ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



Written by သဇင်ဥ    Sunday, 02 September 2012 16:13    PDF Print E-mail
 5my3မြန်မာလုပ် ရာဘားမြင်းဆေးလုံးနှင့်အတူ မြန်မာပြည်ဖွား ဘင်္ဂလီများနှင့် ဘင်္ဂလီ စုစုပေါင်း (၅) ဦးတို့အား နတ်မြစ်အတွင်းက ဘင်္ဂလာ နယ်စပ်ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ (BGB)က စနေနေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
၎င်းတို့အား ရခိုင်ပြည်-ဘင်္ဂလာအကြား တည်ရှိသော နတ်မြစ်အတွင်း ဆတ်မာတင်ကျွန်း ဈေးအတွင်းရှိ ဆာဟီန် ဟိုတယ်မှ မူးယစ်မှောင်ခိုများအား အကူအညီပေးနေသူ ဘင်္ဂလီ အာဘ်ဒူရ် ရော်ဟ်မာန်နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ဖေါ်ပြောဆိုလိုက်သည်။
ဆတ်မာတင်ကျွန်း ကမ်းခြေစောင့်လုံခြုံရေးတပ်မှ ဗိုလ်ကြီး မီလ်တင်န်က မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားရေး ကူညီပေးနေသူ ဘင်္ဂလီ အာဘ်ဒူရ် ရော်ဟ်မာန်နှင့် မူးယစ်ထုတ်လုပ် ရောင်းဝယ်ဖေါက်ကားသူ ခေါင်းဆောင် အီဗရာဟီ ဆိုသူနှင့် တခြားသူများအား ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ယနေ့ထုတ် DAINIK COX'S BAZAR သို့ အတည်ပြု ထုတ်ဖေါ်ပြောထားသည်။
ယင်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော ဘင်္ဂလီများမှာ မောင်တောမြို့နယ်မှ မူးယစ်ခေါင်းဆောင် မိုဟာမတ် အီဗရာဟိမ်း၊ အူလ္လာဟ် ဖိုရ်ကာန်နှင့် တခြား (၃) ဦးအပါအ၀င် စုစုပေါင်း (၅) ဦးဖြစ်ကြောင်း ဆိုသည်။
မောင်တောမြို့နယ်မှ ဘင်္ဂလာသို့ အဓိက မူးယစ်ဆေးဝါး မှောင်ခိုတင်ပို့နေသော ယင်း အီဗရာဟိမ်းအား လွန်ခဲ့သောနှစ်က နစက အရာရှိများက ဖမ်းဆီးခဲ့ပြီး လာဘ်ငွေများယူ၍ ပြန်လည်လွှတ်ပေးခဲ့သူတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဘင်္ဂလီများနှင့် အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်အတွင်းတွင် ဇွန်လ (၈) ရက်နေ့က စတင်တိုက်ခိုက်မှုကြောင့် သေကြေ ပျက်စီးမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်ထိ နေရာအနှံ့တွင် လုံခြုံရေးမရှိဖြစ်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။
ထို့ပြင် မြန်မာ့ခရီးသွားဝန်ကြီးဌာနမှ ယင်းအကြမ်းဖက်သောင်းကျန်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်း ရှေးဟောင်း စေတီပုထိုးတော်များ တည်ရှိရာ ဝေသာလီ၊ မဟာမုနိဘုရား အပါအ၀င် မြောက်ဦးမြို့နယ်နှင့် စစ်တွေမြို့နယ်အပြင် တခြားတချို့မြို့နယ်များသို့ နိုင်ငံခြား ခရီးသွားများနှင့် ကုမ္ပဏီများကို ခရီးသွားလာလည်ပတ်ကြည့်ရှုခွင့် ယာယီပိတ်ပင်ထားကြောင်း သိရှိရသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...