ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ မြောက်ဦးမြို့နယ် ဒုဥက္ကဌ ဦးအေးမောင်သန်းကို စစ်တပ်က ဖမ်းခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“ ညနေ ၄ နာရီခွဲခန့်မှာ စစ်တပ်က သေနတ်တွေနဲ့ ၀င်လာပြီး ကျွန်မ ယောင်္ကျားကို ဖမ်းဆီးခေါ် ဆောင်သွားပါတယ်” ဟု ဦးအေးမောင်သန်း ဇနီးဖြစ်သူက ပြောသည်။

စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအခါ ဦးအေးမောင်သန်းကို  မြောက်ဦးရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။

“ သူ့ကို လက်ထိပ်ခတ်ပြီး စစ်တပ်က ယူသွားပါတယ်။ အခု သတင်းကြားတာကတော့ မြောက်ဦးရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ သူ့ကို ဖမ်းတာက မြောက်ဦးဆန်စက်တွေကနေ မွတ်လင်ရွာတွေကို ဆန်တွေထုတ်ရောင်းနေတာကို မရောင်းကြဖို့ ဟန့်တားတဲ့ အတွက် ဆန်စက်ပိုင်ရှင်တွေက စစ်တပ်ကို သွားတိုင်တဲ့ အတွက် အဖမ်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်” ဟု သူမက ပြောသည်။

မြောက်ဦးမြို့နယ် RNDP ရုံးကို ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ မှန်ကန်ကြောင်း၊ သူတစ်ဦးတည်းသာ ယခု အချိန်တွင် ဖမ်းဆီးခံနေရသေးကြောင်း ပြောကြားသည်။

မြောက်ဦးရဲစခန်းကို ဆက်သွယ် မေးမြန်းရန် ကြိုးစားနေသော်လည်း အဆက်အသွယ် မရရှိသေးပါ။

နိဉ္စရာ သတင်းဌာန

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...