ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


အစိုးရဘက်မှ တပ်များ ဆုတ်ခွာပေးပါက မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းရေးအတွက်
တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး ဂျီးနောင် က ပြောသည်။ 

ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် နေပြည်တော်တွင် နှစ်ဘက် တွေ့ဆုံလိုကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်
ရေး လုပ်ငန်းကော်မတီမှ သြဂုတ်လ ၂၅ ရက်နေ့က KIO ထံ ကမ်းလှမ်းခဲ့သည့်အပေါ် ၎င်းက တုန့်ပြန် ပြောဆို
လိုက်ခြင်း ဖြစ်သည်။ 

“မဆွေးနွေးရသေးဘူး။ နေပြည်တော်နဲ့ မူဆယ်မှာ တွေ့ရအောင်ပြောတာ ကြာပြီ အဖြေ မပေးသေးဘူး။ ကျနော်တို့
ပြောထားတာက လုံခြုံတဲ့နေရာ ဘယ်နေရာဖြစ်ဖြစ် တွေ့လို့ ရတယ်။ တကယ်လို့ သူတို့ဘက်က တပ်တွေ ဆုတ်လိုက်
မယ်ဆိုရင် ဗန်းမော်မှာ ဖြစ်ဖြစ် ရတယ်” ဟု ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

ထိုကမ်းလှမ်းမှုနှင့်ပတ်သက်၍ “အစိုးရဘက်က ရှင်းရှင်းလင်းလင်း မပြောဘူး။ အလွတ်သဘော တွေ့ဖို့ပဲ ပြောတယ်။ ကျနော်တို့က အလွတ်သဘော မဟုတ်ဘဲ၊ တရားဝင် တွေ့ဆုံ ဆွေးနွေးချင်တာ”ဟု သူက မဇ္စျိမကို ပြောသည်။ 

KIO ဘက်မှ တုံ့ပြန်မှုအား စောင့်နေသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။ ပို့လိုက်သော စာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြောင်းလဲခြင်း မရှိဘဲ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်၍ မူဆယ် သို့မဟုတ် နေပြည်တော်တွင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

KIO ဘက်ကမူ တရုတ်နယ်စပ် ပရဝမ်ဒေသတွင် တွေ့ဆုံရန်သာ ပြောဆိုနေခြင်း ဖြစ်သည်။ 

တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ယခု နေပြည်တော်နှင့် မူဆယ်မြို့များတွင် တွေ့ဆုံမည့် အစီအစဉ်သည် KIO ဘက်မှ အနည်းငယ် အခက်အခဲ ရှိနိုင်မည်ဟု ယူဆကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာက ပြော
သည်။ 

“KIO ဘက်ကလည်း ပြန်တွေ့ဖို့ ပြောထားတယ်။ ဒါပေမယ့် ရှေ့တန်းမှာ စစ်ဆင်ရေး များလာလို့ အရင်တခေါက်
ပြောတဲ့ မူဆယ်နဲ့ ဗန်းမော်မှာ မသွားနိုင်းဘူး ပြောထားတာ။ ခုလည်း ဖားကန့်ဘက်မှာလည်း တိုက်နေတုန်းပဲ။ ခုလည်း မတွေ့ဘူးလို့ ပြောတာမဟုတ်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။  

သောကြာနေ့တွင်လည်း ဖားကန့်မြို့နယ် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များနှင့် အစိုးရတပ်တို့ တင်းမာနေသော်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း KIO တပ်အရာရှိ တဦးက ပြောသည်။ 

ဇွန်လ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် နှစ်ဖက် နောက်ဆုံး ဆွေးနွေးမှုတွင် အစိုးရ တပ်စခန်းပေါင်း ၆၁ နေရာအား ရုတ်သိမ်းပေးရန် KIO ဘက်မှ တင်ပြချက်အချို့ကို အစိုးရဘက်မှ သဘောတူခဲ့ပြီး တချို့ကို မြေပုံနှင့်တကွ စစ်ဘက်ဆိုင်ရာ အရာရှိများ ထပ်မံဆွေးနွေးရန် သဘောတူခဲ့ရာမှ ယခုထိ ပြန်လည်မတွေ့ဆုံနိုင်သေးခြင်း ဖြစ်သည်။

ဖနိဒါ | ချင်းမိုင်(မဇ္စျိမ)


ရန်ကုန် ဩဂုတ် ၃၁

အစိုးရတပ်ဖွဲ များနှင့်ကေအိုင်အေတို့တိုက်ပွဲ များဖြစ်ပွါးနေသော မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ် ဖားကန့် နယ်မြေအနီးတွင် မြန်မာ့တပ်မတော် ခလရ (၂၆၉) တပ်ရင်းသည်ဩဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အေ များခိုအောင်းနေထိုင်နေသည် ကျေးရွာ ကိုဝင်ရောက်ရှင်းလင်းရာ ကေအိုင်အေ တို့ထောင်ထား သည် မိုင်းပဒေ သာအတွဲလိုက် ထိမှန်ပြီးအရာရှိ ၆ ဦးနှင့် အခြားအဆင့် တပ်သားစုစုပေါင်း ၄၂ ဦး စုစုပေါင်း ၄၈ ဦးကျဆုံးသွားကြောင်း အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ် မှတစ်ဆင့်သတင်းများရရှိ သည်။

The Voice Weekly

K_07231ထိုးစစ်အတွက် ရှေ့မတိုးသာဖြစ်နေသော အစိုးရ တပ်ဖွဲ့များသည် စစ်ဆင်ရေး အခြေအနေကို ပြောင်းလဲပစ်ရန် လေကြောင်း စစ်ဆင်မှုကိုပါ အသုံးပြုလာဖွယ် ရှိသည်ဟု ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဌာနချုပ်မှ တပ်မှူး တဦးက ရွှေဟင်္သာသတင်း ဌာနကို ပြောကြား ခဲ့ပါသည်။
“ KIA ကလည်း တန်ပြန်နေတယ်လေ။ သူတို့ကတော့ ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ်။ ဒါကိုကျော်လွှားဖို့ ထင်ပါတယ်။  အရေးကြီးတဲ့ ပွိုင့် တွေကိုလေကြောင်းနဲ့ ဗုံးကျဲ ဖို့လိုအပ်တယ်ဆိုပြီး၊ အချင်းချင်း ဆက်သွယ်ရေးစက်နဲ့ အကူအညီတောင်းနေ တယ်။ နေပြည်တော်ကတော့ ဘာအမိန့်ချမလဲတော့ မသိဘူး။ လောလောတော့ငြိမ်နေတယ်။ စောင့်ကြည့်နေတယ်။ ကျနော်တို့ကတော့ အဲဒီအတွက် အစကတည်းကပြင်ထားပြီးသားပါ ”ဟုဆိုပါသည်။
အထူးသဖြင့်လိုင်ဇာစစ်မျာက်နှာရှိ KIA တပ်များနေရာယူထားသော တောင်ကုန်းပွိုင့်များကို ဗုံးကြဲဖွယ်ရှိသည်ဟု KIA ဖက် မှခန့်မှန်းထားပါသည်။ သို့သော် KIA ၏ အစိုးရရှေ့တန်း စစ်တပ်အတွက် ထောက်ပံ့ရေး ရိက္ခာလမ်းကြောင်းများကို ဖြတ် တောက်သည့် တိုက်ပွဲများကြောင့် ရှေ့တန်း တပ်ဖွဲ့များတွင် ရိက္ခာပြသနာဖြစ်ဖွယ်ရှိနေပါသည်။ ဤပြသနာကို အစိုးရဖက်က လေကြောင်းနည်းဖြင့် ရိက္ခာနှင့် ခဲယမ်းမီးကျောက်များ ချပေးနိုင်ဖွယ်ရှိနေပါသည်။ 

KIA_922qqw
KIA
၏ခံကတုတ်များ (ဓါတ်ပုံ KIA)
KIA သည် ၄င်းတို့၏ တန်ပြန်ထိုးစစ်ကို၊ စခန်းသိမ်းချေမှုန်းရေး တိုက်ပွဲများ အပါဝင် ပျောက်ကျားစနစ်နှင့်၊ မိုင်းစစ်ဆင်ရေး နည်းလမ်းများကို အသုံးပြုပြီး အစိုးရ တပ်ဖွဲ့များအား ပြန်လည် တိုက်ခိုက်နေသည်ဟု ဆိုပါသည်။ အထူးသဖြင့် လိုင်ဇာစစ် မျက်နှာ၊၀ိုင်းမော်နှင့် တပ်မဟာ (၅) ဧရိယာ၊ တပ်မဟာ (၃)နှင့်တပ်မဟာ(၄)ဧရိယာ နှင့် ဖါးကန့်နယ်ရှိ KIA တပ်ရင်း(၃) ဧရိယာ၌ နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေပါသည်။ 
အစိုးရ တပ်ဖွဲများသည်လည်း KIA တပ်ဖွဲ့များ၏ တန်ပြန်မှုကို တန်ပြန်စစ်ဆင်ရေးဖြင့် တုန့်ပြန်နေသည်ဟုဆိုပါသည်။ ဤ ကဲ့သို့ ပြင်းထန်လာနေသော စစ်ရေးအခြေအနေကြောင့် ကချင် စစ်ပြေး ဒုက္ခသည်များ တိုးလာနေပြီး ယခုဆိုလျှင် ဒုက္ခသည်များ တသိန်းဝန်းကျင်ခန့် ရှိလာနေ ပြီးဟု ဒုက္ခသည်ကော် မီတီ များက ခန့်မှန်းနေပါသည်။ အထူးသဖြင့် ဖါးကန့်ဒေသ၌ ကျေးရွာ (၁၁) ရွာမှ လူထုများ ပြောင်းရွှေ့ပေးရန် အစိုးရ တပ်ဖွဲ့များက ထပ်မံ အမိန့်ပေးထားသည်ဟု ဒေသခံများကဆိုပါ သည်။
ဤကဲ့သို့ KIA နှင့်အစိုးရတို့၏ ရှေ့မတိုးသာ ဖြစ်နေသော ပြသနာကို ၀ိုင်းဝန်း ကူညီဖြေရှင်းပေးရန် အမေရိကန်နိုင်ငံက တ ရုတ်နိုင်ငံအား တောင်းဆိုထားကြောင်း အမေရိကန် အစိုးရ ထုတ်ပြန်ချက်တခု၌ တွေ့ရပါသည်။ ထို့အပြင် ကချင်စစ်ပြေး ဒုက္ခသည်များကို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များက အကူအညီပေးနိုင်ရန် တရုတ်နယ်မြေကို အသုံးပြု ခွင့်ပေးရန် လည်းတောင်းဆိုထားပါသည်။
ဤစစ်ပွဲသည်၊ တိုင်းရင်းသားများအပေါ် အစိုးရသဘောထား၏ နောက်ဆက်တွဲပြသနာဟု KIA ကခံယူသလို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အကူအညီပေးနေသော နော်ဝေးနိုင်ငံမှ Myanmar Peace Support Initiative (MPSI) ကလည်း မြန်မာ့ငြိမ်းချမ်းရေးသည် အစိုးရမှ KIA အပေါ် ထားရှိသောသဘောထား၌ မူတည်သည်ဟု မှတ်ချက်ပြုခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/internation-news/1942--kia-mpsi-.html

