ဘင်္ဂလာဒေ့ရှ်နိုင်၊ ကော့ဇားဒေသ၊ ရာမူး(ပန်းဝါမြို့စသော
နေရာအချို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ လူနေအိမ်များနှင့်
စာသင်ကျောင်းကို အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးများက ပြီးခဲ့သည့် စက်တင်ဘာလ ၂၉- ရက်
နေ့မှစတင်ကာ ၀င်ရောက် မီးရှို့ဖျက်ဆီးနေကြပါသည်။ ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမများ
တစဖက်သက် အနိုင်ကျင့် စော်ကားခံရသည့်အရေးကို ဗုဒ္ဓဘာသာရဟန်းတော်များအနေဖြင့် လျစ်လျူရှုမထားဘဲ
ယနေ့(၀၄.၁၀.၂၀၁၂) ကြာသပတေးနေ့ နေ့လည်(၁)နာရီတွင် ကိုလံဘိုမြို့၊ မြို့တော်ခန်းမအနီး
Viharadevi park အတွင်းရှိ ဆင်းတုတော်ကြီးရှေ့မှောက်တွင် ဘင်္ဂလာဒေ့ရှ်သံဃာတော် အပါး
၂၀၀-ခန့်၊ မြန်မာသံဃာတော် အပါး ၁၅၀-ခန့်၊ သီရိလင်္ကာသံဃာတော် အပါး ၅၀-ခန့် ကမ္ဘောဒီယား၊
လာအို၊ မလေးရှား သံဃာတော်များနှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ပြည်သူများ စုစုပေါင်း ၅၀၀- ကျော် ခန့်
ပေါင်း စည်းခဲ့ကြသည်။
ထို့နောက် ၁း၃၀ နာရီတွင် ပန်းခြံမှဆက်လက်ထွက်ခွါပြီး
မြို့တော်ခန်းမရှေ့ ၌ မေတ္တာပို့ဆုတောင်းကာ ငြိမ်းချမ်းမှုကို ရည်ရွယ်၍ ၁၀-မိနစ်ခန့် တရားထိုင်ခဲ့သည်။
ဆက်လက်၍ မြို့တော်ခန်းမမှ ဘင်္ဂလားဒေ့ရှ်သံရုံး သို့ စီတန်းလမ်းလျှောက်ခဲ့ကြပါသည်။ ဘင်္ဂလားဒေ့ရှ်သံရှေ့တွင်
ဦးဆောင်ဆရာတော် ဘဒ္ဒန္တ၀ိမလဇောတိ နှင့် ဦးဆောင်သံဃာတော်များက အောက်ဖေါ်ပြပါ တောင်း ဆိုချက်
စာလွှာကို သံမှူးထံသို့ ပေးအပ်ခဲ့ပါသည်။
ဆရာတော်ဝိမလဇောတိမထေရ် စသော ဦးဆောင်ဆရာတော်များနှင့် ဘင်္ဂလားသံအရာရှိများ
ဆွေးနွေးနေစဉ် ဘင်္ဂလားရဟန်းအချို့နှင့် လိုက်ပါလာသူ လူများက
သံရုံးအတွင်းသို့ ရေဗူးများနှင့် ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့်
ပြတင်းမှန်တစ်ချပ် ကွဲခဲ့သည်။ သို့သော် ဦးဆောင်ဆရာတော်များ
မှန်ကွဲများကြားမှ မေတ္တာရပ်ခံမှုကြောင့် ပြဿနာမကြီးထွားဘဲ ပြီးဆုံးခဲ့ပါသည်။
ညနေ ၄း၀၀ နာရီခန့်တွင် ငြိမ်းချမ်းစွာစုပေါင်း ဆန္ဒထုတ်ဖေါ် ပွဲ
အောင်မြင်စွာ ပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်
သတင်းစဉ်
မှတ်ချက်။ ။ သတင်းအဖြစ်အပျက်အသေးစိတ်နှင့် နောက်ဆက်တွဲအခြေအနေများကို မသိရသေးပါ။
သတင်းဓာတ်ပုံများကိုလည်း ဆက်လက်တင်ပေးပါဦးမည်။
သတင်းဓာတ်ပုံများကိုလည်း ဆက်လက်တင်ပေးပါဦးမည်။


"/>



Myanmar Kyat Converter
Yangon (Rangoon) Time






0 comments:
Post a Comment