ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် အစည်းအဝေး မတက်ရောက်မီ သူ၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်သို့ ယနေ့ ဇူလိုင်လ ၅ ရက် နံနက် ၁၁ နာရီက ရောက်ရှိပြီး ဒီချုပ်အဖွဲ့ဝင်များဒေသ ခံမြို့မိမြို့ဖများနှင့်တွေ့ဆုံခဲ့သည်။တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်တွင်းလိုအပ်လျှက်ရှိသော ကိစ္စရပ်များကို မေးမြန်းခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများကိုယ်စားလှယ်များမှ မိမိတို့လိုအပ်ချက်များ ကိုတင်ပြခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ကော့မှူးမြို့နယ် အတွင်း ရှိ ကျေးရွာပေါင်း ၆၁ ရွာမှ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး မိမိကျေးရွာအတွင်းရှိ လိုအပ်ချက် ကိစ္စများကို တင်ပြခဲ့ကြရာ အဓိကလို အပ်ချက်များသည် သန့်စင်သောရေရရှိရေး ၊ လမ်းပမ်းဆက်သွယ်ရေး၊ ကျန်းမာရေးဆေးပေးခန်း၊စိုက်ပျိုးရေးအသုံးစရိတ်၊ပညာသင်ကြားရေး၊ ချေးငွေ၊ အလုပ်လက်မဲ့ပြဿနာ၊ ဆည်ရေအသုံးပြုမှုနှင့် ရပ်ကျေးပါတီ အဖွဲ့ အစည်းတွင်းကိစ္စရပ်များဖြစ်သည်ကို တင်ပြချက်အရသိရသည်။

ယင်းကိစ္စရပ်များကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေရှင်းပြောကြားခဲ့ရာတွင် မိမိအနေဖြင့် ရော ဒီချုပ်ပါတီအနေဖြင့်ပါ အချိန်တိုတွင်းဆောင် ရွက်နိုင်သော ကိစ္စရပ်များကို အချိန်တိုတွင်းဆောင်ရွက်ပြီးစီနိုင်အောင် စီစဉ်ပေးရန်ကြိုးစားသွားမည်ဖြစ်ကြောင်း ၊ အချိန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် တတ်သိနားလည် ကျွမ်းကျင်သူများဖြင့် ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

““ ဒီဒေသမှာ အထူးလိုအပ်နေတာ ရေနဲ့ လမ်းပမ်းဆက်သွယ်ရေးဆိုတာ ကျွန်မသိတယ်။ မိုးကုန်တာနဲ့ ဒါတွေ စနိုင်ဖို့ကြိုးစားမယ်။ ကျေးရွာဆေးပေး ခန်းတွေနဲ့ပတ်သက်လို့ ဘယ်လိုကျေးရွာမျိုးတွေမှာ အဓိကလိုအပ်နေသလဲ ၊ ဘယ်လောက်ထိ အနီးဝန်ကျင်မှာရှိတဲ့ ဒေသတွေပါ အကျိုးရှိနိုင်မလဲ ဆိုတာကိုလေ့လာဖို့ အဖွဲ့တစ်ခု စေလွှတ်မယ်။ အမြန်ဆုံးလုပ်ရမယ့် ကိစ္စတွေကို အမြန်ဆုံးလုပ်မယ်။ အချိန်ယူပြီး လုပ်ရမယ့်ဟာကို အချိန်ယူပြီး လုပ်မယ် ”” ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများ၏ တင်ပြချက် များကို ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။
 ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ဒေသခံများ၏ တင်ပြချက်များကို နံနက် ၁၁ နာရီမှ မွန်းလွဲ ၁နာရီ မိနစ် ၅၀ ထိ မတ်တပ်ရပ်လျှက်ဖြင့် နားထောင်ကာ ပြန် လည်ဖြေရှင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Popular Myanmar News Journal

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...