ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ပြန်ကြာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ခဲ့သော စာရင်းများအရ ယမန်နေ့က ဖြစ်ပွားခဲ့သော မောင်တောဖြစ်စဉ်၌ သေဆုံးသူ (၇)ဦး၊ ဒဏ်ရာရရှိသူ (၁၇)ဦး ရှိခဲ့ပြီး အိမ်ခြေ (၄၉၄)လုံး၊ ဈေးဆိုင် (၁၉)ခန်းနှင့် တည်းခိုခန်း (၁)ခန်းတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါသည်။
ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် ကာကွယ်ရေးဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် မောင်တောမြို့သို့ ရောက်ရှိခဲ့ပြီး ဆေးရုံသို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ယမန်နေ့က ထိခိုက်ဒဏ်ရာရရှိခဲ့သော ဒေါက်တာခင်မောင်လတ်နှင့် ဒေါ်သန်းရီ
အပါအ၀င် လူနာ လေးဦးကို စစ်တွေသို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရပါသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...