Naing_par_aung_112
KIA
ဗိုလ်ချုပ်ပန်းအောင်


ကျွန်တော်တို့မြန်မာနိုင်ငံတွင် လူဝင်မှုလူမျိုးရေးနှင့် ပတ်သက်ပြီး အကြီးအကျယ်ပြဿနာတက်နေချိန် တွင်
ကော့သောင်းမြို့ရှိ လ၀ကဦးစီးမှူးစိုးမြင့်ထွန်း ဦးဆောင်တဲ့ရုံးအဖွဲ့များသည်မည်သည့် လူမျိုးဖြစ်စေ ကြိုက်တဲ့
လူလာ အိမ်ထောင်စု မရှိသူဆိုလျှင်ဘတ်ငွေ(၃၅၀၀)၊ အိမ်ထောင်စုရှိပြီး လူဆိုလျှင်ဘတ်ငွေ(၁၀၀၀) ဖြင့်ဒီနေ့
ငွေပေး မနက်ဖြန်မှတ်ပုံတင်ရအမြန်လုပ်ပေးနေပါသည်။ ယခုဆိုလျှင် ကော့သောင်းနှင့်ရနောင်းနယ်စပ်ရှိ အိမ်
ထောင်စု မရှိသူ ပရှူးမွတ်စလင် အများအပြား အလုံးရင်းဖြင့်လုပ်နေကြပါသည်။ အခြားမြို့ များတွင်ရှိ လူများသည်
လည်း ထိုင်းနိုင်ငံသို့ အထွက်လွယ်ကူစေရန် ကော့သောင်းမှတ်ပုံတင်ကို ငွေနှင့်ဓါတ်ပုံလှမ်းပို့ ၍ လုပ်နေကြပါ
သည်။
 
 
ယင်ကိစ္စနှင့်ပက်သက်၍ ကော့သောင်းမြို့ ရှိမည့်သူ့ ကိုမဆိုဆက်သွယ် မေးမြန်းနိုင်ပါသည်။ ဤလို နေရာမျိုးတွင်
ယခုကဲ့သို့ ဝန်ထမ်းများရှိနေခြင်းမှာ တိုင်းပြည်အတွက်တကယ်ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်ပါသောကြောင့်
အချိန်မီ ကာကွယ်တားဆီးသင့်ကြောင်းနိုင်ငံတော် အကြီးကဲများအား လေးစားစွာ ပန်ကြားအပ်ပါသည်။
 
 

လေးစားစွာဖြင့်

ကော့သောင်းမြို့ ခံတစ်ဦး။
 


ထွန်းထွန်း
ဘင်္ဂလာဒေခ်ျ့  ပတ်စ်ပို့ အတုကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာရန် ကြိုးစားသူ မြန်မာနိုင်ငံသား မွတ်ဆလင် ၁၆ဦးကို ဘင်္ဂလားဒေ့ခ်ျ ရဲတပ်ဖွဲ့မှ ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် ယမန်နေ့က  ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများနှင့် သက်သေခံ အထောက်အထားများ (ဓါတ်ပုံ- Star)
ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းများတွင်  ရိုဟင်ဂျာများ ဟု ဖေါ်ပြပြီး မြန်မာနိုင်ငံ အစိုးရက ဘင်္ဂလီများဟု ခေါ်ဆိုသူ ၁၆ ဦးအား  ဒက္ကားလေဆိပ်မှနေ၍ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ မထွက်ခွာမီ ဒက္ကားလေဆိပ်သို့ အ၀င်တွင် ဘင်္ဂလာရဲက ဖမ်းမိခြင်း ဖြစ်သည်။
သူတို့အား နိုင်ငံခြားသို့ ထွက်ခွာနိုင်ရန် စီစဉ်ပေးသူ ပွဲစား (၅) ဦးအားလည်း ဘင်္ဂလာရဲက ဖမ်းဆီးခဲ့ပြီး သူတို့အထဲမှ အမ်းဒီ န၀က်ခန် ဆိုသူထံမှာ တာကာငွေ ၂၆ သိန်း နှစ်သောင်း တစ်ထောင်တန်ဖိုးရှိ နိုင်ငံခြား ငွေများကို ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။
သူတို့နည်းတူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၇) ဦးကိုလည်း ပတ်စ်ပို့ အတုဖြင့် ယမန်နေ့က ဖမ်းမိခဲ့သည်ဟု ရဲက ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်နှင့် မလေးရှားနိုင်ငံ ကွာလာလာမ်ပူ မြို့ရှိ ယူအန်အိပ်ခ်ျစီအာရ် ရုံးများသည် ရိုဟင်ဂျာ ဆိုသူများကို ဒုက္ခသည်များ အဖြစ် အဆောတလျင် အသိအမှတ်ပြုပြီး  တတိယနိုင်ငံများသို့ ပို့ပေးသည်ဟု ဆိုသည်။
ကမ္ဘောဒီးယား ဖနွမ်းပင်ရှိ ယူအန်အိပ်ခ်ျစီအာ ရုံးသည် အမေရိကန် အပါအ၀င် တတိယနိုင်ငံသို့  ထွက်ခွာရန် အတွက် အလွယ်ကူဆုံး စခန်းတစ်ထောက်နားရာ နေရာဖြစ်သဖြင့် ကမ္ဘောဒီးယားသို့ သွားနေကြခြင်း ဖြစ်သည်ဟု သိရသည်။
ယခုလအတွင်း ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ အတုဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ခွာရန် စီစဉ်ရာမှ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ရိုဟင်ဂျာဆိုသူ  ၃၈ ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း The Daily Star သတင်းစာတွင် ဖေါ်ပြသည်။
သြဂတ်စ်လ ၁၁ ရက်နေ့ကလည်း ဒက္ကားလေဆိပ်မှ ပတ်စ်ပို့ အတုဖြင့် နိုင်ငံခြားသို့ ထွက်ခွာရန် စီစဉ်သူ မြန်မာနိုင်ငံသား မွတ်ဆလင် ၇ ဦးကို ဖမ်းမိကြောင်း ဒက္ကား လေဆိပ် လုံခြုံရေး တာဝန်ယူထားသော ပုလိပ်မင်းကြီး အာတီးကွာ ရာဟမန်က ပြောသည်။
ရိုဟင်ဂျာဆိုသူများသည် ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ဖြင့် နိုင်ငံခြားကို ထွက်ခွာသွားပြီးနောက် ရာဇ၀တ်မူများကို ကျူးလွန်ကြသည်ဟု အာတီးကွာ ရာဟမန်ကို ကိုးကားပြီး ယနေ့ထုတ် The Daily Star သတင်းစာက ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် လူဝင်မူကြီးကြပ်ရေး အရာရှိများကလည်း ရိုဟင်ဂျာ ဆိုသူများသည် ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ကို ကိုင်ပြီး နိုင်ငံခြားတွင် ရာဇ၀တ်မူများကို ကျူးလွန်ကြသဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ၏ နာမည်နှင့် ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်နေကြောင်း ပြောကြားသည်ဟု သတင်းစာက ရေးသားသည်။
ယခုအခါ ဆော်ဒီးအရေးဗီယား နိုင်ငံတွင် ဘင်္ဂလာဒေခ်ျ့ ခရီးသွား အထောက်အထားများဖြင့် ဖမ်းဆီးခံထားရသူ ရိုဟင်ဂျာ (၇၀၀) ရှိပြီး ထိုသူများကို ပြန်လည် လက်ခံယူရန် ဘင်္ဂလာဒေခ်ျ့ကို ဆော်ဒီ တာဝန်ရှိသူများက ဖိအားပေးလျှက် ရှိနေကြောင်း ရေးသား ဖေါ်ပြထားပါသည်။


ကြီးမားခံ့ ညားသော လွှတ်တော် အဆောက်အအုံ အတွင်းမြင်ကွင်းများ က တီဗီဖန် သားပြင်ပေါ်တွင် သက် ဝင်လှုပ်ရှားနေသည်။ အမျိုးသားဝတ်စုံ အဆင်တန် ဆာတစ်ခုဖြစ်သော မောင့်ကျက်သ ရေခေါင်းပေါင်းများဖြင့် လွှတ်တော် ကိုယ်စားလှယ်များ။ ရှေ့ဘက်စင်မြင့် ပေါ်မှ လွှတ်တော်ဥက္ကဋ္ဌက အဆို တင်သွင်းနေသော ကိုယ်စားလှယ် ကို ကြည့်နေသည်။ တင်သွင်းသော အဆိုနှင့် အကြောင်းအရာများကို မြန်မာ့အသံအစီအစဉ်တင်ဆက်သူ က သတင်းအဖြစ် ထုတ်လွှင့်နေခြင်း  ဖြစ်သည်။ သို့သော် တီဗီရှေ့တွင် မည်သူ မျှမရှိပါ။ ''မိန်းမ တီဗီပိတ်လိုက်ဦး လေ''။''ရှင်မကြည့်တော့ဘူးလား။ သတင်းလာနေတယ်လေ''။ ''ဘာမှ မဟုတ်ပါဘူးကွာ။ စာတွေပဲ ဖတ်ပြ နေတာ။ ဒါပဲ။ ပိတ်လိုက်တော့။''အထက်ပါအဖြစ်အပျက်နှင့် စကားများမှာ လုပ်ကြံဖန်တီးထား သော ဇာတ်လမ်းမဟုတ်ပါ။ ရန်ကုန် မြို့ရှိ၊ မြို့နယ်တစ်ခုမှ အသက် ၃ဝ ဝန်းကျင်ရှိ ဘွဲ့ရပညာတတ် ကုမ္ပဏီ  ဝန်ထမ်းလင်မယားနှစ်ဦး၏ညစဉ် ၈ နာရီသတင်းလာချိန်တိုင်း ဖြစ်ပျက်နေ ကျအကြောင်းအရာတစ်ခုအား ကာယကံရှင်များ ကပြောပြခြင်းဖြစ်သည်။ ''ကျွန်တော်တို့က ဘာတွေလုပ် ပေးမယ်၊ ဘာတွေပြောင်းလဲမယ်ဆို တာကိုပဲ လက်တွေ့ကျကျ သိချင် တယ်။ အခုဟာက ဘယ်တုန်းက ဘယ်လိုတွေ လုပ်ခဲ့တယ်။ ဘာတွေ ဘယ်နှခုရှိပါတယ် ဆိုတာတွေ စားမြုံ့ပြန်နေတာ။ ဝန်ခံရရင် လွှတ် တော်ကို စိတ်ကိုမဝင်စားတာ''ဟု အထက် ပါလင်မယားမှ အမျိုးသား ဖြစ်သူ အိုင်တီပညာရှင် ကိုရဲမင်းက ဆိုသည်။

