ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပတ်သက်ပြီး ရခိုင်လူထု အေးအေး ချမ်းချမ်း နေထိုင်နိုင်ရေးအတွက် မနေ့က ရသေ့တောင်မြို့မှာ မြို့နယ် ဂိုဏ်းပေါင်းစုံ သံဃာ
 တော်တွေရဲ့ အစည်းအဝေး ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးကနေ ဆုံးဖြတ်ချက် (၁၂) ချက် ချမှတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့---

သတင်း အပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...