6:03 PM
Kuala Lumpur တွင် မြန်မာ(၆)ဦး ရောင်းစားခံရရာမှ (၂) ဦးအသတ်ခံ၊ (၄) ဦးလွတ်မြောက်
Posted by nankeythioo
|

ရောင်းစားခံရသော မြန်မာနိုင်ငံသားများတွင်ရခိုင် (၂)ဦးနှင့်ဗမာ
(၂)ဦးဖြစ်ပြီး အသတ်ခံရသူ၂ဦးမှာ ဗမာပြည်မှဖြစ်ကြောင်းသိရသည်။
၎င်းတို့အားမြဝတီမှပွဲစားတစ်ဦးဖြစ်သူ ခိုင်မင်းညိုမှမဟာချိုင်တွင်
အလုပ်လုပ်ရန်ပို့ပေးမည်ဟုဆိုကာ မလေးရှားတွင်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
မလေးရှားနိုင်ငံရောက်အမျိုးသားအရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးဖြစ်သူကိုမျိုးရခိုင်က "
မနေ့ကသူတို့အကြောင်းကိုကြားတော့ကျွန်တော်တို့သွားပြီးကူညီပေးခဲ့ပါတယ်။သူတို့ကိုမြဝတီကပွဲစားကိုခိုင်မင်းညိုက
မဟာချိုင်ကိုအလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုပြီးခေါ်လာတယ်လို့
ပြောတယ်။သူတို့အားလုံးထိုင်းနိုင်ငံကို အောက်တိုဘာလပိုင်းစရောက်ပြီးတော့
အောက်တိုဘာလ ၂၈ ရက်နေ့မှလှေစထွက်ရတယ်။ ပြီးတော့ဒီဇင်ဘာလ (၁၉)
ရက်နေ့ကစပြီးသူတို့ ထွက်ပြေးကြတာလမ်းမှာ (၂)ရက်ကြာသွားတယ်။
အဲဒီမှာသူတို့(၆)ယောက်ထဲက ကိုကုလားလေးနဲ့ ကိုရှမ်းကလေးက အသတ်ခံရပြီးတော့
ကိုရှမ်းကလေးက မသေသေးပဲရေထဲမှာ ကူးနေတာကိုပန်ကာနဲ့
သူတို့ကတိုက်သတ်ပစ်လိုက်တယ်။ ကျန်တဲ့သူတို့ ၄ ယောက်ကထွက်ပြေး
လွတ်မြောက်လာကြတယ်။ " ဟုပြောသည်။
ယခုလွတ်မြောက်လာသူများမှာရခိုင်ပြည်၊မြေပုံမြို့နယ်၊ကြက်ချေကျွန်းမှအဖဦးဗိုလ်ကျော်၏သားမောင်ဗိုလ်သန်းအသက်
(၂၅)နှစ်၊ မင်းပြားမြို့နယ် အောက်ရွာမှအဖဦးညို၊
အမိဒေါ်စံနုတို့ရဲ့သားမောင်မောင်သန်းအသက်
(၃၄)နှစ်၊မြဝတီ၊ကော့ကရိတ်ကမောင်မျိုးခိုင်ဦးအသက်
(၁၉)နှစ်နဲ့ရန်ကုန်မြို့ကမောင်သိန်းလှိုင်အသက် (၂၃)
နှစ်တို့ဖြစ်ကြောင်းသိရှိရသည်။
မလေးရှားနိုင်ငံ၊ Kuala Lumpur တွင်အလုပ်လုပ်ကိုင်နေကြသော
မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံတွင်အလုပ်အကိုင်ရှားပါးခြင်း
အလုပ်လုပ်ရန်အခွင့်အလမ်းများ မရှိခြင်းတို့ကြောင့်မလေးရှား၊ စင်္ကာပူ ထိုင်း
အစရှိသည့်နိုင်ငံခြားတိုင်းပြည်များသို့
အလုပ်အကိုင်ရှာဖွေရန်ထွက်ခွာမှုများပြားနေသည်။
ထိုနေရာများတွင်အလုပ်ကြမ်းများကို
မတရားအခိုင်းခံရခြင်း၊ရိုက်နှက်နှိပ်စက်မှုများ ခံရခြင်းနှင့်အထူးသဖြင့်
အမျိုးသမီးငယ်လေးများသည် လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင်
အရောင်းစားပိုမိုခံနေရကြောင်း သိရသည်။
0 comments:
Post a Comment