6:16 PM
မောင်တောမြို့ရှိINGO ၀န်ထမ်းများမှာ UNHCR ရုံးဝင်းအတွင်းသို့ ပြေးဝင်ခုံလုံနေရ
Posted by nankeythiooမောင်တောမြို့တွင် ယနေ့မွန်းလွဲပိုင်းမှ စတင် ဖြစ်ပွားခဲ့သည့် သည့် မီးရှို့မှုများ၊ လုယက်မှုများနှင့်အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် မောင်တောမြို့ စည်ပင်သာယာ နယ်နိမိတ်တွင် ည ၆နာရီမှ နံနက် (၆) နာရီထိ ညမထွက်ရ အမိန့်နှင့် လူ (၅) ယောက်ထက်ပို၍ စုဝေးခြင်း မပြုရဟု ပုဒ်မ (၁၄၄) အရ ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ခိုလှုံနေရသူ မောင်တောမြို့ခံ ကိုထူးက နောက်ဆုံး အခြေအနေကို ည၈နာရီခွဲတွင် YPI သို့ပြောဆိုရာတွင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ခြင်းကို ၎င်းအနေဖြင့် မကြားသိသေးကြောင်း ၊ စွန့်ပစ်ထားခဲ့သည့် နေအိမ်များမှ ပစ္စည်များအား လုယူသွားမှုရှိနေသဖြင့် ၎င်းတို့၏ နေအိမ်သို့ ပစ္စည်းယူဆောင်ရန် လူအုပ်စုဖြင့် သွားစဉ် ဘင်္ဂါလီလူမျိုး အကြမ်းဖက်သူများက ဒါးများ၊ ဒုတ်များဖြင့် လိုက်လာ၍ ပြန်လှည့်လာခဲ့ရသည်ဟု ဆိုသည်။
လမ်းပေါ်တွင် ရဲများကို မတွေ့ရတော့ပဲ လုံထိန်းရဲများကိုမူ တွေ့ခဲ့ရသည်ဟုလည်း ကိုထူးက ပြောသည်။ ၎င်းက “ကျွန်တော်တို့ ဘ၀တွေတော့ စုတ်ပြတ်သတ်သွားပါပြီ” ဟု ပိုင်ဆိုင်မှု ဆုံးရှုံးမည့်အရေးကို စိုးရိမ်စွာဖြင့် ပြောသည်။

မောင်တောမြို့ ရှိ INGO ၀န်ထမ်းများမှာ နေအိမ်မီးရှို့မှုများ အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် UNHCR ရုံးဝင်းအတွင်းသို့ ပြေးဝင်ခိုလှုံနေရကြောင်းလည်း သိရှိရသည်။
ယင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွင်းတွင် ခိုလှုံသူ ၅၀၀ ခန့်ရှိသည်ဟု အမည်မဖေါ်လိုသည့် အန်ဂျီအိုဝန်ထမ်းတဦးက ပြောသည်။
အချို့ဝန်ထမ်းမိသားစုများမှာ နီးစပ်ရာ မြန်မာဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသည်ဟုလည်း ယင်းဝန်ထမ်းက ပြောသည်။ ရခိုင်ရပ်ကွက်များတွင် အရပ်သားများက အလှည့်ကျ ကင်းစောင့်လျှက်ရှိပြီး ပြင်ပသို့ ဖုန်းပြောဆိုရာတွင်လည်း အသံတိုးတိုးသာ ပြောဆိုရဲကြသည်ဟု ခိုလှုံနေသူက ပြောသည်။
သမ္မတရုံး အရာရှိဖြစ်သူက ၎င်း၏ ဖေ့စ်ဘွတ်တွင် “မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး (သို့မဟုတ်) ၅ ဦးထက် ပိုသောသူများ စုဝေးခြင်း မပြုရန်နှင့် ညနေ(၁၈၀၀) နာရီအချိန်မှ နံနက်(၀၆၀၀) နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ ထုတ်ဆင့်လိုက်သည်” ဟု အမိန့် ကြေညာချက် အပြည့်အစုံကို ဖေါ်ပြထားသည်ကို တွေ့ရသည်။ ။

"/>

Myanmar Kyat Converter
Yangon (Rangoon) Time

0 comments:
Post a Comment