ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


( ဓါတ်ပုံအညွှန်း - လွှတ်တော်အတွင်း ၀င်ရောက်ဆွေးနွေးခဲ့သည့် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာဇော်မြင့်မောင် အားတွေ့ရစဉ် )
Messenger News Journal
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက် တင်သွင်းသော “ကဏ္ဍအသီးသီးနှင့် နယ်ပယ်အသီးသီးအတွက် စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်၍ ဥပဒေပြဌာန်းနိုင်ရန် အချိန်ကာလ သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ပေးနိုင် ပါရန် ပြည်ထောင်စုအစိုးရသို့ တိုကတွန်းကြောင်း” အဆိုကို NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်သော
 ဒေါက်တာ အောင်မိုးညို နှင့် ဒေါက်တာဇော်မြင့်မောင် တို့က ထောက်ခံဆွေးနွေးသွားခဲ့သည်။

 ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန်အစည်းအဝေးတတိယနေ့တွင် ယင်းကဲ့သို့ဝင်ရောက်ဆွေးနွေးသွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ထောက်ခံဆွေးနွေးသွားသော ကြောင့် လွှတ်တော်အတွင်း ပါတီစွဲ မထားဘဲ ပြည်သူအတွက်အကျိုးရှိမည့် အဆိုများကို နှစ်ဘက်အင်အားကြီးပါတီ များမှ ပူးပေါင်းဆောင်ရွက်ကြမှုကိုကြိုဆို ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များကသုံးသပ်ပြောကြားခဲ့သည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...