ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


မောင်အေး
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း များ၊ ဗုဒ္ဓဆင်းထုတော်များနှင့် နေအိမ်များကိုအကြမ်းဖက် မီးရှို့ ဖျက်ဆီးရာတွင် ပါဝင်သူများကို သယ်ယူ ပို့ဆောင်ပေးခဲ့သည့် ထရပ်ကားတစ်စီးကို စစ်တကောင်းခရိုင်အတွင်း အာဏာပိုင်များက ဖမ်းဆီး လိုက်သည်။

အဆိုပါ ထရပ်ကားကို စစ်တကောင်းခရိုင် ချီးတာကုန်တာ မြို့နယ်အတွင်းအာဏာပိုင်များက သော ကြာနေ့ ည ၁၁ နာရီအချိန်တွင် ရမ်ဇင်အာလီဆိုသူနှင့်အတူ ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း BD News 24 အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ ထရပ်ကားပိုင်ရှင်မှာ ကော့စ်ဘာဇားမြို့နယ် ဘေဒေါဂေါနာ အရပ်မှ မိုဟာမတ် ဇာကာရီ ယာ ဆိုသူဖြစ်ပြီး ကားပိုင်ရှင်မှာ ၁၉၇၈ ခုနှစ် မြန်မာဘက်မှ ဘင်္ဂလာသို့ ပြောင်းရွေ့လာသည့် ရိုဟင် ဂျာဆိုသူ တဦးဖြစ်ကြောင်း ဘင်္ဂလီဘာသာဖြင့် ရေးသားထားသည့် အဆိုပါ သတင်းတွင် ဖလောင်း ချိတ်ခရိုင် ရဲအရာရှိ ဇာဟင်းဂီး အပြောကိုကားပြီး ဖော်ပြသည်။
ယခုအခါ နောက်ကွယ်က ကြိုးကိုင်ပါဝင်သူများ၏ သဲလွန်စ ကွင်းဆက်များကို ရဲက ဖေါ်ထုတ်နေပြီ ဖြစ်သည်။ တိုက်ခိုက်မူသည် ကြိုတင် စီမံချက် တစ်ရပ်ဖြစ်ပြီး တိုက်ခိုက် ရာတွင် ပါဝင်သူ အများစုသည် ရာမူးမြို့မှ မဟုတ်ဘဲ မြို့ပြင် ဒေသများမှ ထရပ်ကားများဖြင့် ၀င်ရောက်လာသူများ ဖြစ်ကြောင်း သတင်းများတွင် ရေးသား ဖေါ်ပြသည်။
စက်တင်ဘာလ ၂၉ ရက်နေ့က ည အချိန်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုနှင့် ပတ်သတ်ပြီး ယခုအခါ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက လူပေါင်း ၂၅၀၀ ကျော်ကို တရားစွဲဆိုထားပြီး လူပေါင်း ၂၀၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေပြီဖြစ်သည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှလည်း ယနေ့ (အောက်တိုဘာ ၆ ရက်နေ့) နေ့လည်ပိုင်းက ဗုဒ္ဓသာဘာ အသင်း အဖွဲ့ အစည်းများမှ ခေါင်းဆောင်များနှင့် ဒက္ကာမြို့တွင်  တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်က  “ ဖလောင်းချိတ် ရာမူနှင့် စစ်တကောင်း ပိုတီယာ တို့ တွင် ဖြစ်ပျက် ခဲ့သည့် အဖြစ်အပျက်သည် မည်သည့်အကြောင်းကြောင့်နှင့်မှ  ခွင့်လွတ်နိုင်စရာ မရှိ” ဟု ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည်  တိုက်ခိုက်ခံခဲ့ရသည့် ရာမူးနှင့် ကော့စ် ဘာဇားမြို့သို့  တနင်္လာနေ့တွင် သွားရောက် ရန်ရှိကြောင်း သိရသည်။
ယခု ဗုဒ္ဓဘာသာများကို တိုက်ခိုက်မူသည် ဘင်္ဂလာဒေခ်ျ့အား ကမ္ဘာ့အလယ်တွင် မျက်နာ ပျက်စေသည်သာမက လက်ရှိ စီးပွားရေးကိုပါ ထိခိုက်ပျက်စီးစေနိုင်ကြောင်း  ဘင်္ဂလာဒေခ်ျ့ စက်မူနှင့် ကုန်သည်ကြီးများ အသင်းက သတိပေးထားသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...