ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts




ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၁ ခု တွင် နိုင်ငံခြားငွေဖြင့် စာရင်းဖွင့်ခွင့်ကို ဗဟိုဘဏ်က ဇူလိုင် ၉ ရက်တွင် စတင်လုပ်ကိုင်ခွင့်ပြုထားကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

ယင်းသို့ နိုင်ငံခြားငွေဖြင့် စာရင်းဖွင့်ရာတွင် နိုင်ငံတော်အစိုးရ နှင့်ပတ်သက်သည့် လုပ်ငန်းလေးမျိုးမှလွဲ၍ ကျန်လုပ်ငန်းများအားလုံး စာရင်းဖွင့်နိုင်သည်။ အစိုးရဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများ၊ နိုင်ငံခြားသံရုံးများနှင့် သံတမန်အဖွဲ့ဝင်များသည် အစိုးရဘဏ်များဖြစ်သည့် MFTB, MICB စသည့် ဘဏ်များ၌သာ နိုင်ငံခြားငွေစာရင်းဖွင့်ရမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

“အရင်က နိုင်ငံခြားငွေစာ ရင်းဖွင့်ဖို့ဆိုရင် နိုင်ငံတော်ပိုင်ဘဏ် ၃ ခုမှာပဲ ကြိတ်ကြိတ်တိုး လုပ်နေရတယ်။ ပုဂ္ဂလိကဘဏ် တွေပါ ခွင့်ပြုတော့ပိုပြီး လုပ်ရကိုင်ရအချိန်သက်သာတာပေါ့”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆို သည်။

နိုင်ငံခြားငွေစာရင်းဖွင့်ရာတွင် အမေရိကန်ဒေါ်လာ ယူရိုငွေ၊ စင်ကာပူဒေါ်လာနှင့် အက်ဖ် အီးစီ နိုင်ငံခြားသုံးငွေလက်မှတ်တို့ဖြင့် စာရင်းဖွင့်နိုင်ကြောင်း (CB) သမ၀ါယမဘဏ် မန်နေဂျင်းဒါရိုက်တာဦးဖေမြင့်က ဆိုသည်။ ထို့အပြင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း  LC(Letter of Credit)   အကောင့်ကိုလည်း ဖွင့်လှစ်နိုင်မည်ဟု သိရသည်။

၎င်းပုဂ္ဂလိကဘဏ် ၁၁ ခုမှာ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်၊ မြ၀တီဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ ယူနိုက်တက်ဘဏ်တို့ ဖြစ်သည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...