ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

စောဇင်ညီ(မြစ်မခ)
ဇွန် ၈၊ ရန်ကုန်မြို့။

အစိုးရတပ်၊ နယ်စပ်ကာကွယ်ရေးအဖွဲ့၊ လုံထိမ်းအဖွဲ့စသည့်အဖွဲ့များကမောင်းတောဒေသတွင်းသို့ ၀င်ရောက်အကြမ်းဖက် လျက်ရှိသော ဘင်္ဂလီလူမျိုးများအား ပစ်ခတ်သောကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်သို့
ထွက်ပြေးသွားကြကြောင်း မောင်းတော ဒေသရှိ ဒေသခံပြည်သူများထံမှ သိရှိရသည်။

` ညနေ ၆နာရီလောက်က ထွက်ပြေးသွားကြတယ်၊ တပ်က ခြောက်ပြီးပစ်တယ်၊ ပစ်တော့ ပစ်ကြတာပဲ ကျမတို့လည်းပြေးနေတော့ ထိလားမထိလား မသိဘူး` ဟုမောင်းတောဒေသရှိ   ဒေသခံပြည်သူ တဦးက ပြောသည်။

ယနေ့ နေ့လည် ၁၁နာရီကျော်ခန့်က  ဘင်္ဂလီလူမျိုးအချို့က ရခိုင်ပြည်နယ်၊မောင်းတောမြို့ရှိ ဗိုလ်ချုပ်ရွာ၊အလယ်ရွာအပါအ၀င်   ကျေးရွာ ၁၄ ရွာရှိလူနေအိမ်များအား မီးရှို့ဖျက်ဆီးပြီး အကြမ်းဖက်ခဲ့ကြကြောင်း မောင်းတောဒေသခံများထံမှ သိရှိရသည်။

 “မြို့မှာ ရွာတစ်ရွာကိုမီးကိုမီးရှိခဲ့တယ်။နယ်စပ်မှာတော့ရွာတွေအများကြီးရှို့ ထားတယ်။ကမ္ဘောဇဘဏ်နဲ့ ယူနိုက်တက်ပိာုတယ်ကိုလည်း
ဖျက်စီးထားတယ်”ပာု မောင်းတောမြို့ခံ ဦးအောင်ထွန်းကပြောသည်။

အဆိုပါအကြမ်းဖက်မှုကြောင့် ရခိုင်လူမျိုး ၃၀ဦးဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ “ဘင်္ဂလီတွေက ရခိုင်အိမ်တွေကိုဝင်စည်းတယ်၊  မြို့ထဲမှာတော့ပိာုပြေးဒီပြေးနဲ့  ရခိုင်လူမျိုးတွေပြေးနေရတယ်”ပာု မျက်မြင်တွေ့ရသောနယ်ခံတစ်ဦးကပြောသည်။

အဆိုပါ အကြမ်းဖက်မှုကြောင့် ညနေ ၃နာရီခွဲအချိန်ခန့်တွင် ရဲတပ်ဖွဲ့မှအစိုးရထံမှ ပစ်မိန့်ရရှိခဲ့ပြီး ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ရဲတွေက ကျွန်မတို့ကိုဘေးလွတ်ရာကိုပြေးခိုင်းတယ်။ပြေးနေတဲ့လူအုပ်ကိုဘင်္ဂလီတစ်ယောက်က တိုက်ပေါ် ကနေ သေနတ်နဲ့ လှမ်းပစ်တယ်။ အဲဒီကနေစပြီးရဲတပ်ဖွဲ့က ပြန်ပစ်တာ”ပာု မောင်တောမြို့မှ မျက်မြင်တွေ့မြင်ရသူမစံခင်ကပြောသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...