ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



AP သတင်းဌာန
စက်တင်ဘာ ၁၆၊ ၂၀၁၂
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7G5qlE7CpO_kbl1zf3RxhgRr1y2dK2xQ9IFQkjJL1PAepetjCQxhurlvhpXp1sK514HP_T7UKeLoPSFmu6_ZvYKLaEdlg2LEqoQ9wrM374Havja6eMS8I5MDbwW2qE9SFZ0xiiNmGVlc/s1600/Burnt+out+-++The+U.S.+consulate+in+the+Libyan+city+of+Benghazi+-+it+has+also+been+revealed+today+that+the+Benghazi+consulate+was+not+protected+by+the+contingent+of+Marines+that+usually+safeguard+embassies.jpg
တိုက်ခိုက်ခံခဲ့ရသည့် လစ်ဗျားရှိ အမေရိကန် ကောင်စစ်ဝန်ရုံး

လစ်ဗျားရှိ အမေရိကန်သံအမတ် သတ်ဖြတ်ခံရခြင်းကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ယီမင်နိုင်ငံရှိ အယ်လ်ကိုင်ဒါဌာနခွဲက အင်တာနက်တွင် စနေနေ့က ထုတ်ဖော်ကြေညာလိုက်ပြီး မူဆလင်နိုင်ငံများရှိ အမေရိကန်သံရုံးတို့ထွက်ခွာသွားရေးအတွက် ပိုမို တိုက်ခိုက်ကြရန် တိုက်တွန်းလိုက်သည်။

တမန်တော်မိုဟာမက်ကို စော်ကားထားသည့် အမေရိကန်နိုင်ငံထုတ် ရုပ်ရှင်ကားကြောင့် မူဆလင်ကမ္ဘာတွင် ဒေါသတကြီး ကန့်ကွက် ဆန္ဒပြနေမှုတို့ကို အယ်လ်ကိုင်ဒါက ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာချက်တွင် ရေးသားထားသည်။
မငြိမ်မသက်မှုများ အဆုံးသတ်ရေး ကြိုးပမ်းသည့်အနေဖြင့် ဆော်ဒီအာရေဗျရှိ ဘာသာရေးဆိုင်ရာအာဏာပိုင်တို့က မူဆလင်များ၏ ဒေါသကို အကြမ်းဖက်မှုအသွင် မပြောင်းသင့်ကြောင်း ပြောဆိုလိုက်သည်။ အဆိုပါရုပ်ရှင်ဇာတ်ကားက အစ္စလာမ်ဘာသာကို အမှန်တကယ် ထိခိုက်ခြင်း မရှိဟုလည်း ၎င်းတို့က ပြောလိုက်သည်။
ယခုတပတ်အတွင်း အမေရိကန် နှင့် အနောက်တိုင်းဆိုင်ရာ သံရုံးများ ဆန္ဒပြ၊ တိုက်ခိုက်ခံနေရမှုတွင် အယ်လ်ကိုင်ဒါတို့ တိုက်ရိုက်ပတ်သက်နေသည်ဟူသော သက်သေအထောက်အထား မရှိသေးပေ။
အစ္စလာမ်ဘာသာဝင်များထဲမှအလွန်အကျူး အစွန်းရောက်သူတို့ကသာ ဆန္ဒပြမှုများ ဖြစ်ပေါ်စေရန် အဓိက လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဆန္ဒပြမှုကို အယောင်ပြပြီး လစ်ဗျားရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ကာ သံအမတ် ခရစ်စတီဗင် နှင့် အမေရိကန်သုံးဦးအား သတ်ဖြတ်ခဲ့မှု အကောင်အထည် ဖော်ခဲ့ခြင်း ဟုတ်မဟုတ် အမေရိကန်နှင့် လစ်ဗျား အာဏာပိုင်တို့က စုံစမ်းနေကြသည်။
ယီမင်နိုင်ငံရှိ အယ်လ်ကိုင်ဒါဌာနခွဲက ကြေညာရာတွင် သံအမတ် စတီဗင်ကို သတ်ဖြတ်မှုသည် သံရုံးတိုက်ခိုက်မှုများအတွက် “အကောင်းဆုံးနမူနာ” ဖြစ်သည်ဟု ဆိုထားသည်။
“ဖြစ်ပျက်ခဲ့သည်တို့မှာ အလွန် ကောင်းမွန်ပြီး ဤလုပ်ရပ်များကို ပန်းတိုင်တစ်ခုတည်းအတွက် လုပ်ဆောင်သင့်သည်။ ထိုပန်းတိုင်မှာ မူဆလင်တို့၏နိုင်ငံများမှ အမေရိကန်သံရုံးတို့ကို မောင်းထုတ်ရေးဖြစ်သည်” ဟု အဆိုပါအုပ်စုက ဆိုသည်။
မူဆလင်နိုင်ငံတို့ရှိ အဆိုပါသံရုံးများကို ဆက်လက် မီးရှို့ကြရန် ဆန္ဒပြသူတို့ကို တိုက်တွန်းကြောင်း ကြေညာချက်တွင် ရေးထားသည်။
ယီမင်နိုင်ငံရှိ အယ်လ်ကိုင်ဒါတို့သည် အကြမ်းဖက်မှုကွန်ရက်အတွင်း အတက်ကြွဆုံးနှင့် အန္တရာယ်အရှိဆုံးအဖြစ် အမေရိကန်က ယူဆထားသည်။
သောကြာနေ့တွင် “Innocence of Muslims” အမည်ရှိ ရုပ်ရှင်ကားကို ဆန့်ကျင်ကန့်ကွက်မှုများ နိုင်ငံ ၂၀ ကျော်တွင် ဖြစ်ပွားခဲ့သည်။ အများအားဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော်လည်း ဆူဒန် နှင့် တူနီးရှားတွင်မူ အဆိုပါဆန္ဒပြပွဲတိုက အမေရိကန်နှင့် အနောက်နိုင်ငံ သံရုံးတို့ကို တိုက်ခိုက်ခြင်း၊ လုံထိန်းတို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများအဖြစ် ပြောင်းလဲသွားသည်။ ရုန်းရင်းဆန်ခတ်မှုကြောင့် အနည်းဆုံး ၆ ဦး သေဆုံးသွားသည်။
အကြမ်းဖက်မှုများ ငြိမ်သက်သွားရန် ကြိုးပမ်းသည့်အနေဖြင့် ဆော်ဒီအာရေဗျရှိ အဆင့်မြင့်ဆုံးသော ဘာသာရေးဆိုင်ရာအာဏာပိုင်တို့က “အဆိုပါရုပ်ရှင်ဇာတ်ကားက တမန်တော်မိုဟာမက်နှင့် အစ္စလာမ်ဘာသာကို အမှန်တကယ် ထိခိုက်ခြင်း မရှိကြောင်း …. ကျွန်ုပ်တို့က အဆိုပါရုပ်ရှင်ကားကို ဒေါသမပါဘဲ ရှုတ်ချသင့်ကြောင်း” ပြောလိုက်သည်။
AP သတင်းကို မိုးမခ မီဒီယာက ဘာသာပြန်သည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...