Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
2:36 AM
Posted by
nankeythioo
 |
| ဓါတ်ပုံ - National League for Democracy |
ကျင်းပဆဲ စတုတ္တအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ အဆိုနှင့် မေးခွန်းများတွင် ဝင်ရောက်ဆွေးနွေး ရန်ရှိသည်ဟု NLD
ပြောခွင့်ရနှင့် ပြည်သူ့လွှတ်တော်အမတ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
"အခု လွှတ်တော်အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ဘာတွေ ၀င်ဆွေးနွေးမယ်ဆိုတာတော့ ကျနော်တို့ပြောလို့မရပါဘူး။" ဟု ဦးအုန်းကြိုင်က ပြောသည်။ လွှတ်တော်တွင်း
ဆွေးနွေးခြင်း မရှိသေးသည့် အဆိုနှင့် မေးခွန်းများကို မီဒီယာများသို့ ထုတ်ဖော်ပြောဆိုခြင်း မပြုရန် ကန့်သတ် ထားသည်ဟုလည်း ဦးအုန်းကြိုင်က ဆိုသည်။
NLD အနေဖြင့် လတ်တလောအခြေအနေတွင် အဆို ၃ ခု တင်သွင်းရန်ရှိပြီး၊ မေးခွန်း ၅ ခု မေးမြန်းရန် ပြင်ဆင်ထား ပြီးဖြစ်သည်ဟုလည်း ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။
NLD သည် ဇူလိုင်လ ၃ရက်နေ့တွင် လွှတ်တော်လုပ်ငန်းဆိုင်ရာ ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပြီး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူးအဖြစ် ဦးဝင်းမြင့်တို့ဖြင့် အဖွဲ့ဝင် ၇ ဦး ပါဝင် ဖွဲ့စည်းခဲ့သည်။
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်ဆိုင်ရာအရာရှိအဖြစ် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်ကို ဇူလိုင် ၃ရက်နေ့တွင် တာဝန်ပေးခန့်အပ်ခဲ့သည်။
ဇူလိုင်လ ၄ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် စတုတ္တအကြိမ် ပုံမှန်လွှတ်တော်အစည်းအဝေးတွင် အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များသည် တခြားသောလွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုများ၊ မေးခွန်းများတွင် ပါဝင်ဆွေးနွေးခဲ့ ကြသည်။
ဝေစန္ဒာ
ရန်ကုန် (မဇ္ဈိမ)
0 comments:
Post a Comment