ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ဓါတ်ပုံ- ကိုမြတ်၊ ရဲသွေးနီ (မြစ်ကြီးနား NLD)
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ပတ်သက်တယ်ဆိုပြီး စစ်ပြေးဒုက္ခသည်စခန်းကနေ ဖမ်းဆီးသွားပြီး  တရားစွဲခံနေရတဲ့  ကချင်အမျိုးသား ဦးလထော် ဘရန်ရှောင် လွတ်မြောက်ရေးအတွက် ရွှေ့ပြောင်းဒုက္ခသည် ၅၀၀ နဲ့ ဒေသခံ ၃၀၀ လောက်ဟာ မြစ်ကြီးနားမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသမားတွေဟာ မနက် ၉ နာရီလောက်ကစပြီး မြစ်ကြီးနားမြို့ ဘုရင့်နောင် လမ်းမအတိုင်း  “ဦးဘရန်ရှောင်ကို လွှတ်ပေး” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ  ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ဆန္ဒပြရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် အသင်း  စစ်ရှောင် ဒုက္ခသည်စခန်း တာဝန်ခံ  ဦးအောင်မြတ်က အခုလို ရှင်းပြပါတယ်။

“ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် အသင်း  စစ်ရှောင်စခန်းကနေ ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက် ည ၉ နာရီက လာရောက်ဖမ်းဆီးပြီး ထိန်းသိမ်းနှိပ်စက်ထားတဲ့ ဦးလထော် ဘရန်ရှောင်အား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ နောက်တချက်က နိုင်ငံတော်အစိုးရရဲ့ အရိပ်အာဝါသအောက်တွင် ခိုလှုံနေသော စစ်ရှောင်စခန်းများသို့ အဓမ္မ၀င်ရောက် ရှာဖွေ စစ်ဆေးခြင်းနှင့် ၀င်ရောက်ဖမ်းဆီးခြင်းမပြုရန်နှင့် စစ်ရှောင်စခန်းအတွင်းရှိ IDP ဒုက္ခသည်များ အေးချမ်းစွာခိုလှုံနေနိုင်ရန်နဲ့ သူတို့တွေရဲ့ လုံခြုံရေး၊ ဘ၀ရှင်သန်ရေးအတွက် လိုအပ်ချက်များကို နိုင်ငံတော်က ထိရောက်သည့် အကူအညီများပေးရန်၊ နောက်တချက်က တရားရုံးရဲ့ ခွင့်ပြုမိန့်မရဘဲ လူတဦးအား ၂၄ နာရီ ကျော်လွန်ကာ ဖမ်းဆီးချုပ်နှောင်ထားခြင်းအား ရပ်တန့်ပေးရန်၊ နံပါတ် ၅ အချက်က ဖမ်းဆီးထားသူများအား ညှဉ်းပန်းနှိပ်စက်ခြင်း ရပ်တန့်ပေးရန် ဆိုတဲ့ အချက် ၅ ချက်နဲ့ စီတန်းလှည့်လည်ခြင်း ဖြစ်ပါတယ်။”

ဆန္ဒပြသမားတွေဟာ စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ရုံးနဲ့ တရားရုံးတွေရှေ့ကိုလည်း သွားရောက်ဖို့ အစီအစဉ်ရှိပြီး ဆန္ဒပြပြီးရင်တော့ ဒုက္ခသည်စခန်းကို ပြန်မယ်လို့ ဆိုပါတယ်။

ဦးလထော် ဘရန်ရှောင်ဟာ ကချင်ပြည်နယ်တိုက်ပွဲတွေကြောင့် ဂျန်မိုင်ကောင်း နှစ်ခြင်းအသင်းတော် စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံစဉ်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခဲ့ရပြီး မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ တရားစွဲခံထားရတာပါ။

သူ့ရဲ့အမှုကို ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က ရုံးတင်စစ်ဆေးရာမှာ  စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့က ဦးလထော် ဘရန်ရှောင်ကို သူတို့ ထွက်ဆိုခိုင်းတဲ့အတိုင်း ထွက်ဆိုတာ ဟုတ် မဟုတ်သိရအောင် ခန္ဓာကိုယ်မှာ အသံဖမ်းစက် ထည့်ပေးတာကို တရားသူကြီးက တွေ့ရှိခဲ့တယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။

နိုင်ငံပိုင်မီဒီယာတွေက ဦးလထော် ဘရန်ရှောင်ကို ကေအိုင်အေ ဗိုလ်ကြီးလို့ ကြေညာခဲ့ပေမယ့် တရားရုံးမှာတော့ တပ်ကြပ်ကြီးအဖြစ် ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဦးလထော် ဘရန်ရှောင်ဟာ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့က နှိပ်စက်လို့ ဒဏ်ရာတွေရခဲ့သလို စိတ်ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ဒီနေ့မှာ သူ့ရဲ့ အမှုကို ထပ်မံ ရုံးထုတ်စစ်ဆေးဖို့လည်း ရှိနေပါတယ်။

ကိုထွေး (ဒီဗွီဘီ)
ဓါတ်ပုံ- ကိုမြတ်၊ ရဲသွေးနီ (မြစ်ကြီးနား NLD)

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...