ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

စစ်တွေမြို့ မြို့မဈေးတွင် ယခင်က ဘင်္ဂလီအလုပ်သမားများလုပ်ကိုင်နေသော လုပ်ငန်းခွင်များတွင်ရခိုင်တိုင်းရင်းသား အလုပ်သမားများအား အစားထိုးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

''ဒီနေ့ မြို့မဈေးကိုဖွင့်ထားပါပြီ၊ ဈေးတွင်းအလုပ်သမားတွေကိုလည်း ရခိုင်တွေကိုပဲ ခန့်ထားပါပြီ၊ ဒါကလဲ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ရခိုင်အလုပ်သမားတွေ အတွက်ပါ၊ လူကြီးတွေရဲ့ အစီအစဉ်နဲ့ လုပ်တာပါ၊''ဟု ဒေသခံ ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။

ယခင်က ဒေသခံ ရခိုင်လုပ်သားအများစုမှာ ကြုံရာအလုပ်များအား ဝင်ရောက်လုပ်နေကြရပြီး လက်ရှိတွင် မြို့မဈေးအတွင်း၌ ရခိုင်အလုပ်သမားများကိုသာ  အသုံးပြုရတော့မည်ဖြစ်သည်။

" ကျွန်တော်တို့်က အလုပ်မရှိတာ ကြာပြီ ကြုံရာလုပ်နေရတာ အခုလို ဈေးမှာ ပုံမှန် လုပ်နေရမယ်ဆိုတော့ မိသားစုအတွက် ဝင်ငွေကောင်းသွားပါပြီ''ဟု မြို့မဈေးတွင် ကုန်တင်ကုန်ချအလုပ်ဝင်ရောက်လုပ်ကိုင်နေသည့် ရခိုင်အလုပ်သားတစ်ဦးက ပြောသည်။

ထိုအပြင်လူမှုရေးအဖွဲ့စည်းတစ်ခုဖြစ်သည့် ၀ံလက်ဖောင်ဒေးရှင်းမှလည်း ရခိုင်အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာအနေဖြင့်  မုန့်လုပ်ငန်းဆိုင်ရာသင်တန်းများကို အခမဲ့ပို့ချပေးနေကြောင်းကိုလည်း သိရှိရသည်။

'' လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာလဲ ရခိုင်တွေကိုပဲ အသုံးပြုဖို့ အစီအစဉ် ရှိပါတယ်၊''ဟု စစ်တွေမှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သံဃာ့သာရေးနာရေးအသင်းမှ ဆရာတော်ကြီးများကလည်း လုပ်ငန်းခွင်များတွင် ဘင်္ဂလီများအစား ရခိုင်လူမျိုးများကိုသာ  အလုပ်ပေးရန် တောင်းဆိုထားသလို ရခိုင်အလုပ်သမား သမဂ္ဂဖွဲ့စည်းရန်လည်း   တောင်းဆိုထားကြောင်း သိရသည်။

" ရခိုင်အလုပ်သမား သမဂ္ဂကိုဖွဲ့စည်းသင့်တာ ကြာပြီ၊ ဒီလို ဖွဲ့စည်းထားမှ အလုပ်ရှင်တွေအတွက် လိုအပ်တဲ့ ရခိုင်အလုပ်သမားတွေကို ရှာဖွေပေးနိုင်မှာ''ဟု ရခိုင်သမိုင်းသုတေသီဆရာတော်ဦးပညာစာရက မိန့်ကြားသည်။

မိုးဝေ(မြစ်မခ)
by Myit Makha Mediagroup

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...