ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ဇွန်လ ၄ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ နို့ဖောထီးနှင့် ထီးကဆောမဲကျေးရွာအကြားတွင် ဒေသခံလူထုပိုင် မြေများအတွင်း နယ်ခြားစောင့်တပ်-BGF အမှတ်(၁၀၁၃)တပ်ရင်းအတွက် တပ်နေရာတည်ဆောက်ရန် ထိုဒေသရှိ မြန်မာအစိုးရတပ်က ညွှန်ကြားမှုများ ပြုလုပ်ထားသည်ဟု သတင်းရရှိသည်။

မြန်မာအစိုးရတပ်မ(၄၄)၊ နည်းဗျူဟာ(၄၄၂)တပ်ရင်းကို ဦးဆောင်သည့် ဗျူဟာမှူး ဗိုလ်မှူးကြီးတင့်ထွန်းက အမှတ်(၁၀၁၃)တပ်ရင်းအား အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ စတင် အကောင်အထည်ဖော်ရန် မေလ အစောပိုင်းတွင် ညွှန်ကြားထားခြင်းဖြစ်သည်။

လက်ရှိအခြေအနေအရ အဆိုပါဒေသရှိ ဒေသခံများ ပိုင်ဆိုင်ရာ ရာဘာခြံ၊ ဥယျာဉ်ခြံ၊ လယ်ကွင်းနှင့် သင်္ချိုံင်း အပါအ၀င် မြေ ၇၅ဧကအ တွင်း ဂရိတ်ဟိန်းကုမ္ပဏီကို ငှားရမ်းကာ ပြီးခဲ့သည့် မေလ ၂၀ရက်ကတည်းက ချုံရှင်းလင်းမှုများ စတင် လုပ်ဆောင်နေပြီဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

သို့သော် အဆိုပါမြေများကို မြန်မာစစ်တပ်က ဒေသခံများထံ မြန်မာငွေကျပ်တန်ဖိုး မည်မျှပေး၍ ၀ယ်ယူမည်ကို မသိရသေးသော်လည်း လျော့ဈေးဖြင့် ၀ယ်ယူမည်ဖြစ်ပြီး မရောင်းပါက အလကား သိမ်းယူမည်ဟုလည်း BGF က ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။

နယ်ခြားစောင့်တပ်-BGF (၁၀၁၃)တပ်ရင်းသည် ဗိုလ်မှူးစောလှကြိုင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် မိမိတို့တပ် နေရာကို တည်ဆောက်ပေးမည့် ဂရိတ်ဟိန်းကုမ္ပဏီအတွက် လုံခြုံရေး ယူပေးရမည်ဟုလည်း သိရသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...