လာပြီးတော့ အုပ်ချူပ်သူလူတန်းစားတွေကို တွန်းလှန်ပေးရမှာဖြစ်ပါတယ်။ ဒါယကာ၊ ဒါယကာမ ညိုးနွမ်းရင် သာသနာလည်း ညိုးနွမ်းတယ်ဆိုတဲ့စကားလိုပေါ့..။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ အဓမ္မအုပ်ချူပ်သူတွေ ရှိနေသမျှကာလပတ်လုံး သင်္ဃာ့အခန်းကဏ္ဍဆိုတာ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို အမှတ်ရစေဖို့အတွက် ဒီထုတ်ပြန်ကြေငြာချက်ကိုထုတ်ပြန်ရခြင်းဖြစ်တယ်။"ဟု ရခိုင်သင်္ဃာ့သမဂ္ဂ(RSU)ဥက္ကဌ ဆရာတော် ဦးသီဟမှ မိန့်ကြားသည်။
ဗုဒ္ဓသာသနာသည် လွတ်လပ်ခွင့်မရှိဘဲ အစိုးရအလိုကျဖွဲ့စည်းထားသော သင်္ဃာ့မဟာနာယကအဖွဲ့ကိုဖျက်သိမ်းပေးဖို့ကိုလည်း ကြေငြာချက်တွင် တောင်းဆိုထားသည်။
"မြန်မာနိုင်ငံမှာရှိတဲ့ သင်္ဃာ့မဟာနာယကနဲ့ ဒါယကာ၊ ဒါယကာမတွေရဲ့ ဒုက္ခတွေကို တွန်းလှန်ပေးနေကြတဲ့ သင်္ဃာ့ထုတွေကြားမှာ အစိုးရက သွေးထိုးလှုံ့ဆော်မှုတွေပေးနေတာတွေရှိတယ်။ ရှင်းရှင်းပြောမယ်ဆိုရင် သင်္ဃာ့မဟာနာယကဆိုတာ အစိုးရရဲ့လက်ကိုင်ဒုတ်ဘဲဖြစ်တယ်လို့ ဦးဇင်းတို့ကမြင်တယ်။ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာဘဲကြည့်လေ ပက္ခူမှာ သင်္ဃာတွေကို ဓါတ်တိုင်မှာ ကြိုးချည်ပြီးရိုက်တာကို သင်္ဃာ့မဟာနာယက သင်္ဃာတွေက ထောက်ခံခဲ့တယ်။ ဒါကြောင့် သင်္ဃာ့မဟာနာယကမှာရှိတဲ့ သင်္ဃာတော်တွေအနေနဲ့ နိုင်ငံတော်အစိုးရလက်အောက်က အသုံးချခံဘ၀မျိုးနဲ့မဟုတ်ဘဲ ဒါယကာ၊ ဒါယကာမတွေဘက်က၊ ဓမ္မဘက်ကရပ်တည်ပြီးတော့ ဗုဒ္ဓသာသနာကို လွတ်လပ်တဲ့သာသနာတော်ဖြစ်အောင် ကြိုးပမ်းဖို့လိုအပ်ပါတယ်။ သာသနာ့အဖွဲ့အစည်းဆိုတာ မည့်သည့်အုပ်ချူပ်မှုအောက်မှာမှ မရှိဘဲ လွတ်လပ်တဲ့သာသနာဖြစ်ဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် ဦးသိန်းစိန်အစိုးရအနေနဲ့ ဒီသဃာ့မဟာနာယကကို ဖျက်သိမ်းပေးဖို့ ဦးဇင်းတို့က တောင်းဆိုရတာပါ။"ဟု ဆရာတော် ဦးသီဟမှ ဆက်မိန့်သည်။
၂၀၀၇ခုနှစ် စတင်ဘာလတွင် စက်သုံးဆီဆေးနှုန်းများ မြင့်တက်ခဲ့၍ လမ်းလျှောက်ဆန္ဒပြရာမှ စတင်ခဲ့သော ရွှေဝါတော်လှန်ရေး(၅)နှစ်ပြည့်သွားပြီ ဖြစ်သော်လည်း အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခြင်းများ နည်းပါးလျက်ရှိကြောင်း သိရှိရသည်။

