ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့  ဇွန် လ ၃ ရက်နေ့  နံနက် ၈နာရီ ၄၀ မိနစ် အချိန်တွင် TG - 303 လေယာဉ်ဖြင့် ထိုင်းနိုင်ငံ ခရီးစဉ်မှရန်ကုန်မြို့  သို့ ပြန်လည်ရောက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၉ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် TG 306 လေယာဉ်ဖြင့် ဘန်ကောက်မြို့ သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်နှင့်ပတ်သက်ပြီး လေဆိပ်တွင် မီဒီယာများမှမေးမြန်းခဲ့ရာ ၄င်းအနေဖြင့် တစ်စုံတစ်ရာပြန်လည်ဖြေဆိုခဲ့ခြင်းမရှိ့ပေ။၎င်းသည် ဘန်ကောက် မြို့ တွင် မေ ၃၀ မှ ဇွန် ၁ ရက် နေ့ အထိ ကျင်းပခဲ့သော အရှေ့ အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ ပြောင်း လုပ် သားများနှင့် တွေ့ ဆုံခဲ့ကာ၊ မယ်လဒုက္ခသည် စခန်း သို့ လည်းသွား ရောက်၍ မြန်မာဒုက္ခသည်များနှင့်တွေ့ ဆုံခဲ့သေးသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...