ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ မှ မသီတာထွေးအား မုဒိမ်းကျင့်၊သတ်ဖြတ်၊လုယက်မှုပြုလုပ်သူ တရားခံ ၃ဦး အား ကျောက်နီမော်ရဲစခန်းမှ (ပ) ၂၃/၂၀၁၂၊ပြစ်မှုပုဒ်မ ၃၀၂/၃၇၆/၃၉၂ ဖြင့် ဇွန် ၈ ရက် နံနက် ၉နာရီခန့်တွင် ကျောက်ဖြူခရိုင်တရားရုံးသို့တရားစွဲဆိုရာ ခရိုင်တရားရုံးမှ ရာကြီးအမှတ် ၁၄/၂၀၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ မီဒီယာများတွင် ထုတ်ပြန်လိုက်သည်။

ထိုသို့ တရားစွဲဆိုရာတွင် ''တရားခံများက ခုခံချေပရန်ရှေ့နေမငှားလိုကြောင်း လျှောက်ထားသော်လည်း ခရိုင်တရားရုံးအနေဖြင့် တရားမျှတမှုရှိစေရန် တရားရုံးလုပ်ထုံးလုပ်နည်းအရ အစိုးရရှေ့နေတစ်ဦးအား စီစဉ်ပေးကြောင်း၊အမှုစစ်ဆေးရန်ရုံးချိန်းကို ဇွန် ၁၁ရက် သို့ပြောင်းရွှေ့ပြီး ယနေ့နံနက် ၉နာရီ၄၀မိနစ်တွင် တရားရုံးလုပ်ငန်းများပြီးဆုံးကြောင်း" ကျောက်ဖြူမြို့ခရိုင်တရားရုံးမှဝန်ထမ်းတစ်ဦးကပြောသည်။

ထို့ပြင်တရားရုံးထုတ်စစ်ဆေးချိန်တွင်ရပ်ရွာပြည်သူလူထု ၁၀၀ ကျော်ခန့် တက်ရောက်နားထောင်ကြပြီး တစ်စုံတစ်ရာထူးခြားမှုမရှိဘဲ အေးချမ်းစွာတရားရုံးမှပြန်လည်ထွက်ခွာသွားကြကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွှာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးသည် လွန်ခဲ့သော မေလ ၂၈ရက်နေ့က ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ အစ္စလာမ်ဘာသာဝင် သုံးဦးက မုဒီမ်းကျင့်၊ ပစ္စည်းများ လုယူ၊ သတ်ဖြတ်ခံခဲ့ရသည်။
The Voice Weekly

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...