လွှတ်တော်သို့မဟုတ် သမိုင်းအချိုးအကွေ့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ရွေး ကောက်ပွဲပြီးနောက်ပိုင်း ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလတွင် အမျိုးသားလွှတ် တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေ သကြီးလွှတ်တော်များ အသီးသီးပေါ် ပေါက်ခဲ့သည်။ ယင်းနောက် ပြည် ထောင်စုလွှတ်တော်မှ တစ်ဆင့် ဦးသိန်းစိန်ဦးဆောင်သော အစိုးရ တစ်ရပ်ပေါ်ပေါက်လာသည်။ နှစ်ပေါင်းများစွာ ပြင်ဆင်ရေးဆွဲ ခဲ့သော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေစတင်အသက်ဝင်ခြင်းနှင့်အတူ နှစ်ပေါင်း ၅ဝ ခန့်အတွင်း မြန်မာနိုင်ငံ ၌ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဟူ၍ တိုင်းပြည် အချုပ်အခြာအာဏာကို ပဲ့ပြင် ထိန်းကြောင်းမည့် မဏ္ဍိုင်သုံးရပ် တစ်သီးတခြားစီ ပေါ်ပေါက်လာ သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို မယုံကြည်သူများပင် သမ္မတဦးသိန်း စိန်၏ သန့်ရှင်းသော အစိုးရ၊ ကောင်း မွန်သော အုပ်ချုပ်ရေး မိန့် ခွန်းများကြောင့် တပ်မတော် တစ် ပိုင်းအရပ်သားအစိုးရကို စတင် ယုံကြည်ခဲ့သည်။ ''အစိုးရအဖွဲ့အစည်းက အစိုးရ နဲ့ ဆိုင်တဲ့ အလုပ်တွေလုပ်ကြတယ်၊ တာဝန်ယူကြတယ်။ ဒီအတိုင်းပဲ တရားရေးအလုပ်တွေ လုပ်ကြတယ်။  သူတို့တာဝန်သူတို့လုပ်ကြတယ်။ ဒီလိုပဲပြည်သူများရဲ့ ကိုယ်စားလှယ်၊ အမျိုးသားများရဲ့ ကိုယ်စားလှယ်များ ပါဝင်တဲ့ ကျွန်တော်တို့ လွှတ်တော်  ကလည်း ကျွန်တော်တို့လုပ်ရမယ့် လုပ်ငန်းတာဝန်တွေ လုပ်ကြရမယ်၊၊ လုပ်တဲ့အခါမှာလည်း တာဝန်ကျေဖို့ လိုပါတယ်။ အဲဒီလို တာဝန်ကျေ အောင် လုပ်ဖို့ဆိုရင် ကျွန်တော်တို့ တွေက မိမိတို့ရဲ့ အဓိကလုပ်ငန်း တွေကို ထမ်းဆောင်တဲ့အခါမှာ တာဝန်ကျေအောင်လုပ်နိုင်တဲ့ စွမ်း ရည်၊ အရည်အချင်းတွေ ရှိဖို့လိုပါ တယ်''ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂ဝ၁၁ ခုနှစ်၊ မေလ ၂၃ ရက်နေ့လွှတ် တော်ရုံးခန်းမ၌ ပြုလုပ်သော ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ် တော်ကော်မတီ (၄) ရပ်၊ တိုင်း ဒေသကြီးနှင့် ပြည် နယ်လွှတ်တော် ဥက္ကဋ္ဌများ၏ လွှတ် တော်လုပ်ငန်း ဆိုင်ရာ ဆွေးနွေးပွဲတွင် လမ်းညွှန် မှာကြားခဲ့သည်။ ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လက်ရှိအ ခြေအနေနှင့် မကိုက်ညီသည့် ဥပဒေ များကို ပြင်ဆင်ရေး၊ ဖြည့်စွက်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းရေး သည် နိုင်ငံနှင့် ပြည်သူအတွက် အဓိကတာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ထိုအချိန်မှ စ၍ သူရဦးရွှေမန်း နှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို နိုင်ငံရေး လေ့လာစောင့်ကြည့်သူအချို့ စိတ် ဝင်တစားရှိခဲ့သည်။ သို့သော် . . ယခင်လွှတ်တော်သုံးကြိမ် ကျင်းပခဲ့စဉ်ကထက် ဇူလိုင်လ ၄ ရက်က စတင်ကျင်းပသော လွှတ် တော်အစည်းအဝေးများမှစ၍ ကြား ဖြတ်ရွေးကောက်ပွဲ၌ ပြည်သူ၏ တစ်ခဲနက် ထောက်ခံမှုဖြင့် လွှတ် တော်တွင်းရောက်ရှိလာသည့် NLDကိုယ်စားလှယ်များကို ပြည်သူက ပိုစိတ်ဝင်စားခဲ့သည်။ ထို့ကြောင့်ပင် NLD ပါတီမှ ပုသိမ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းသော အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်းတင်ပြရေးနှင့် ပတ် သက်၍ လွှတ်တော်၏ တုံ့ပြန်မှုကို လူထုက အလေးထားခဲ့သည်။ သို့ သော် ထောက်ခံမဲ ၆၈ မဲသာရ၍ အပြတ်အသတ်ရှုံးနိမ့်ပြီး တင်သွင်း သော အဆိုပျက်ပြယ်ခဲ့သည်။

မတူသောဆန္ဒများဖြင့် လွှတ်တော် ''အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင် မှုထုတ်ဖော်ကြေညာရေးအဆို တင်တာ လွှတ်တော်က ပယ်ချ လိုက်တယ်။ ဒါကို ပြည်သူက ဘယ်လိုသဘောထားမလဲ။ ပြည်သူ က နိုင်ငံ့ခေါင်းဆောင်တွေကို အစိုးရ မဖြစ်ခင်က ဘာအလုပ်လုပ်လဲ။ အစိုးရဖြစ်ပြီးနောက် သန့်ရှင်းစွာ အလုပ်လုပ်လားဆိုတာ ပြည်သူက အစစ်ဆေးခံစေချင်တာ။ ပြည်သူရဲ့ ရွေးချယ်မှုနဲ့ အစိုးရလုပ်သူဟာ သူ တို့ရဲ့ ရိုးသားဖြောင့်မတ်မှုအတွက် စစ်ဆေးခံသင့်တယ်။ ဒါကို မလိုဘူး ဆိုပြီး ပယ်ချတယ်။ ဒီလိုပယ်ချတာ အကြောင်းတော့ရှိရမယ်။ ဒါကို စဉ်း စားလို့မရဘူး''ဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ပြည်သူ့ ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီ တာ စာရေးဆရာ မောင်ဝံသက ပြောသည်။ထိုနည်းတူပင် လက်ရှိ လူထုအတွင်းလူပြော အများဆုံး ရှုပ်ထွေးမှုအဖြစ်ဆုံး ဖြစ်ပေါ်နေသော လယ် ယာမြေပိုင်ဆိုင်မှုအငြင်းပွားပြဿနာ များနှင့် ပတ်သက်၍ ဇူလိုင်လ ၂၃ ရက်က ကျင်းပသော ပြည်ထောင် စုလွှတ်တော်တွင် ဇလွန်မဲဆန္ဒနယ် မှ ဦးတင်ထွတ်က လယ်ယာမြေများ သိမ်းဆည်းခံ ရခြင်းများအား စုံစမ်း လေ့လာဖော်ထုတ်ပြီးတောင်သူများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဆောင်ရွက်ပေးရန် အဆိုကို တင်သွင်းခဲ့သည်။ ယင်းအဆိုကို ထောက်ခံ ဆွေးနွေးသူများစွာဖြင့် အတည်ဖြစ်ခဲ့ သော်လည်း ကန့်ကွက်သူများမှာ လည်း မနည်းပေ။''မတရားသိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို စုံစမ်းစစ်ဆေး ရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ ဒါက အောင်မြင်တယ်။ ဒါပေမဲ့ ကန့် ကွက်တဲ့သူတွေက များတယ်။ ဒါကို မစစ်ဆေးသင့်ဘူးဆိုပြီး မဲပေးတဲ့သူ တွေ။ အဲတော့ ကျွန်တော်တစ်ခု စဉ်းစား တယ်။ ပါတီကနေပြီး ဒီအဆို အတည်ပြုသွားလို့ ဘယ်လိုမှ မဖြစ် သင့်ဘူးဆိုပြီး အပေါ်က ညွှန်ကြား၊ အဲဒီအတိုင်း ကန့်ကွက် ပေါ့။ ပြည်သူလူထုရဲ့ သဘောထားနဲ့ လုံးဝဆန့် ကျင်ပြီးဆုံးဖြတ်တဲ့ပါတီဟာ နောက် ရွေးကောက်ပွဲမှာ သေချာပေါက်ရှုံး မှာပဲ။ ဘယ်လိုမှ ရပ်တည်လို့မရ တော့ဘူး''ဟု လွှတ်တော်အတွင်း အဆိုနှင့် မေးခွန်းများ ကန့်ကွက် ပယ်ချခံရခြင်းများနှင့် ပတ်သက်၍ စာရေးဆရာမောင်ဝံသက သုံးသပ် ပြောကြားသည်။

