ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

နေပြည်တော် ဇူလိုင် ၅ ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး နံနက်ပိုင်းတွင် အရေးကြီး အဆိုတစ်ရပ် အဖြစ် အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေက အဆို တင်သွင်းသည်။

အဆိုမှာ ၂၀၁၂ ခုနှစ် ဇွန်လ အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော  အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပြည်သူများ သေကျေ ထိခိုက်ခြင်း၊ နေအိမ်နှင့် ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများ လတ်တလော ရပ်တည်နိုင်ရေး အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ နေ့တွက်စားရိတ် ရရှိငွေများမှ (၃)ရက်စာ စုပေါင်းလှူဒါန်း ပေးသင့်ကြောင်းနှင့် စေတနာရှိပြီး တတ်နိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များကလည်း ထပ်ဆောင်း လှူဒါန်းသင့်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဒေသခံ ပြည်သူများ၏ အခြေအနေများကို သိရှိနိုင်ရန်၊ ပြည်သူများနှင့် တွေ့ဆုံ အားပေးမှုများ ပြုလုပ်နိုင်ရန် အတွက် ပြည်သူ့ လွှတ်တော်တွင် ဖွဲ့စည်းထားသည့် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်တို့က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင် ဖွဲ့စည်းသည့် အဖွဲ့တစ်ဖွဲ့အား စေလွှတ်ပေးပါရန် ပြည်သူ့လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုဖြစ်သည်။


ယင်းအဆိုကို လွှတ်တော်က အတည်ပြုကြောင်းနှင့် ဆောင်ရွက်ရန် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။


(သတင်းစဉ်) Ministry of Information

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...