6:53 PM
တပ်မတော်ရဲ့နိုင်ငံရေးမှ နောက်ဆုပ်မည့်ခြေလှမ်းကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Posted by nankeythioo
Browse › Home › မြန်မာ့သတင်း » တပ်မတော်၏ နိုင်ငံရေးမှ နောက်ဆုတ်မည့် ခြေလှမ်းကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
ရန်ကုန်၊ ဇွန် ၆
မြန်မာနိုင်ငံရေးတွင် တပ်မတော်မှ သင့်တော်သည့် အချိန်တွင် နောက်ဆုတ်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောကြားချက်ကို ကြိုဆိုကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။
“ တပ်မတော်နှင့် အတူ သိက္ခာရှိတဲ့ ခြေလှမ်းတွေကို အတူလက်တွဲပြီးတော့ လှမ်းချင်ပါတယ်။ ဗိုလ်ချုပ်ကြီးလှမင်းက ပြောတယ်ဆိုတော့ ကျွန်မ အင်မတန်မှ သဘောကျပါတယ်။ တပ်မတော်ဟာ အစဉ်အမြဲရနေတဲ့ အခွင့်အရေးကို ထိန်းသိမ်းချင်တဲ့ တပ်မတော်မဟုတ်ဘူး။ နိုင်ငံနဲ့ သင့်တော်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးဖို့ လိုလားတဲ့ တပ်မတော်ဆိုတာ ပြလိုက်တဲ့အတွက် ကျွန်မအနေနဲ့ အများကြီး ကြိုဆိုပါတယ်”ဟု Venus News Weekly၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။
Venus News Weekly

"/>

Myanmar Kyat Converter
Yangon (Rangoon) Time

0 comments:
Post a Comment