ဝေဖန်မှုများကြားက သက်ဝင်နေတဲ့ လွှတ်တော်ယခုလအတွင်း လွှတ်တော် အစည်းအဝေးများကို နိုင်ငံရေးလေ့လာစောင့်ကြည့် သူများနှင့် စိတ်ဝင် စားသူများအကြား ဝေဖန်သံအမျိုးမျိုး ထွက်ခဲ့သည်။ သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ အခြေ ခံဥပဒေခုံရုံးကိစ္စနှင့် ပတ်သက်၍ အ ပြန်အလှန်သဝဏ်လွှာပေးပို့ခြင်းအ ပါအဝင် ပြည်သူလူထုနှင့် တိုက်ရိုက် ပတ်သက် သော အထက်ပါ လယ်ယာမြေအငြင်းပွားမှု ကိစ္စများ၊ အစိုးရအဖွဲ့များ၏ ပိုင်ဆိုင်မှု ထုတ်ဖော် ကြေညာရေး အဆိုတို့ကြောင့် အိပ်နေသော လွှတ်တော်မဟုတ် ကြောင်း သက်သေသာဓကပြရာ ရောက်သည်။ပြည်သူလူထုသည် ၄င်းတို့၏ အခြေခံ စားဝတ်နေရေးနှင့် ပတ်သက် လာသောအခါ လွှတ်တော်အပေါ် စိတ်ဝင်စားလာခဲ့သည်။ ယခင်လွှတ်တော်အကြိမ် များတွင် မေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်နှင့် ပတ်သက်ပြီး သက် ဆိုင်ရာ ဝန်ကြီးဌာန၏ ပြန်လည် ဖြေဆိုချက်များ ဘဝင်မကျခဲ့သော် လည်း ပြည်သူလူထု၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်မည့် ကိစ္စကို ပြည်သူလူထုစိတ်ဝင်စားမည်ဖြစ် ကြောင်း အသက် ၆ဝ ကျော်အ ရွယ် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ က ဆိုသည်။ ''တိုင်းဒေသကြီးနဲ့ပြည်နယ် မှာ လွှတ်တော် မှာ လုပ်ရမယ့်ကိစ္စတော် တော်များများကိုလည်း ပြည်ထောင် စုအဆင့် လွှတ်တော်မှာ တင် နေ ကြတယ်။ အဲဒီမှာက တစ်နိုင်ငံ လုံး နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ကိစ္စ တွေကိုပဲ လုပ်ရမှာ။ အခုဟာက ကျွန်တော်တို့ ဒေသတွေမှာ ဆေးရုံမရှိလို့၊ လမ်းမကောင်းလို့၊ ရေချိုး ခန်းမရှိလို့ အိမ်သာမရှိလို့ဆိုတာ မျိုးတွေ၊ ဒါအဓိပ္ပာယ်မရှိဘူး''ဟု ရှမ်းတိုင်းရင်းသား များဒီမိုကရက် တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစောသန်းမြင့်က ပြောသည်။ ယင်းအပြင် ''အမျိုးသားဒီမို ကရေစီအင်အားစုမှ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက လွှတ်တော်အစ ပိုင်းကာလများတွင် ဝန်ကြီးဌာနများ ၏ ဖြေကြားမှုနှင့်ပတ်သက်၍ ''ဝန် ကြီးတွေ ပထမဆုံးလွှတ်တော်မှာ ဖြေကြားတာဘာမှ ရေရေရာရာမရှိ ဘူး၊ ပြီးခဲ့တာတွေ ပြောပြီးဘာ လုပ်ပေးမယ်ဆိုတာ မပါဘူး''ဟု လွှတ် တော်တွင်း အခြေအနေကို ပြန် ပြောင်းပြောပြသည်။တစ်နှစ်နှင့် ခြောက်လသာရှိ သေးသော လွှတ်တော်အနေဖြင့် အတွေ့အကြုံနှင့် ဒီမိုကရေစီရင့်ကျက် မှုလိုအပ်နေသေးကြောင်း သုံးသပ် သူများ များစွာရှိသည်။ ထိုနုနယ် သော သက်တမ်းကာလအတွင်း အရေးကြီးသော ဥပဒေများ ပြဋ္ဌာန်း အတည်ပြုပေးခြင်း၊ ပြင်ဆင်ပယ် ဖျက်ခြင်းများပြုလုပ်ခဲ့သည်ဟု ထောက်ခံပြောကြားသူများလည်း ရှိ သည်ပင်။''တဖြည်းဖြည်းတော့ လုပ် ပိုင်ခွင့်ဘောင်ထဲကနေ တိုးတိုးပြီး ဆောင်ရွက်နိုင် ခဲ့တယ်လို့ ယူဆမိပါ တယ်။ တစ်ထပ်တည်းကျအောင် ကြိုးစားနေပြီလို့ ကျွန်တော်တော့ ဒီလိုပဲ ပြောနိုင်ပါတယ်။ ဆောင်ပုဒ် အတိုင်းပြည်သူ့အသံ၊ လွှတ်တော် အသံဖြစ်ပြီလို့တော့ ပြောလို့မရသေး ပါဘူး''ဟု NLD ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်း ကြိုင်က ပြောသည်။ ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ၄င်းအနေဖြင့် လွှတ်တော်တွင်း အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းများသည် ပြည်သူမှလာသော ပြည်သူ့ဆန္ဒများသာ ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်  အားလုံး ပြည်သူ့အသံအစစ်အမှန် ဖော်ထုတ်ရန်မှာ အချိန်အတိုင်းအတာတစ်ခုနှင့် အတွေ့အကြုံအပေါ် အခြေခံ၍ ပြည်သူက ထိန်းကျောင်း သွားရမည်ဖြစ်ကြောင်းပြောကြားသည်။

ကော်မတီများ မျှထမ်းရတော့မည့် လွှတ်တော်၏ ထမ်းပိုးထိုကဲ့သို့ ဥပဒေပြုရေးမဏ္ဍိုင်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက် လျှင် လွှတ်တော်အတွင်း  ရေးရာကော်မတီများ၏အခန်းကဏ္ဍ ကို ချန်ထားဋ္ဋ၍ မရကြောင်း သုံးသပ်ပြောကြားသူများ လည်း ရှိကြ သည်။ ယခုနောက်ဆုံး ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်သော တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအပါအဝင် ရေးရာကော်မတီ၂ဝ ကျော်ရှိရာ ၄င်းကော်မတီများ၏ သက်ဝင်လှုပ် ရှားမှုကများစွာ အခရာကျသည်ဟု အသီးသီး ပြောကြားကြသည်။ ထိုအထဲတွင် ဥပဒေကြမ်းကော် မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ နိုင်ငံ သားများ ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ တောင်သူ လယ်သမားများ၊ အလုပ်သမားများနှင့် လူငယ် ရေးရာကော်မတီ၊ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု  ကော်မတီ၊ ကျန်းမာရေးမြှင့်တင်မှု ကော်မတီ စသည့်ကော်မတီများ သည် ပြည်သူလူထု၏ အကျိုးစီး ပွားကို ဖော်ဆောင် အကောင်အထည်ဖော်ရမည့် ကော်မတီများဖြစ်ကာ လွှတ်တော်တွင်း လွှတ်တော်ပြင် ၄င်းတို့၏ ဆောင်ရွက်ချက်များ ကျယ်ပြန့် လာပါက ပြည်သူလူထုက စိတ်ဝင်တစားရှိလာမည်မှာ သေချာ သည်။ ''လွှတ်တော်ကရေးရာ ကော်မတီဆိုတဲ့ ခေါင်းစဉ်တွေက ဝန်ကြီး ဌာနတွေနဲ့ တာဝန်ဝတ္တရားတွေ ဆက်စပ်ပြီး ဆောင်ရွက်ပေးရတာပဲ ဖြစ်ပါတယ်။ ဥပမာ တရားရေးပိုင်း၊ ကျန်းမာရေးပိုင်း မှာ ပြည်သူတွေကို ထိုက်သင့်သလောက်ပဲ လုပ်ပေးနိုင် ပါတယ်။ ဆိုလိုတာက ပြည်သူလူ ထုဆီ ကွင်းဆင်းပြီးဆောင်ရွက်ပေး ဖို့ လိုနေတာပါပဲ။ ကျွန်တော်တို့ဆီ ကို စာတွေရောက်နေပေမယ့် ပြည် သူ့အသံကို တိုက်ရိုက်မကြားရသေးပါဘူး''ဟု ပြည်သူ့ လွှတ်တော် ကျန်းမာရေးမြှင့်တင်ရေးကော်မတီအဖွဲ့ ဝင်ဦးအောင်သန်းက ပြောသည်။ လွန်ခဲ့သော တစ်နှစ်နှင့် ခြောက်လ အစိုးရသစ်တက်လာပြီး နောက်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည် တည်ဆောက်မှု ရပ်ဆိုင်းခဲ့ခြင်း၊  နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေး ခဲ့ခြင်း၊ စစ်အစိုးရလက်ထက် ကျော ခိုင်းအတိုက်အခံလုပ်ခဲ့ကြသော ဒေါ် အောင်ဆန်းစုကြည်နှင့် NLD ကို မြန်မာ့နိုင်ငံရေးအတွင်း ပါဝင်ပတ်သက်စေခြင်းများသည် တပ်မတော်တစ်ပိုင်း အရပ်သားအစိုးရကို ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှု၊ နိုင်ငံတကာ၏ ယုံကြည်မှုများ စသည်စသည်ဖြင့် အပေါင်းလက္ခဏာ ပေါင်းများစွာ ရှိခဲ့သည်။ ယင်းအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးနှင့် တစ်ပြေးညီ ငြိမ်း ချမ်းရေးတည် ဆောက်နိုင်ခြင်း မရှိသေးသော်လည်း လက်နက်ကိုင် အဖွဲ့အစည်း အတော်များများနှင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည် ဆောက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုသို့သော အကြောင်းအခြင်းအရာ များသည် တိုင်းပြည်၏ ဥပဒေပြု ရေးမဏ္ဍိုင်ဖြစ်သော လွှတ်တော်၏ အခန်းကဏ္ဍကို ချန်ထား၍မရသည် မှာ သေချာသည်။ သို့သော် လွှတ်တော်တွင်း ပြည်သူ့ဆန္ဒအစစ်အမှန်ကို ပုံဖော်ရာ၌ လျစ်လျူရှု ကန့်ကွက်နေမှုများ သည် ပြည်သူ့အသံ၊ လွှတ်တော် အသံဆိုသော ဆောင်ပုဒ်ကို ဂရုမပြု အလေးမထားသော ကိုယ်စား လှယ်များသာ ဖြစ်သည်ဟု ဆင်ခြင် မိလျှင်နောင်မဝေးတော့သော အနာ ဂတ်၌ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ အစစ်အမှန်များ လွှတ် တော်တွင်း ရောက်ရှိလာလိမ့်မည်ဟု နိုင်ငံရေး လေ့လာသူများက ဆိုသည်။ လွှတ်တော်၏ အဓိကတာဝန် ဖြစ်သည့် ဥပဒေပြုရေးသည် နယ် ပယ်အရပ်ရပ်ကို လွှမ်းခြုံထားခြင်း ကြောင့် ပြည်သူ့ကိုယ်စားလှယ် ဖြစ်သူများအားလုံး မဲဆန္ဒရှင် ပြည်သူကို ကာကွယ်စောင့်ရှောက်ပါက တိုင်း ပြည်၏ ခက်မသုံးဖြာ အာဏာကို  အများပြည်သူတို့၏ လက်ရှိအခြေ အနေနှင့် သံသယကို ကိုယ်စားပြု နေသော အိုင်တီပညာရှင် ကိုရဲမင်း ဇနီးမောင်နှံ သာမက ပြည်သူအားလုံး ယုံကြည်အားကိုး လာကြလိမ့် မည့်နေ့သည် မဝေးသောအနာဂတ်ဟု မျှော်လင့်ရင်းဖြင့်သာ . ..။ 

