ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


ထွန်းထွန်း
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မူစဲကမ်းအတွင်း ဘင်္ဂလီ မွတ်ဆလင်များနှင့် တိုက်ခိုက်နေကြသော လူအုပ်ထဲကို စစ်တပ်မှ ချိန်ရွယ်ပစ်ခတ်သဖြင့် ရခိုင် ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိသွားကြောင်း လူနာများကို ဆေးရုံသို့ ပို့ဆောင်နေသည့် အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ နှစ်ဦးပွဲချင်းပီ သေပါတယ်။ ၉ ဦးဒဏ်ရာ ရပါတယ်။ အခု လူနာ ၉ ဦးက စစ်တွေ ဆေးရုံကို ရောက်နေပြီ ဖြစ်ပါတယ်” ဟု အမျိုးသမီးက ပြောသည်။
သေဆုံးသူများမှာ ကျွန်းကြီးကျေးရွာမှ ဦးသိန်းလှမောင်နှင့် နောက်တစ်ဦးမှာ ကံချောင်းကျေးရွာမှ ဖြစ်ကြောင်း သိရသည်။
“ အခု ကျွန်မ သိရတာက စစ်တပ်က လမ်းက ဖြတ်ပြီး ပစ်တယ်လို့ ပြောတယ်။ မိုးပေါ်ကို ခြောက်လှန့် ပစ်ခတ်မျိုး မဟုတ်ဘဲ လူအုပ်ထဲကို တည့်တည့်ပစ်တယ်လို့ ပြောပါတယ်။ အခု အခြေအနေက တော်တော်ဆိုးရွားနေပါတယ်” ဟု သူမက ပြောသည်။
ညောင်ပင်ကြီး မွတ်ဆလင် ရွာအနီးတွင် လက်နက်အပြည့်အစုံဖြင့် စောင့်နေသော စစ်တပ်က ယမန်နေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) ညနေက  တိုက်ခိုက်ကြရန် စုဝေးနေသော လူအုပ်ကြီးကို ပစ်ခတ်ခဲ့သည်ဟု ပြောသည်။
နောက်ဆုံး အခြေအနေကို မေးကြည့်ရာ အမျိုးသမီးက ဆက်ပြီး “ နောက်ဆုံး အခြေအနေက စစ်တပ်က ခုမိုးပေါ်ကိုထောင် ပစ်တာမရှိဘူး။ လူအုပ်ထဲကို တည့်တည့်ချိန်ပြီး တော့ ရေတွက်မရအောင် ဖြိုပစ်နေပါတယ်။ ဒါတော်တော် ရက်စက်ယုတ်မာတဲ့ ထိန်းသိမ်းမူ တခုဖြစ်နေပါတယ် ” ဟု ပြောသည်။
အဆိုပါဒေသအတွင်း ရခိုင်ရွာများဖြစ်သည့် ဆားပြင်ကြီး၊ ကျွန်းကြီးရွာ၊ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်လည်၊ ပန် ဇင်းမောင်ရွာ၊ ရွာကြီးမြောက်ရွာ၊ ကန်ချောင်းရွာနှင့် ဘင်္ဂလီရွာများ ဖြစ်သည့် အနောက်ပြင်ရွာနှင့် ညောင်ပင်ကြီး ကျေးရွာတို့ရှိသည် ဟုသိရသည်။
ယခုအခါ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီ မွတ်ဆလင် အဓိဂရုဏ်းမှာ တမြို့နယ်ပီး တမြို့နယ် ကူးစက်ပျံ့ပွားနေပြီး တိုက်ခိုက်မူများ မြို့နယ် တချို့တွင် ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...