ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


တာကာငွေ ၂ ဒဿမ ၁၄ ကုဋေ ဖိုးခန့်ရှိသည့် ယာဘားဆေးပြား ၆၇၁၃၅ ပြားကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့က နယ်စပ်မြို့ တက်ကနက်တွင် ဖမ်းဆီး ရမိကြောင်း သက်ဆိုင်ရာက သတင်း ထုတ်ပြန်ကျေညာသည်။

လွန်ခဲ့သော စနေနေ့က မြန်မာနိုင်ငံသား မွတ်ဆလင် သုံးဦးနှင့် အတူ ယာဘား ဆေးပြား ၄၀၀၈၈ ကို နတ်မြစ်အတွင်း ဘုတ်တစ်စီးပေါ်မှ ရှာဖွေ ဖမ်းဆီးရမိပြီးနောက် ယခု ဆေးပြားများကို နောက်ထပ် ဖမ်းဆီးရမိခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး ဇော်ဟစ် ဟာဆန်၏ ထုတ်ဖေါ်ပြောဆိုချက်အရ အဆိုပါ ဆေးပြားများကို တက်ကနက် (ကယုချောင်း) မြို့နယ် ဆားပြင် တိုက်နယ်တွင် တနင်္လာနေ့ နံနက်က ပြုလုပ်သော စီးနှင်း ရှာဖွေမူ တစ်ခု အတွင်း ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ဆိုသည်။
ယာဘားဆေးပြား မှောင်ခိုသမားများမှာ ထွက်ပြေးသွားသဖြင့် တစ်စုံတစ်ဦးကိုမှ ဖမ်းဆီးရမိခြင်း မရှိကြောင်း ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ် ဘီဂျီဘီ အနေဖြင့် မြန်မာဘက်က ယာဘားဆေးပြားများ တင်သွင်းနေမူကို တားဆီးရန် စစ်ဆင်ရေးများ ပြုလုပ်ပြီး နှိမ်နှင်းနေသော်လည်း ယာဘားဆေးပြားများမှာ နယ်စပ် က တဆင့် ဘင်္ဂလာဒေခ်ျ့ကို နေ့စဉ် ၀င်ရောက်နေသည်ဟု ဆိုသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...