ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

AIPMC နှင့် အနိုင်ရ ဒီချုပ်ပါတီ အမတ်များ တွေ့ဆုံ

၂၀၁၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က မြန်မာ့အရေး လိုက်ပါဆောင်ရွက်နေသော စင်ပြိုင်အာဆီယံအမတ်များ ASEAN Inter-Parliamentary Myanmar Caucus (AIPMC) အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းထိန်၊ ဒေါ်စုစုလွင်၊ ဒေါက်တာဇော်မြင့်မောင်၊ မန်းဂျော်နီ၊ ဦးဖြိုးမင်းသိန်း၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးအောင်ကြည်ညွန့်တို့ နေပြည်တော်မှာရှိတဲ့ Capital ဟိုတယ်မှာ ညနေ ၆ နာရီခန့်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ စကားပြန်အဖြစ် ကိုတိုးကျော်လှိုင်မှ ဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းရရှိပါသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...