by Popular Myanmar News Journal


မောင်အေး
မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည် ရခိုင်ပဋိပက္ခတွင် အပြစ်ရှိ၍ ဖမ်းဆီး ထောင်ချခံရ ဘင်္ဂလီ မွတ်ဆလင် များကို သမ္မတ အာဏာကို အသုံးပြုပြီး တစ်ယောက်ပြီး တစ်ယောက် ပြန်လည် လွှတ်ပေး နေသော်လည်း ထောင်ချခံ ရခိုင် တိုင်းရင်းသားများကိုမူ တစ်ဦးတစ်ယောက်ကိုမှ ပြန်လည် လွှတ်မပေးသဖြင့် ယခုအခါ  သမ္မတကြီး ဦးသိန်းစိန်ကို မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ပြည်သူများက ဝေဖန် ပြောဆိုလျှက် ရှိကြောင်း သတင်း ရရှိသည်။
မောင်တော ဆူပူ အကြမ်းဖက် ဖြစ်စဉ်တွင် အဓိက ကြိုးကိုင်ခဲ့သူများဟု တရားရုံးက ဆုံးဖြတ်ပြီး ထောင် (၂)  နှစ်မှ (၆) နှစ်ထိ ချမှတ်ခံခဲ့ရသူ မြန်မာ မွတ်ဆလင် အမျိုးသမီး တစ်ဦးနှင့် ဘင်္ဂလီ မွတ်ဆလင် ( ၂) ဦးအား  သမ္မတ အမိန့်ဖြင့် ယမန်နေ့ နံနက် ၁၁ နာရီက ဘူးသီးတောင်ထောင်ထဲမှ ပြန်လည် လွှတ်ပေး ခဲ့သည်။
သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများမှာ ထောင် (၆) နှစ် ချမှတ်ခံထားရသူ UNHCR ၀န်ထမ်း ဒေါ်ချိုလေးမာခါတုန်၊ ဘူးသီးတောင် မြို့မှ ထောင် ၃ နှစ်နှင့် ၂ နှစ်စီ ချမှတ်ခံထားရသူ ခင်မောင်ရွှေနှင့် မောင်ခင်ဇော်တို့ဖြစ်ကြသည်။
သူတို့အား ဇွန်လအတွင်းက မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ပါဝင်ပတ် သက်သည်ဟုဆိုကာ ပုဒ်မ ၁၅၃-က၊ ၄၃၆၊ ၁၄၈၊ ၅၀၅ (ဂ)၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ (၅) ည တို့ဖြင့် ဖမ်းဆီးခဲ့ပြီး သြဂုတ်စ်လ ၂၄  ရက်နေ့က  မောင်တောခရိုင် တရားရုံး တရားသူကြီး ဦးခင်ဇော်မှ ပုဒ်မ ၄၃၆ ၊ ပုဒ်မ (၁၀၉)၊ ၅၀၅ (ဂ) တို့ဖြင့် ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်။
ယခုကဲ့သို့ ရခိုင်အမျိုးသား အိမ်များကို မီးရှို့၊ လူသတ်မူများ ဖြစ်အောင် ဖန်တီး လုံဆော်သူများကို သမ္မတ ဦးသိန်းစိန်က  မွတ်ဆလင်နိုင်ငံများ၏ ဖိအားကို ကြောက်သဖြင့် တစ်ယောက် မကျန်အောင် ပြန်လည် လွှတ်ပေးနေခြင်းကြောင့်  မောင်တောမြို့တွင် မကျေနပ်မူများ တိုးပွားနေကာ ခံပြင်း ဒေါသထွက်နေသော ရခိုင်မိသားစု အများအပြားမှာ ယမန်နေ့က တစ်ညဉ့်လုံး မအိပ်ကြဘဲ အိမ်ရှေ့တွင် စုရုံးနေခဲ့ကြသည်ဟု သိရသည်။
ယမန်နေ့ညနေ (သြဂတ်စ်လ ၂၈ ) ရက်နေ့ညတွင် မောင်တောမြို့ရှိ ရခိုင်များမှာ ညမအိမ်ဘဲ မိမိ အိမ် ရှေ့တွင် စုရုံးနေကြကြောင်း မြို့ခံများကလည်း အတည်ပြု ပြောကြားသည်။
“ ကျမတို့က  တော်တော်ကိုဒေါသထွက်ပါတယ်။ အခု သမ္မတရဲ့ လုပ်ရပ်ကိုလည်း ကျမတို့ နားမလည်တော့ဘူး။ အခု လုပ်ရပ်ဟာ အစိုးရ ဆိုသူတွေဟာ ပြည်သူတွေရဲ့ လစာကို စားပြီး ဘင်္ဂလီတွေအပေါ်မှာ ကျွန်ခံနေတဲ့ သဘောသက် ရောက်နေတယ်။ ကျမတို့ ဒီလို လုပ်ရပ် အပေါ် သည်းမခံနိုင်တော့ဘူး” ဟု သမ္မတ လုပ်ရပ်အပေါ် အထူး ဒေါသထွက်နေသော မောင်တောမြို့မှ အမည်မဖေါ်လို  အစိုးရ၀န်ထမ်း အမျိုးသမီးတဦးက ပြောသည်။
ယခုကဲ့သို့ အစိုးရမှ လွတ်ပေးလိုက်သည့်အပေါ်  မောင်တောမြို့မှ တခြားအိမ်ရှင်မတဦးကလည်း နိရဉ္စရာသို့ ယခုလို့ပြောသည်။
“ဒီလိုဆိုတော့ ဦးသိန်းစိန်ကို ကျမတို့ပြန် မေးရမယ်။ သူပြောတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာ ကို ပြောတာလည်းပေါ့။ တရား ဥပဒေ စိုးမိုးရေးဆိုတာ ကျမတို့ ရခိုင်တွေ အတွက် သက်သက် ပြောတာ လား။ အခုလို ရာဇ၀တ်မူ ကျူးလွန်တဲ့ သူတွေကို တစ်ယောက်ပြီး တစ်ယောက် လွှတ်နေတော့ အခု မောင်တောမှာ လူတွေ အရမ်း စိုးရိမ်မူတိုးလာနေကြပါပြီ။ ကျမကိုလည်း အိမ်ကလူတွေက ဒီမှာစိတ် မချ ရတဲ့အတွက် ကျမကို ရန်ကုန်ကို ပို့မယ်လို့ပြောတယ်။ ကျမ လုံးဝစိတ်မကောင်းဘူး။ မောင်တောက ကိုယ့်အိမ် မှာ လွတ်လွတ်လပ်လပ်နေချင်တယ်။ ရန်ကုန်မှာ သားသမီးတွေရှိပေမဲ့ ကိုယ့်အိမ်မှာဘဲ နေချင် တယ်။ မသွားချင်ဘူး” ဟု ဆိုသည်။
ယခုကဲ့သို့ဖမ်းဆီးထောင်ချပြီး အစိုးရမှပြန်လည် လွတ်ပေးနေသည့်အတွက် မောင်တောမြို့ရှိ ဒေသခံ ရခိုင်များအနေဖြင့် ဘ၀လုံခြုံမှုမရှိတော့ကြောင့် မောင်တောမြို့မှ ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
“သောကြာနေ့ကမှ ထောင် ၆ နှစ်ချတယ်။ ၅ ရက်တောင်မကြာဘူး ပြန်လွတ်သွားတော့ မနက်ဖန် မောင်တောတမြို့လုံးမှာ “အိမ်ရောင်းမည်” လို့ကပ်မယ်။ ဒီက အိမ်တွေရောင်းပြီး ကျွန်တော်တို့ ရန် ကုန်ကို ပြောင်းဖို့ စီစဉ်နေကြတယ်။ ကျွန်တော်တို့ ဘ၀လုံခြုံမှုမရှိတဲ့အတွက် ကျွန်တော်တို့မွေးတဲ့ မြေကို ကျွန်တော်တို့ စွန့်ပြီး သွားရတော့မယ် ” ဟု မောင်တောမြို့ခံတဦးက ပြောသည်။
မောင်တောမြို့ အမှတ် ၄ ရပ်ကွက်မှ လူကြီးတဦးကလည်း ယခုကဲ့သို့ ဖြစ်လာမည်ဟု သူ့အနေနှင့် မျော်လင့် မထားကြောင်း ယခုကဲ့သို့ပြောသည်။
“ကျွန်တော်တို့ မနက် ၁၁ နာခန့်ကတည်းက ဒီသတင်းကိုကြားပါတယ်။ ဒါပေမဲ့ ထောင်ဒဏ်ချထား တဲ့ သူကို ဒီလို ချက်ချင်းကြီး လွတ်ပေးမယ်လို့ မထင်ထားဘူး။ သောကြာနေ့က အပြစ်ချတယ်။ ဒီ နေ့ပြန် လွတ်ပေး တယ်ဆိုတော့ ဒီလုပ်ရပ်က သိပ်ရက်စက်တယ်။ ဒီလုပ်ရပ်ကို တယောက်မှ မကြေ နပ်ဘူး။ ရခိုင်တွေ ဒီက ထွက်သွားအောင် အစိုးရကိုယ်တိုင်က လုပ်နေတာလားလို့ စဉ်းစားမိတယ်”  ဟု ဆိုသည်။
မနက်ဖန်တွင်လည်း တခြား INGO ၀န်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်ကို လွတ်ပေး မည်ဟု မောင်တောမြို့ တွင် သတင်းများထွက်ပေါ်နေသည်။
ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ပဋိပက္ခကို နိုင်ငံခြား အန်ဂျီအိုများကို အကာအကွယ်ယူပြီး အဓိက ကြိုးကိုင် လုံ့ဆော် လူပ်ရှားခဲ့ကြသူများဟု ရခိုင်ပြည်သူများနှင့် ဒေသဆိုင်ရာ အစိုးရ အာဏာပိုင်များက ယုံကြည် ထားသူများကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ သူ၏ အမိန့်အာဏာဖြင့် ယခုအခါ အားလုံးကို ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
ရခိုင်တိုင်းရင်းသားများကိုမူ လက်နက်ကိုင် တပ်ဖွဲ့များက ဖိနှိပ် ညှဉ်းပမ်း ရက်စက်မူ၊ ရိုက်ပုတ် အနိုင်ကျင့်မူများ ပြုလုပ်နေသည့် အပြင် ဖမ်းဆီးခံရသူများကိုလည်း တစ်ယောက်မှ ပြန်မလွှတ်ဘဲ တစ်ယောက်ပြီး တစ်ယောက်  ထောင်ချနေပြီး  ယခုအခါ ထောင်ချခံရသူ အရေအတွက်မှာ (၆၃)ဦးထိ ရှိသွားပြီ ဖြစ်သဖြင့် သမ္မတ ဦးသိန်းစိန်၏ လုပ်ရပ် အပေါ် “ မျက်နာကြီးရာ ဟင်းဖတ်ပါသော လုပ်ရပ်″ အဖြစ် ပြည်သူများက  ပြောဆို ဝေဖန်နေကြကြောင်း သတင်းများ ရရှိပါသည်။



