ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts



၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနှင့် စေတနာဝသန်ပွဲတက်ရောက်လာသူများ
စေတနာဝသန် ၈၈ မျိုးဆက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၄း၃၀ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီအသီးသီးမှ ပုဂ္ဂိုလ်များ၊ သမ္မတရုံး အစိုးရ၀န်ကြီး ဦးစိုးသိန်း စတဲ့ အစိုးရ ထိပ်ပိုင်းအရာရှိများ၊ သြဂုတ်လ ၃၁ ရက်နေ့နဲ့ စက်တင်ဘာလ ၁ ရက်နေ့တွေမှာ သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်မှုနဲ့ ပြည်တွင်းပြန်ဝင်လာတဲ့ နိုင်ငံရေးအတိုက်အခံများ၊ ပရိသတ် ထောင်နဲ့ချီ တက်ရောက်လာခဲ့ကြပါတယ်။ စေတနာဝသန် ဂီတဖျော်ဖြေပွဲမှာ အဆိုတော် အယောက် ၈၀ ကျော်နဲ့ တေးဂီတ ၁၅ ၀ိုင်းတို့မှ သီဆိုဖျော်ဖြေမှာ ဖြစ်ပါတယ်။ အခမ်းအနားမှူးအဖြစ် အနုပညာရှင် အရိုင်းမှ ဆောင်ရွက်ပြီး သီးလေးသီး လူရွှင်တော်အဖွဲ့မှ ပါဝင်အားဖြည့် ကူညီထားပါတယ်။ စေတနာဝသန် ဂီတဖျော်ဖြေပွဲကို Sky Net ရုပ်သံလိုင်းမှ ပွဲစဉ် အစအဆုံး တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...