ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


အမေရိကန်သမ္မတ အိုဘားမားသည် နှစ်ပေါင်း ၁၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင်း၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခွင့်ကို တရားဝင်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်းသိရသည်။ ယခုကဲ့သို့ အမေရိကန်အစိုးရ၏ ခွင့်ပြုချက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများ လုပ်လိုသော အမေရိကန်ကုမ္ပဏီများ သည် နှစ်စဉ် လုပ်ငန်းအသေးစိတ် ဖော်ပြချက်လျှောက် လွှာများကို အစိုးရထံ ပေးပို့ရန်လိုအပ် မည်ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်သော ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကိုမူ ပိတ်ပင်ထားဦးမည် ဖြစ်ကာ ယင်းတွင် ယခင် မြန်မာစစ်အစိုးရနှင့် ဆက်စပ်နေသော လုပ်ငန်းများလည်း ပါဝင်သည်။
ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် သမ္မတ အိုဘားမားက `ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးခြင်းဟာ ပြုပြင်ပြောင်းလဲရေး အတွက် ကျွန်တော်တို့ရဲ့ ထောက်ခံအားပေးမှုကို အချက်ပြတာပဲဖြစ်ပါတယ်။ ဒါက ပြုပြင်ပြောင်းလဲရေး သမားတွေအတွက် လက်ငင်း အကျိုးကျေးဇူး ဖြစ်စေပြီး မြန်မာ ပြည်သူတွေအတွက် ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေပါလိမ့်မယ်´ဟုပြော သည်။
သမ္မတအိုဘားမားသည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို နှောင့်နှေးစေ သောလူပုဂ္ဂိုလ်များကို အရေးယူအပြစ် ပေးနိုင်သည့် အမိန့်ကြေညာစာ တစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ယခု ပြဋ္ဌာန်းလိုက်သော အမေရိကန်အစိုးရ၏ ခွင့်ပြုချက်အရ မြန်မာနိုင်ငံတွင်း၌ ဒေါ်လာ ၅၀၀,၀၀၀ နှင့်အထက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော ကုမ္ပဏီများသည် ၄င်းတို့၏ မြေ၀ယ်ယူမှုဆိုင်ရာ အချက်များ၊ အစိုးရအဖွဲ့အစည်းများသို့ ပေးသွင်းသောငွေများ၊ စစ်တပ်၊ သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးဆိုင်ရာ ပေါ်လစီများနှင့် ထိတွေ့မှု စသည်တို့ကို နှစ်စဉ် အသေးစိတ် အစီရင်ခံစာရေး၍ ကန်အစိုးရထံ တင်သွင်းရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကံဇော်ကလည်း ယမန်နေ့က ဟောင်ကောင်တွင် မြန်မာ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားမှု အများအပြားရှိနေ ကြကြောင်း၊ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ထွက်ပေါ်လာရန် ရင်းနှီးမြှုပ်နှံသူများဘက်က စောင့်ကြည့်နေကြကြောင်း ပြောကြားခဲ့သည်။

7Day News Journal

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...