ဦးဇော်မင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ဦးခင်မောင်မြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်


နိုင်ငံတော် သမ္မတရုံး


( အမိန့်အမှတ်၊   ၂၃  / ၂၀၁၂ )

၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း   ၁၁   ရက်
(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ  ၂၈  ရက်)
ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(က) တို့အရ အောက်ဖော်ပြပါ

 ပြည်ထောင်စုဝန်ကြီး များအား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်-

(၁)ဦးခင်မောင်မြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန

(၂)ဦးဇော်မင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

(ပုံ) သိန်းစိန်


နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 ပြည်ထောင်စုစာရင်းစစ်ချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


နိုင်ငံတော်သမ္မတရုံး


( အမိန့်အမှတ်၊   ၂၄  / ၂၀၁၂ )


၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း   ၁၁   ရက်


(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ   ၂၈   ရက်)


ပြည်ထောင်စုစာရင်းစစ်ချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(က) တို့အရ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင် အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။


 (ပုံ) သိန်းစိန်
                                                                                                                                                                နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သမ္မတရုံး ၀က်ဆိုက်



ရန်ကုန် (မဇ္ဈိမ) ။        ။ လက်ရှိ ပြောင်းလဲနေသည့် အခြေအနေများ နောက်သို့ လိုက်ပါမှသာ ဖွံဖြိုးတိုးတက်မှုအတွက်
မောင်းနှင်အား ဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က ပြောဆိုလိုက်သည်။

“ပြောင်းလဲမှု မရှိရင် တိုးတက်မှု မရှိနိုင်ဘူး။ နိုင်ငံတကာကလည်း အပြောင်းအလဲကို လိုလားတယ်။ ပြည်သူတွေက လိုလားတယ်။ အဲဒါကို မပြောင်းရင် တိုးတက်မှာ မဟုတ်ဘူး။ ဒါကြောင့် ပြောင်းလဲမှုတွေကို လက်ခံဆောင်ရွက်ပေးဖို့ လိုအပ်တယ်” ဟု  သြဂုတ်လ ၂၅ ရက်နေ့က ဗိုလ်တထောင်မြို့နယ်ရှိ ဝါဏိဇ္ဇ ဘွဲ့ရများအသင်း ရုံးခန်းတွင် ပြုလုပ်ခဲ့ သည့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဟောပြောတွင် ပြောကြားသွားသည်။

အစိုးရအဖွဲ့ဝင်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်း၊ အစိုးရဝန်ထမ်းများနှင့် ပြည်သူများ အားလုံး အတူလိုက်ပါဖို့ လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲကို လိုလားသူများ ရှိသကဲ့သို့ အပြောင်းအလဲနောက်သို့ လိုက်ပါရန် တွန့်ဆုတ်နေသူများ ရှိကြောင်းကိုလည်း “အခုချိန်ထိ ထိုင်ခုံ မဖယ်ချင်သေးတဲ့သူတွေလည်း ရှိနေသေး တယ်။ အဲဒီ ပြောင်းလဲမှုမျိုး မရှိရင် တိုင်းပြည် တိုးတက်ဖို့ဆိုတာ မရှိနိုင်ဘူး” ဟု ဒေါက်တာအောင်ထွန်းသက် က ဆိုသည်။

ထို့ပြင် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ မြှင့်တင်ရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

“ယခင်က ပညာရေးကို နိုင်ငံရေးအတွက် အသုံးချခဲ့ပြီး တက္ကသိုလ်ပညာရေး ကျောင်းများကို ဝေးလံတဲ့ နေရာတွေကို ပို့ပြီး ပညာသင်ခဲ့တယ်။ အဲဒီအတွက် အဲဒီခေတ်မှာ ကျန်ခဲ့တဲ့သူတွေက ပညာတတ်တွေ နည်းလာတယ်။ ဒါတွေကို
ပြုပြင်ပြီးတော့ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်ကို ပိုပြီးအသုံးပြုဖို့ လိုအပ်တယ်” ဟု ဆိုသည်။

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ လူတော်များ ရွေးထုတ် ဦးဆောင်စေလိမ့်မည်ဟုလည်း ဒေါက်တာ က မျှော်မှန်းထားသည်။

“ဒီမိုကရေစီကိုအခုမှ စတော့ အားလုံးက ချွတ်ယွင်းချက်တွေ မြင်နေရတယ်။ အားလုံး ပြုပြင်နိုင်ရင်တော့ ၂၀၁၅ မှာ တိုးတက်ပြီး လူတော်တွေ ဦးဆောင်ပြီး ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်ဆီကို ရောက်မှာပါ” ဟု ဆိုသည်။

အလားတူ ၂၀၁၅ တွင် လူတဦးချင်းစီ၏ ဝင်ငွေ သုံးဆ ရောက်ရန် မျှော်လင့်ထားပြီး ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ်နှင့် သန့်ရှင်းသော အစိုးရတရပ်ကိုလည်း မျှော်လင့်ထားကြောင်း နိုင်ငံတော် သမ္မတကြီး၏ စကားကို ကိုးကားပြီး သမ္မတ အကြံပေးက ပြောဆိုသွားသည်။


တိုကျိုသံရုံးရှေ့မှ ဆန္ဒပြမြင်ကွင်း။ (ကမ္ဘာအနှံ့မှ ဤသို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများအပေါ် ကန့်သတ်ထားသည့် နာမည်ပျက်စာရင်းထဲက တချို့ကို ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်သည်။)
ကိုဇော်ဝင်းလှိုင်
အရင်စစ်အစိုးရလက်ထက်က အမည်မည်းစာရင်း Black List အဖြစ် သတ်မှတ်ထားသူ ၆,၀၀၀ ကျော် ထဲက ၂,၀၀၀ ကျော်ရဲ့ အမည်စာရင်းကို လက်ရှိအစိုးရက ပယ်ဖျက်လိုက်တဲ့အကြောင်း အင်္ဂါနေ့ မှာ ကြေငြာချက် ထုတ်ပြန်ပါတယ်။ ဒီ အမည်မည်း စာရင်းက ပယ်ဖျက်ခံရသူတွေ အနေနဲ့ မြန်မာနိုင်ငံ ကို ပြန်လာခွင့်ပြုမယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပေမယ့် ဘယ်သူတွေ ပါတယ်ဆိုတဲ့ စာရင်း အတိအကျတော့ မသိရသေးပါဘူး။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမည်မည်းစာရင်းလို့ခေါ်တဲ့ ဒီ Black List ထဲမှာပါတဲ့ လူတွေနဲ့ပတ်သက်လို့ ပြန်လည်စစ်ဆေးပြီး မလိုအပ်တဲ့သူတွေကို ဒီ အမည်မည်းစာရင်းထဲက ထုတ်ပစ်ဖို့ နိုင်ငံတော်သမ္မတရုံးရဲ့ ညွန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာပါ။


အရင် စစ်အစိုးရလက်ထက်တုန်းက ပြုစုထားခဲ့တဲ့ အဲဒီ အမည်မည်းစာရင်းဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရက သွားနေတဲ့ ဒီမိုကရေစီ ပြုပြင်ရေး လမ်းကြောင်းတွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ အတွက် အဲဒီစာရင်းကို ပြုစုပြီး ပထမအဆင့်အနေနဲ့ လက်ရှိ ရှိနေတဲ့ ၆,၁၆၅ ဦးထဲကနေ ၂,၀၈၂ ဦးရဲ့ အမည်စာရင်းကို ပယ်ဖျက်ပေးလိုက်တာလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။


“Black List က အရင် နဝတ၊ နအဖခေတ်မှာ- နောက်ဆုံးနအဖခေတ်အထိပေါ့နော်။ ရှိခဲ့တဲ့ black list တွေ ရှိတယ်။ အားလုံးပြန်ပြီး စိစစ်လိုက်တဲ့အချိန်မှာ ၆,၁၆၅ ယောက်ရှိတယ်။ အဲဒီတုန်းက black list ဆွဲထားတဲ့ အကြောင်းရင်းတွေက ကျနော်တို့ ခေတ်သစ်၊ စံနစ်သစ်ပေါ့နော်-ဒီမိုကရေစီသွားနေတဲ့ အချိန်မှာ constitution အရ black list ဆွဲဖို့ မသင့်တော့တာတွေကို ပြန်လည်စိစစ်ပြီးတော့ black list စာရင်းကနေ ပယ်ပေးလိုက်တာ။”


