ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts






imagesရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင်နှင့် ရခိုင်အဓိကရုဏ်းသည် မနက်ဖြန် ဇူလှိုင်လ ၈ ရက်နေ့တွင် တစ်လပြည့်သည့်အတွက်ကြောင့် ရခိုင်ပြည်နယ် တစ်ခုလုံးမှာနေထိုင်သော ရခိုင်တိုင်းရင်းသားများက မိမိတို့နေထိုင်တဲ့ အိမ်တိုင်းအိမ်တိုင်းမှာ မနက်မိုးလင်းတာနဲ့ သာသနာ့အလံထောင်ပြီး ဆုတောင်းသွားမည်ကို သတင်းရရှိသည်။
တစ်လပြည့်အထိမ်းအမှတ်အနေနဲ့ သာသနာ့အလံထောင်ပြီး ဆုတောင်းရသောရည်ရွယ်ချက်ကို စစ်တွေမြို့ဒေသခံလူငယ်တစ်ဦးက “ ကျနော်တို့ ရခိုင်တိုင်းရင်းသားများဆုတောင်းရတဲ့ ရည်ရွယ်ချက်က လွန်ခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် သေဆုံးသွားတဲ့ ရခိုင်တိုင်းရင်းသားတွေ ကောင်းရာသုကတိ ရောက်ပါစေကြောင်း ဆုတောင်းမှာဖြစ်ပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်တစ်ခုလုံး ငြိမ်းချမ်းစေချင်တဲ့ရည်ရွယ်ချက်နဲ့ ဆိုင်ကယ်နှင့် ကားများပေါ်မှာ သာသနာ့အလံထောင်ပြီး ဆုတာင်းသွားမှာဖြစ်ပါတယ်။ ” ဟု ၄င်း လူငယ်က ဆိုသည်။
ယခု ဆုတောင်းပွဲကို ရခိုင်ပြည်အတွင်းမှာနေထိုင်သော ရခိုင်တိုင်းရင်းသားများသာမက မြန်မာတစ်နိုင်ငံလုံးမှာနေထိုင်သော ရခိုင်တိုင်းရင်းသားများအားလုံးနှင့် အခြားပြည်ပရောက် ရခိုင်တိုင်းရင်းသများက မိမိတို့နေထိုင်တဲ့ အိမ်တိုင်းအိမ်တိုင်းနှင့်ယာဉ်များမှာ သာသနာ့အလံထောင်ပြီး ဆုတောင်း လုပ်ပေးကြပါလို့ စစ်တွေမြို့ဒေသခံများက တိုက်တွန်းတောင်းဆိုလိုက်သည်။
ဇွန်လ ၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ပြဿနာများကြောင့် ရခိုင်ပြည်သူလူထုမှာ သေဆုံးမှုနှင့် အမြောက်အမြားက ဒဏ်ရာရ၍ အိုးအိမ်ပစ္စည်းများဆုံးရှုံးသွားသည်ကို သိရှိရပြီး ပြဿနာဖြစ်ပွားခဲ့သော ဒေသများမှာ အခုထက်ထိ စာသင်းကျောင်းများတစ်ချို့မဖွင့်ဘဲရှိနေတဲ့အပြင် ကျန်းမာရေးလည်း အားနည်းနေသည်ကို သိရှိရသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...