5:59 AM
စစ်တေဋ္ဌမြို့ မင်းဂံရပ်ကွက်တွင် ဘင်လီကာလူအုပ်နှင့် လုံထိန်းရတပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်နေ
Posted by nankeythioo![]() |
| ဓါတ်ပုံ-ဖေ့စ်ဘုတ် |
နံနက် ၁၁ နာရီခွဲ၊ ဇွန် ၁၀၊ ၂၀၁၂၊ YPI
ယနေ့နံနက် ၁၁နာရီရရှိသည့် သတင်းများအရ စစ်တွေမြို့မင်းဂံရပ်ကွက်တွင် နေအိမ်များ မီးရှို့ရန်ကြိုးစားသည့် ဘင်္ဂါလီလူအုပ်စုနှင့် လုံထိန်းရဲတပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်နေရကြောင်းနှင့် နှစ်ဘက်စလုံး အကျအဆုံးရှိကြောင်း စစ်တွေမြို့ခံများအား ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ယမန်နေ့ညက အခြေအနေမှာ ငြိမ်သက်ခြင်းမရှိခဲ့ပဲ ယခုနေ့ခင်းပိုင်းအထိ အခြေအနေကို ငြိမ်သက်အောင် မထိန်းသိမ်းနိုင်သေးကြောင်းလည်း မြို့ခံတဦးက ပြောသည်။
၎င်းအနေဖြင့် လုံထိန်းအင်အားနည်းပါးနေသည်ကို တွေ့မြင်ရကြောင်း၊ ယနေ့နေ့ခင်းအခြေအနေကို ငြိမ်သက်အောင် မထိန်းသိမ်းနိုင်ပါက ယနေ့ညပိုင်းတွင် ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်လျှက်ရှိသည်ဟုလည်း ၎င်းကပြောသည်။
မကြာသေးမီ မိနစ်ပိုင်းက စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအား ဆက်သွယ်မေးမြန်းရာတွင်မူ မင်းဂံရပ်ကွက်တွင် ငြိမ်သက်လျှက်ရှိကြောင်းသာ ဖြေကြားခဲ့သည်။


"/>



Myanmar Kyat Converter
Yangon (Rangoon) Time

0 comments:
Post a Comment