အဲဒီ စာရင်းထဲမှာတော့ ဖောက်ခွဲရေး၊ နိုင်ငံရေး စတဲ့ အကြောင်းကိစ္စအမျိုးမျိုးကြောင့် စာရင်းသွင်း ခံထားရသူတွေလည်း ပါတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။


“အရင် အကြမ်းဖက် ကိစ္စတွေ လုပ်တာတွေ ရှိတယ်လေ။ အဲဒါတွေရှိတယ်။ အမျိုးမျိုးပေါ့နော်။ အဲဒီ အမျိုးမျိုးကို ပြန်ပြီးတော့ စိစစ်လိုက်တာပါ။
အရင်တုန်းက ဘာမှ မဟုတ်ဘဲနဲ့ လုပ်ထားတဲ့ဟာတွေ - အဲဒါတွေကို ပြန်ပြီးတော့ ဖယ်ပေးလိုက်တာ။

ဒီစာရင်းထဲမှာ ပါတဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားဖြစ်ပြီး ပြည်ပနိုင်ငံတွေမှာ သွားရောက်နေထိုင်နေသူတွေနဲ့ ပြည်ပနိုင်ငံသား ခံယူထားသူတွေဖြစ်တယ်လို့ ပြောပါတယ်။ ဒီ အမည်မည်းစာရင်းမှာ ပါသူတွေရဲ့ အမည်စာရင်းနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတရုံး အင်တာနက် ၀က်ဘ်ဆိုက်မှာ ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။


ဒါပေမယ့် နာမည်စာရင်းက များလွန်းနေတဲ့အတွက် ကျန်နေတဲ့သူတွေရဲ့ စာရင်းကိုပဲ ရွေးထုတ်ပြီး ထုတ်ပြန်ရမလား၊ ဒါမှမဟုတ် အမည်စာရင်းမှာပါသူ အားလုံးရဲ့ နံမည်တွေအားလုံးကိုပဲ ထုတ်ပြန် ရမလားဆိုတာနဲ့ ပတ်သက်လို့တော့ ဆုံးဖြတ်ချက် မကျသေးဘူးလို့ ပြောပါတယ်။


ဒီအမည်မည်းစာရင်း ရှိတယ်ဆိုတဲ့ကိစ္စဟာ အစိုးရက တရားဝင် မထုတ်ပြန်ပေမယ့်လည်း မြန်မာနိုင်ငံ သားတွေကြားမှာ သိရှိထားပြီးသားကိစ္စပါ။ အရင် အာဏာရှင်ဟောင်း ဦးနေ၀င်းလက်ထက်ကတည်း က အမည်မည်းစာရင်းဆိုတာ တည်ရှိခဲ့တာ ဖြစ်ပေမယ့် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်က အာဏာ သိမ်းပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်တဲ့ တပ်မတော် ထောက်လှမ်းရေး တန်ခိုးအရှိန်အ၀ါ ကြီးထွား ခဲ့တဲ့အချိန်မှာ ဒီ အမည်မည်းစာရင်း Black List ဟာ ပိုပြီး ကျယ်ပြန့် များပြားလာပြီး ဒီ အမည်မည်း စာရင်းကြောင့် ဘ၀ပျက်ခဲ့ကြတဲ့သူတွေ၊ မိတကွဲ ဖတကွဲ ဖြစ်ခဲ့ကြသူတွေ၊ ပြည်ပနိုင်ငံတွေရောက်ပြီး မိခင်တိုင်းပြည်ကို ပြန်မရကြတော့တဲ့သူတွေ မရေမတွက်နိုင်အောင် ရှိတယ်လို့ နိုင်ငံရေး အသိုင်းဝိုင်း က ပြောကြပါတယ် ခင်ဗျား။


သြဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာအစိုးရတို့ နှစ်ဦးနှစ်ဘက် ပြန်လည်ညှိနှိုင်းပြီး တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေး မည့်ရက်ကို ပြန်လည်သတ်မှတ် အတည်ပြုလိုက်ပြီဖြစ်ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

၎င်းသတင်းထုတ်ပြန်ချက်ထဲတွင် ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ၃ရက်မှ ၄ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး လူထုအတွက် အာမခံချက်ရှိသော လုံခြုံမှုရရှိရေးနှင့် အဆင့်တိုင်းတွင် ယုံကြည်မှု တည်ဆောက်ရေးကို ဦးတည်သည့် အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေးညှိနှိုင်းသွားမည်ဟု ဖော်ပြထားသည်။

ထိုအချက်နှစ်ချက်မှာ ပြည်သူလူထု ဘ၀လုံခြုံမှုကို အာမခံပေးနိုင်ရေးအတွက် တပ်များ ပြန်လည် နေရာချထားရန်နှင့် နှစ်ဦးနှစ်ဘက် လိုက်နာရမည့် အပစ်အခတ် ရပ်ဆိုင်းရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ (Code of Conduct) မူကြမ်း စသည်တို့ဖြစ်သည်။

“အချက်နှစ်ချက်ပဲဆိုပေမယ့် ခိုင်မာတဲ့ အပစ်အခတ်ရပ်ဆိုင်းရေး ရယူနိုင်ဖို့ အရေးအကြီးဆုံး အချက်နှစ်ချက်ဖြစ်နေတာရယ်၊ အပြန်ပြန် အလှန်လှန် အကျေအလည် ဆွေးနွေးရမှာမို့ အချိန်သေသေချာချာ ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်”ဟု နော်မေဦးမူတြော်က ပြောသည်။

ယခုသွားရောက်ဆွေးနွေးမည့် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို နော်စီဖိုးရာစိန်မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်သွားမည် ဖြစ်ပြီး ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ဒုတိယ စစ်ရေးချုပ် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ်နှင့်အတူ စုစုပေါင်း ကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ဦး ပါဝင်မည် ဟုလည်း နော်မေဦးမူတြော်က ကေအိုင်စီသို့ ပြောဆိုသည်။

KNU ၏ သတင်းထုတ်ပြန်ချက်တွင် စစ်ရေးပဋိပက္ခများကို ဖြေရှင်းနိုင်ရန်နှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်သည့် ဖြစ်စဉ်တွင် နောင်ဖြစ်ပေါ်လာမည့် နိုင်ငံရေးပြောင်းလဲမှု၏ ဆိုးကျိုး၊ ကောင်းကျိုး သက်ရောက်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခံစားရ မည့်သူအားလုံး၏ ၀ိုင်းဝန်းကြိုးပမ်းမှုအားဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပါရှိ သည်။

မြန်မာအစိုးရနှင့် KNU တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ လေ့လာသူများလည်း ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်က KNU မှ ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်ထဲတွင် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အတွက် ယခင် သတ်မှတ်ထားသည့် သြဂုတ်လ ၂၇-၂၉နေ့ရက်ကို မြန်မာအစိုးရမှ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ဖော်ပြခဲ့ပြီးနောက် ယခု ထပ်မံ၍ ရက်သတ်မှတ် အတည်ပြုသည့်သတင်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) သည် လိုင်ဇာ စစ်ဌာနချုပ်သို့ စစ်ဆင်လာနေသော အစိုးရ တပ်ဖွဲ့များကို ပြင်းထန်စွာ တန်ပြန် ထိုးစစ်ဆင်နေပြီးဟု KIA စစ်ရုံးချုပ်မှ တပ်မှူး တဦးက ဆိုပါသည်။
“ လိုင်ဇာ ဌာနချုပ် အနားမှာကို နှစ်နေရာလောက် တိုက်ပွဲ အပြင်းထန်ဖြစ်နေတုန်းပါဘဲ။ စတာက မနေ့ကတည်းကပါ။ ဒီနေ့ မှာတော့ ပိုပြီးပြင်းထန်လာပြီး တိုက်ပွဲတွေဟာလည်း ပိုပြီးကြာလာပါတယ်။ ပြီးတော့ လိုင်ဇာဌာနချုပ် အ၀င်ထောက်ပို့ လမ်း ကြောင်းတွေမှာလည်း နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်နေတယ်။ အနဲဆုံးတော့ နေရာ (၅-၆)နေရာမှာ ဖြစ်နေတယ်။ ပြင်းထန် တယ်။ အသေးစိပ်တော့ မပြောနိုင်သေးဘူး” ဟု ဆိုပါသည်။
တိုက်ပွဲများသည် ဗဟိုဒေသ လိုင်ဇာ အပြင် တပ်မဟာ (၅) ဧရိယာရှိ နေရာအနှံ့တွင် ဖြစ်ပွားနေခြင်းဖြစ်ပါသည်။ အစိုးရ တပ်ဖွဲ့ များသည် လိုင်ဇာဌာနချုပ်ကို နေ့စဉ် ပစ်ခိုက် တိုက်ခိုက် နေသော်လည်း ရှေ့မတိုးနိုင်ဘဲ လနှင့်ချီ ရှိနေခဲ့ရာမှ KIA တပ်ဖွဲ့များက ယခုကဲ့သို့ တန်ပြန် စစ်ဆင်မှုများ၊ ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။
KIA, တပ်မဟာ (၅) ဒေသတွင် အစိုးရ (ခ.လ.ရ-၅၆)တပ်နှင့် KIA, ဗဟိုလုံခြုံရေး တပ်တို့ ကြား သြဂုတ်လ (၂၇)ရက်နေ့ တွင် ဒေါ့ဖုန်းယန် စာသင်ကျောင်း အနီး၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ အလားတူ  သြဂုတ်လ ၊၂၇ ရက်နေ့၌ပင် အစိုးရ (ခ.လ .ရ-၂၆၀)တပ်နှင့် KIA, တပ်ရင်း (၃) တပ်တို့သည် ၀ူထောင်နှင့် လောဒ်ခေါင် ကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် အစိုးရ (ခ.မ.ရ-၃၀၁)တပ်နှင့် KIA, တပ်ရင်း (၃)တပ်ဖွဲ့ တို့သည် (ခဇူး) ကျေးရွာအနီးတွင် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
KK123009
တိုက်ပွဲ ရှေ့ တန်း တစ်နေရာ
တပ်မဟာ (၅) ဒေသအပြင် KIA တပ်ရင်း ( ၆) လက်အောက်ခံ တပ်ဖွဲ့(ဖားကန့်ဒေသ)သည် ဖားကန့်မြို့နယ်မျောက် ဖြူမှော်၊ ဆိုင်းဂျာဘွမ်၊ မိုးသောက် ကြယ်ကုမ္ပဏီ စသည့်နေရာများသို့  ထိုးစစ်ဆင်လာသော အစိုးရ(ခ.လ.ရ-၂၇၂)တပ်ဖွဲ့တို့နှင့် သြ ဂုတ် (၂၇ )ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄း ၃၀ အထိ တိုက်ပွဲဖြစ်ခဲ့ကြပါသည်။ ယင်းတိုက်ပွဲများသည် ယနေ့အထိဆက် လက် ဖြစ်ပွားလာနေပြီး KIA မှ အသာစီး ရရှိနေသည်ဟု ဒေသခံများက ဆိုပါသည်။
ဤသို့ကြောင့် ဖါးကန့် ဒေသခံများသည် ဖါးကန့်မြို့ပေါ်သို့ ပိုမိုတိမ်းရှောင်လာခဲ့ပါသည်။ ဖါးကန့်မြို့နယ်ရှိ KIA တပ်ဖွဲ့များ သည်လည်း အသာစီး ရလာနေသည့်အတွက် ခါတိုင်းထက် ပိုမို တိုက်ခိုက် လာခဲ့သည်ဟု ဒေသခံများကဆိုပါသည်။
Par_King_refugees
KIA တပ်ဖွဲ့များသည် တန်ပြန် ထိုးစစ်မဆင်နွဲမှီ လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင်နေသော အစိုးရ တပ်ဖွဲ့များ၏ နောက်တန်း ထောက်ပံ့ရေး လမ်းကြောင်းများကို တိုးမြှင့် တိုက်ခိုက်နေခဲ့ပါသည်။ ဤကဲ့သို့ နောက်တန်း တိုက်ခိုက်မှုများ အသာစီးရလာ နေသဖြင့် KIA တပ်ဖွဲ့များသည် လိုင်ဇာ ဌာနချုပ် အနီးရှိ အစိုးရ၏ ရှေ့တန်း တပ်ဖွဲ့များကိုပါ တန်ပြန် တိုက်ခိုက်လာခဲ့ခြင်းဖြစ် ပါသည်။ 



