Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
2:32 AM
Posted by
nankeythioo
 |
| Photo: Myanmar President Office website |
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း တရားမ၀င် ရောက်ရှိနေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က တာဝန်ယူ ဆောင်ရွက်ပေးဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး Mr. Antonio Guterres က ပယ်ချလိုက်ပါတယ်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်က သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ Antonio Guterres နှင့် တွေ့ဆုံဆွေးနွေးနေစဉ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၁၁) ရက်နေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ UNHCR မဟာမင်းကြီး Mr. Guterres နဲ့အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က လက်ခံတွေ့ဆုံခဲ့ရာမှာ လက်ရှိ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားနေကြောင်း၊ မိမိတိုင်းရင်းသားများကို တာဝန်ယူမှာ ဖြစ်ပေမဲ့ ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို လက်ခံဖို့ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းတဲ့ နည်းလမ်းအနေနဲ့ ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို UNHCR ကို အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိဖို့၊ UNHCR က ကျွေးမွေး စောင့်ရှောက်ပေးဖို့ ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမယ်ဆိုရင်လည်း ပို့ပေးမှာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က UNHCR မဟာမင်းကြီးကို ပြောဆိုခဲ့တယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ UNHCR မဟာမင်းကြီး Mr. Guterres က -
"ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက စီစဉ်ဆောင်ရွက်တဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်ဆိုတာက အလွန်ထူးခြားတဲ့ အခြေအနေကြောင့် တိုင်းပြည် တစ်ပြည်ကနေ တခြား တိုင်းပြည်ကို ထွက်ပြေးလာကြသူ ဒုက္ခသည်တွေ အတွက်ဖြစ်ပါတယ်။ မြန်မာပြည် ရိုဟင်ဂျာ ပြဿနာနဲ့ မသက်ဆိုင်ပါဘူး။ မိမိတို့UNHCR အနေနဲ့ ကတော့ ရခိုင်၊ ရိုဟင်ဂျာ မခွဲခြားဘဲ လူသားချင်း စာနာတဲ့ အကူအညီတွေကို ပံ့ပိုး ဆောင်ရွက်သွားဖို့ ဖြစ်ပြီး၊ မိမိတို့ရဲ့ ပြန်လည် နေရာချထားရေး အစီအစဉ်ဆိုတာက တကယ့် ဒုက္ခသည်တွေ အတွက်သာ ဖြစ်ပါတယ်"လို့ သူက သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
RFA Burmese
0 comments:
Post a Comment