 ရွှေဝါရောင် တော်လှန်ရေး (၅) နှစ်ပြည့်မြောက် သဘောထား ထုတ်ပြန်ကြေငြာချက်         
ထုတ်ပြန်- ၅ /၂၀၁၂
နေ့စွဲ-၂၀၁၂ ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်။
"အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာဆိုသည့်" စကားအရ စားဝတ်နေရေး အတိဒုက္ခရောက်နေကြသော မြန်မာ ပြည်သူ ပြည်သားများ သက်သာရာ သက်သာကြောင်းအလို့ငှာ သံဃာတော်များသည် မေတ္တာ၊ ကရုဏာထား၍ ငြိမ်းချမ်း စွာ စီတန်းလမ်းလျှောက် လှုပ်ရှားခဲ့ရာမှ ဖြစ်ပေါ်လာသော (၂၀၀၇) ခုနှစ် ရွှေဝါရောင်တော်လှန်ရေးသည် ယခုဆိုလျှင် (၅) နှစ်မြောက်သို့ ရောက်ရှိလာပြီးဖြစ်သည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုသည် မြန်မာ ပြည်သူပြည်သား အခြေခံလူတန်းစားများ၏ ဘ၀ဖူလုံမှုနှင့် ငြိမ်းချမ်းသာယာမှုတို့ကို ပေးစွမ်းနိုင်ခြင်း မရှိသေးပေ။ 
မြန်မာနိုင်ငံသူ နိုင်ငံသား ဒါယကာ/ဒါယိကာမများ ကြုံတွေ့နေကြရသော အထွေထွေဆင်းရဲဒုက္ခတို့မှ လွတ်မြောက်စေရန် မေတ္တာပွါးကာ စီတန်းလှည့်လည်ကြွချီကြသော သံဃာတော်များကို ရက်စက်စွာ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် မြန်မာ နိုင်ငံ၌ သံဃာ့လှုပ်ရှားမှု သမိုင်းမှတ်တိုင်ကြီးတစ်ခု တိုးလာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အဓမ္မ၀ါဒီ အုပ်ချုပ်သူ လူတန်းစား  ရှိနေသေးသမျှ ကာလပတ်လုံး ဓမ္မဘက်မှ ရပ်တည်နေကြသော သံဃာတော်များ၏ လှုပ်ရှားမှု အခန်းကဏ္ဍ သည်လည်း အမြဲတမ်းရှိနေဦးမည်သာ ဖြစ်ပေသည်။
ကျွန်သဘောက်ဘ၀သို့ ကျရောက်ခဲ့ကြသော မြန်မာပြည်သူများ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်လာစေရန် အတွက် မြန်မာနိုင်ငံ လွတ်လပ်ရေးလှုပ်ရှားမှုကို အစဦးကပင် ဦးစီးဦးဆောင် အကြီးမှုးပြုခဲ့သော ဆရာတော် ဦးဥတ္တမ သည် မြန်မာပြည်သူများကို နိုင်ငံရေးအသိ၊ တိုက်ရည်ခိုက်ရည် သွင်းပေခဲ့သည်။ ယင်းကြောင့် ဆရာတော် ဦးဥတ္တမခေတ် သံဃာ့လှုပ်ရှားမှုမှသည် ယနေ့ခေတ် သံဃာ့လှုပ်ရှားမှု အခန်းကဏ္ဍကြီးကို သတိရသူတိုင်း၊ တွေးတောမိသူတိုင်း၊ အမှတ် ရသူတိုင်းအားလုံး အသိအမှတ်ပြု ၀န်ခံကြရမည်ဖြစ်သည်။
မြန်မာပြည်၌ အစဉ်အလာကြီးမားသော သံဃာ့လှုပ်ရှားမှု သမိုင်းကြောင်းအရလည်းကောင်း၊ အမျိုးဘာသာ သာသနာ အကျိုးကို ရှေ့ရှု၍လည်းကောင်း၊ မြန်မာပြည်သူ ပြည်သားများ၏ ကျရောက်ဆဲ ကျရောက်လတ္တံ့ဖြစ်သော ဘေးဥပါဒ် အန္တရာယ်မှ ကာကွယ်တားဆီးရန် အတွက်လည်းကောင်း၊ သံဃာတော်များ၏ လှုပ်ရှားမှုအခန်းကဏ္ဍသည် ဓမ္မဘက်မှ ခိုင်ခိုင်မာမာ မားမားမတ်မတ်  အမြဲတမ်း ရပ်တည်သွားမည်ဖြစ်ကြောင်း ရခိုင်သံဃာ့သမဂ္ဂ၏ သဘောထား ထုတ်ပြန် ကြေငြာချက်နှင့်အတူ အောက်ပါအချက်များကို တောင်းဆိုလိုက်သည်။   
(၁) လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ပြုရန်။
(၂) လွတ်လပ်စွာ ဟောပြောရေးသားပိုင်ခွင့် စည်းရုံးပိုင်ခွင့် ပြုရန်။
(၃) အစိုးရအလိုကျ ဖွဲ့စည်းထားသော သံဃာ့မဟာနာယကအဖွဲ့ကို ဖျက်သိမ်းပေးရန်။
(၄) လွတ်လပ်သော သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်းထူထောင်ခွင့်ပြုရန်။

Back to the Top

Related Posts Plugin for WordPress, Blogger...