ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာ အကူအညီတွေ
ပေးနေတဲ့ WFPရဲ့ အကူအညီကို စစ်တွေမြို့က နာမည်ကျော်
ရွှေစေတီကျောင်းတိုက် ဒုက္ခသည်စခန်း ကျောင်းထိုင် ဆရာတော်က မနေ့က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

စစ်တွေမြို့ပေါ်က ဒုက္ခသည်ပေါင်း (၄၀၀) ကျော် ခိုလှုံနေတဲ့ ရွှေစေတီ ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က မနေ့ညနေပိုင်းက ဆန်အကူအညီတွေ လာရောက်
ပေးအပ်ရာမှာ ဆရာတော်က ငြင်းပယ်လိုက်တဲ့ အတွက် ကူညီရေး
ပစ္စည်းတွေ ရွှေစေတီကျောင်းကို ရောက်ရှိပြီးကာမှ ပြန်လည် သယ်ယူခဲ့ရတယ်လို့လည်း သိရပါတယ်။

အခုလို ငြင်းဆို လိုက်ရတာနဲ့ ပတ်သက်ပြီး ကျောင်းထိုင်ဆရာတော် အရှင်အရိယဝံသက RFA ကို အခုလို မိန့်ပါတယ်။

"ဘုန်းဘုန်းတို့ အခု ငြင်းဆိုတာကတော့ မျှတမှု မရှိတာ တခုရယ်၊
နောက် သေသေချာချာ ဒုက္ခသည်ကို စာရင်းစိစစ်မှု မရှိတာရယ်၊
နောက်ပြီးတော့ ရခိုင်တိုင်းရင်းသားတွေအပေါ်မှာ ပေးချင်ကမ်းချင်စိတ်တွေ မရှိပါဘူး သူတို့။ ဒါကြောင်း ဘုန်းဘုန်းတို့က သဘာဝ မကျဘူးဆိုပြီးတော့
ငြင်းလိုက်တာ ဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်အတွင်း အကူအညီတွေပေးနေတဲ့ အင်န်ဂျီအိုတွေဟာ လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် အကူအညီတွေ လာရောက်ပေးနေကြတာ
ဖြစ်ပေမယ့် ရခိုင်ပြည်နယ် အတွင်းမှာ လာရောက် ကူညီပေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဒေသခံ ရခိုင်လူမျိုးတွေထက် ဘင်္ဂါလီ
မွတ်စလင်တွေကိုပဲ အကူအညီ ပေးနေတာဖြစ်တယ်လို့ ဆရာတော်က ဆက်လက် မိန့်ပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ (၃) ရက်နေ့ကလည်း မောင်တောမြို့မှာရှိတဲ့ အလိုတော်ပြည့်
ဘုန်းတော်ကြီးကျောင်း ဒုက္ခသည် စခန်းသည်ကို လာရောက်ပြီး အကူအညီတွေပေးခဲ့ကြတဲ့ အင်န်ဂျီအို တစ်ချို့ကို ကျောင်းထိုင် ဆရာတော်တွေက အလားတူ ငြင်းပယ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်း ဇွန်လ (၈) ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တစ်လပြည့်မြောက်တဲ့နေ့ အထိမ်းအမှတ် အဖြစ် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ကျောက်တော်၊ ဘူးသီးတောင်၊
မောင်တော၊ မြောက်ဦးစတဲ့ မြို့နယ်တွေမှာ မနက်ပိုင်းက စတင်ပြီး သာသနာ့အလံတွေကို မိမိတို့ရဲ့ နေအိမ်တွေ၊ လမ်းဆုံလမ်းဝတွေ ယာဉ်တွေပေါ်မှာ စိုက်ထူထားခဲ့ကြပါတယ်။

တစ်ချို့ကျေးလက်ဒေသတွေမှာတော့ ပဋိပက္ခတွေအတွင်း သေဆုံးသွားကြ
တဲ့ ရခိုင်လူမျိုးတွေ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ
ပြုလုပ်ခဲ့ကြတယ် လို့လည်း သိရပါတယ်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...