Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
အတိုက်ခံရတဲ့ အီရတ် စစ်စခန်းက ဟဒီသာ ဆည်အနီးမှာ ရှိတယ်လို့ ဆို။ အီရတ် အနောက်ပိုင်းမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေရဲ့ အသေခံ ဗု...
10:03 PM
Posted by
nankeythioo
လဘနွန်က ရှီးယား မွတ်ဆလင် လှုပ်ရှားမှု ဟစ်ဇဘိုလာ ခေါင်းဆောင် Hassan Nasrallah ဟာ အမေရိကန်မှာ ရိုက်ကူး ထုတ်လုပ်တဲ့ အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယို နဲ့ ပတ်သက်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ လူမြင်ကွင်းရှေ့ ထွက်ပေါ်လာပါတယ်။
လူတွေကြား တွေ့ရခဲလေ့ရှိတဲ့ Sheikh Nasrallah က အဲဒီ ဗီဒီယို တကားလုံး ထွက်လာရင် ရင်ဆိုင်ရမယ့် နောက်ဆက်တွဲ အန္တရာယ်တွေကို အမေရိကန် အနေနဲ့ နားလည် ထားသင့်တယ်လို့ ဆိုပါတယ်။
တူနီးရှား မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ဒီဗီဒီယိုကား အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်အောင် လှုံဆောင်ခဲ့တယ်လို့ စွပ်စွဲ ခံနေရတဲ့ ဗလီဆရာ ဟောပြောနေတဲ့ နေရာမှာ လုံခြုံရေး တပ်ဖွဲ့က ဝိုင်းထားတဲ့ ကြားက သူထွက်ပြေး လွတ်မြောက် သွားတယ်လို့ သိရပါတယ်။ တခါ အဲဒီ အမေရိကန် ထုတ် အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယိုကို ဖယ်ရှားပေးဖို့ YouTube က ငြင်းဆန်ခဲ့တာကြောင့် ပါကစ္စတန်မှာ YouTube အင်တာနက် စာမျက်နှာကို ကြည့်ခွင့်မရအောင် အစိုးရက ပိတ်ထား လိုက်ပါတယ်။
YouTube က ငြင်းဆန်မှု အတွက် ပါကစ္စတန် ၀န်ကြီးချုပ် Raja Pervez Ashraf က ပိတ်ခိုင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။လွန်ခဲ့တဲ့ နှစ်နှစ်လောက် တုန်းကလည်း မွတ်ဆလင် တော်တော်များများက လက်မခံနိုင်လောက်တဲ့ တမန်တော် မိုဟာမက်ကို သရော်ထားတဲ့ ပုံ ဖော်ပြခဲ့တဲ့ အတွက် Facebook နဲ့ YouTube တို့ကို အစိုးရက ပိတ်ထားခဲ့ ဖူးပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
 |
| လူတွေရှေ့ ပေါ်ထွက်လာတဲ့ ဟစ်ဇဘိုလာ ခေါင်းဆောင် |
0 comments:
Post a Comment