10:11 AM
ဒိန်းမတ် ရခိုင်အသင်းမှ ရွှေဝါရောင်မှ ရဟန်းတော်များ တည်းခိုရာ တောကျောင်းသို့ အ၀ီစိ စက်ရေတွင်းလှူ
Posted by nankeythiooရွှေဝါရောင် အရေးအခင်းပြီးနောက် ထွက်ပြေး တိမ်းရှောင်လာကြသော ရဟန်းတော်များ အများဆုံး တည်းခိုရာ ကော့စ်ဘားမြို့ တောကျောင်း ဘုန်းတော်ကြီးကျောင်းသို့ ဒိန်းမတ် ရခိုင် အသင်းမှ စက်ရေတွင်း တစ်တွင်းနှင့် ရေတင် မော်တာ စက်တစ်လုံး လှူဒါန်း လိုက်ကြာင်း သတင်း ရရှိသည်။

လှူဒါန်းငွေမှာ ဘင်္ဂလာ တာကာ ၄၇၀၀၀ (မြန်မာကျပ်ငွေနှင့် ဆိုလျှင် ၄၅၀၀၀၀) ရှိကြောင်း သိရသည်။
“ဒိန်းမတ်နိုင်ငံ အခြေစိုက် ရခိုင်အမျိုးသား ရိုင်းပင်းကူညီမှု အသင်းက တာကာ ၄၇၀၀၀တန်ဖိုးရှိ အ၀ီစိ စက်ရေ တွင်းတစ်တွင်းနဲ့ ရေတင် မော်တာစက် တစ်လုံး လှူဒါန်း ပါတယ်။ ဒါဟာ ပထမဆုံး အကြိမ်နိုင်ငံခြားက လှူဒါန်းတာ ဖြစ်တဲ့ အတွက် ဆရာတော်အနေနဲ့ အရမ်းလည်း ၀မ်းသာသလို ကျေးဇူးလည်း တင်ပါတယ်” ဟု တောကျောင်း ဆရာတော် ဦးစန္ဒာဝရ က ပြောသည်။
ကော့စ်ဘဇားရှိ တောကျောင်းမှာ ရခိုင်မှ ရောက်ရှိလာသော ရဟန်းတော်များ၊ တော်လှန်ရေး သမားများ အများဆုံး ၀င်ထွက် တည်းခိုနေထိုင်ရာ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း ဖြစ်ပြီး စက်ရေတွင်း မရှိသဖြင့် တည်းခို နေထိုင်သူ များ အနေဖြင့် အမြဲတန်းလိုလို ရေအခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
“ အခုတော့ ကျောင်းရဲ့ အဓိက အခက်အခဲ ရေကတော့ အဆင်ပြေသွားပြီ။ ရေအကျိုး ဆယ်ပါး ဆိုတဲ့အတိုင်း ခုလို ရေရရှိရေး လှူဒါန်းတဲ့ အတွက် ဒိန်းမတ်က တကာ တကာမတွေ ရေအကျိုး ဆယ်ပါး ပြည့်ကြပါစေလို့ ဆန္ဒပြုပါတယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များမှာ လူနည်းစု ဖြစ်သည့် အပြင် စီးပွားရေးလည်း အရင်လို မကောင်းကြတော့သဖြင့် တည်ရှိနေသော ကျောင်းကန် ဇရပ်များကို ထိန်းသိမ်း ပြုပြင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြသည်ဟု ဆရာတော်က ပြောသည်။
“ဒီနိုင်ငံက မူဆလင် တိုင်းပြည် ဖြစ်တဲ့ အတွက် ဘုန်းကြီးကျောင်း တွေရဲ့ လိုအပ်ချက် တွေကို ကောင်းကောင်း မွန်မွန် မပြုပြင်နိုင်ဘူး။ မဆောက်လုပ်နိုင်ဘူး။ ခုဦးပဉ္ဇင်းတို့ ကျောင်းဆိုရင် ခြံဝင်း ထရံ တောင်မရှိ ဖြစ်နေတယ်။ ကျောင်းတကာ တွေကလည်း မိမိ မိသားစုစားဝတ် နေရေးအတွက် တိုက်ပွဲဝင် နေကြရတော့ ကျောင်း ကန်တွေ ဘယ်လို ရှိနေတယ် ဆိုတာကို လှည့်တောင် မကြည့် နိုင်ဘူး ဖြစ်နေပါတယ်။ အဲဒါကြောင့် နိုင်ငံခြားမှာရှိတဲ့ အလှူရှင်တွေရဲ့ အကူအညီကို ယူပြီး စက်ရေတွင်း တူးဖေါ်ရတာ ဖြစ်ပါတယ်။ အရမ်းဝမ်းသာမိပါတယ်” ဟု ဆိုသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံရှိ ရခိုင် ကျေးရွာ အများအပြား တွင် ဘုရား ကျောင်းကန် စေတီပုထိုး အများအပြား တည်ရှိသော်လည်း စီးပွားရေး အကျပ် အတည်းနဲ့ ဆင်းရဲ မွဲတည်မူကြောင့် ထိန်းသိမ်း စောင့်ရှောက် နိုင်ခြင်း မရှိတော့သဖြင့် ဘင်္ဂလာဒေခ်ျ့တွင် ဘာသာ သာသနာ ကွယ်ပျောက် သွားမည်ကို ဗုဒ္ဓဘာသာဝင်များက အထူး စိုးရိမ် နေကြသည်ဟု သိရသည်။


"/>



Myanmar Kyat Converter
Yangon (Rangoon) Time
0 comments:
Post a Comment