ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton ဟာ သမ္မတ ဦးသိန်းစိန် နဲ့ ကမ္ဘောဒီးယား နိုင်ငံ Siem Reap မြို့မှာ မနက်ဖြန် တွေ့ဆုံမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တဦးက သတင်းထောက်တွေကို ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးရဲ့ နောက်ဆက်တွဲ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာနှစ်နိုင်ငံ ခေါင်းဆောင် တွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

နှစ်ဖက် တွေ့ဆုံတဲ့အခါ အမေရိကန် အစိုးရက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချပေးလိုက်တဲ့ ကိစ္စကို အဓိကထား ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

“သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ ပြည်သူတွေဟာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာ တိုးတက်မှုတွေ ဖြစ်လာအောင် ကြိုးပမ်းနေကြတာ တွေ့ရပါတယ်။ အစိုးရ ဘက်ကလည်း နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်” ဆိုပြီး အမေရိကန် သမ္မတ အိမ်ဖြူတော်က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ
ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ အပါအဝင် တခြား စီးပွားရေး လုပ်ငန်းတွေမှာ အမေရိကန် ကုမ္ပဏီတွေ ရင်းနှီး မြှုပ်နှံကြဖို့ အမေရိကန် အစိုးရက ခွင့်ပြုလိုက်ပေမယ့် တချိန်တည်းမှာ မြန်မာအစိုးရရဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ရှိနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံမှာ ဒုတိယ အဆင့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည် ဖော်နေပြီ
ဖြစ်တာကြောင့် အနောက် နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ လိုအပ်ကြောင်း၊ ဒါမှသာ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လမ်းပွင့်မှာ ဖြစ်ကြောင်း ဒီကနေ့ ပြောလိုက်ပါတယ်။

RFA Burmese

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...