TEXT SIZE
ဗွီအိုအေ (မြန်မာဌာန)
အမျိုးသမီး နှစ်ဦး အပါအ၀င် အာဖဂန်အရပ်သား ၁၇ ယောက်ကို တာလီဘန် စစ်သွေးကြွတွေ  က ခေါင်းဖြတ်သတ်ဖြတ်ခဲ့တယ်လို့ အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းက တာဝန်ရှိသူတွေက ပြောပါတယ်။

သတ်ဖြတ်မှုဟာ ဟယ်လ်မန်းခရိုင် ကာဂျာကီ မြို့နယ်မှာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ တာ ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေကပြောပါတယ်။ ဘာကြောင့် အခုလို သတ်ဖြတ်မှုခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ကတော့ သတင်းတွေ အမျိုးမျိုး ထွက်နေပါတယ်။


တာလီဘန်တွေဟာ ပါတီပွဲတခုကို တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ တီးမှုတ် ကခုန်တာကို တာလီဘန်တွေက လက်မခံကြတဲ့အတွက် ဖြစ်ကြောင်း  တချို့အာဖဂန်အရာရှိတွေ က ပြောပါတယ်။


ဒါပေမယ့် ဟဲလ်မန်းခရိုင် အုပ်ချုပ်ရေးမှူးကတော့ ကာလကြာရှည် ကမ္ဘာ့ရန်ဖြစ်ခဲ့ကြတဲ့ တာလီဘန်ခေါင်းဆောင် နှစ်ယောက်ကြား ပြဿနာတက်ရာကနေ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။


အနီးနားမှာရှိတဲ့ မူဆာကွာလာမြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးကတော့ အသတ်ခံရသူတွေဟာ အစိုးရနဲ့နီးစပ်သူတွေဖြစ်တဲ့ အတွက် စစ်သွေးကြွတွေက သတ်သွားတာဖြစ်တယ် လို့ ဆိုပါတယ်။ ဒီလို ဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ အရပ်ဟာ အစိုးရထိန်းချုပ်မှု မရှိတဲ့အရပ် ဖြစ် တာကြောင့် ဒီသတင်းတွေကို မှန်မမှန်စစ်ဆေးဖို့ ခက်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။


တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ တာလီဘန်စစ်သွေးကြွတွေဟာ ဟယ်လ်မန်း ၀ါရှီယား စစ်တပ်စခန်းကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ စစ်သား ဆယ်ယောက် သေဆုံးပြီး တာလီဘန်တွေနဲ့အတူ စစ်သား ငါးယောက်ပါသွားပါတယ်။ ပြန်ပေးဆွဲ သွားတာလား၊ သူတို့စိတ်အလိုအရ လိုက်သွားကြတာလား ဆိုတာလည်း မသိရသေးပါဘူး


မြန်မာနိုင်ငံက ၀န်ကြီးကိုးဦးနဲ့ ဒုဝန်ကြီး (၁၅) ဦး နေရာတွေ ကို ပြောင်းလဲ ခန့်အပ်လိုက်တဲ့ အကြောင်း နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ကြေညာလိုက်ပါတယ်။ သမ္မတရုံး တာဝန်ရှိသူ ကတော့ နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တာလို့ ပြောဆိုခဲ့တာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်းက စုံစမ်း တင်ပြပေး ထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့အမိန့်နဲ့ သြဂုတ်လ ၂၇ ရက်နေ့မှာ ၀န်ကြီးကိုးဦးနဲ့ ဒုဝန်ကြီး (၁၅)  ဦးနေရာတွေ ကို ပြောင်းလဲ ခန့်အပ်ခဲ့တဲ့အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး က အတည်ပြု ပြော ဆိုပါတယ်။ ဒီကနေ့ ကြေညာချက်ဟာ အစသာရှိသေးပြီး နောက်ပိုင်းမှာလည်း လစ်လပ်သွား တဲ့နေရာတွေအတွက် ထပ်မံကြေညာဖို့ရှိတယ်လို့ သူက အခုလို ပြောပြပါတယ်။


“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ဝန်ကြီးကိုးပါးတော့ ပြောင်းရွှေ့ခန့်အပ်တယ်ဗျ။ ဒု-ဝန်ကြီးကတော့ အများကြီးဗျ။ ကျနော်လည်း အသေးစိတ်တော့ မမှတ်မိတော့ဘူး။ သူ့ လုပ်ဆောင်ချက်က ဒီနေ့ ကြေညာတဲ့ အမိန့်တခုတည်းနဲ့ မပြီးသေးပါဘူး။ နောက်ပိုင်း Reconstruction ပေါ့နော်။ ဒါက အစပဲ ရှိပါသေးတယ်။ နောက်နေ့တွေလည်း လာဖို့ ရှိပါသေးတယ်။ ဒါက မပြီးသေးပါဘူး။ ဥပမာ ဦးတင့်ဆန်းဆိုရင် ဟိုတယ်လ်/ခရီးနဲ့ အားကစား နှစ်ခုပေးထားတယ်။ အခုတော့ အားကစား ကိုပဲ ပေးလိုက်တဲ့အတွက် ဦးတင့်ဆန်းရဲ့ ဟိုတယ်လ်/ခရီးနေရာမှာ တနေရာလွတ်နေတယ်။ အဲ ဒီတော့ ဘာလုပ်မှာလဲ။ အဲဒါကို စောင့်ကြည့်ဖို့ပဲ ရှိတာပေါ့။ ဥပမာ ကျနော်ပြောတာ။ ဦးအောင်ကြည်က အလုပ်သမားနဲ့ လူမှု/ကယ်ဆယ် နှစ်ခုကိုင်ထားတာလေ။ အခု ပြန်ကြားရေး ကို ရောက်သွားတယ်။ နောက်တော့လည်း နိုင်ငံတော် သမ္မတကြီး ဆက်လုပ်မှာပေါ့။”


တနင်္လာနေ့က ပြောင်းရွှေ့ခန့်အပ်ခဲ့တဲ့ အထဲမှာ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးလှထွန်းနဲ့ ဦးတင်နိုင် သိန်းတို့ လေးဦးကို သမ္မတရုံး ၀န်ကြီးဌာနမှာ ခန့်အပ်လိုက်ပြီး ဦးအောင်ကြည်ကိုတော့ ပြန်ကြားရေး ၀န်ကြီးဌာနမှာ ခန့်အပ်ကြောင်း၊ အရင် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်းကိုတော့ သမ ၀ါယမ ၀န်ကြီးဌာနကို ပြောင်းရွှေ့ခဲ့ပြီး ဦးအုန်းမြင့်ကို မွေးမြူ ရေးနဲ့ ရေလုပ်ငန်းဦးစီးဌာန၊ နောက် ဦးအေးမြင့်ကိုတော့ စက်မှုဝန်ကြီးဌာနနဲ့ ဦးတင့်ဆန်းကတော့ အရင်က ဟော်တယ်နဲ့ အားကစား ၀န်ကြီးဌာနမှာ ပူးတွဲတာဝန်ယူနေရာကနေ အားကစားဝန်ကြီး ဌာနတခုတည်းကိုပဲ တာဝန် ယူစေတော့တာ ဖြစ်ပါတယ်။


ဒီလိုထုတ်ပြန်ချက်အရ သမ္မတရုံးမှာ အရင်က ၀န်ကြီးနှစ်ဦးပဲ ရှိနေရာကနေ လေးဦးအထိ တိုးချဲ့ ခန့်အပ်လာတာလည်း ဖြစ်ပါတယ်။ မြန်မာအစိုးရ အကြီးအကဲ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်း လဲရေး အစီအစဉ်ကို လိုလားသူတွေနဲ့ ဆန့် ကျင်သူတွေကြား အားပြိုင်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ တချိန်တည်းမှာပဲ အစိုးရအဖွဲ့ဝင်တွေ အပြောင်းအရွှေ့စာရင်း ထွက်ပေါ်လာတာပါ။ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေ အားကောင်းစေဖို့ ရည်ရွယ်ဆောင်ရွက်တာလို့ အခုလို ပြောပါတယ်။


“တချို့ဟာတွေ သမ္မတကြီး- သူ လက်တွေ့ လုပ်ငန်းဆောင်ရွက်ချက်တွေမှာ ဘယ်ထောင့်ကိုပိုပြီး ဘယ်လို လုပ်ရမလဲ၊ ဥပမာ ပေါင်းသင့်တာပေါင်း၊ အဲဒါမျိုးတွေ သူ လုပ်ပါလိမ့်မယ်။ ဒါကတော့ သမ္မတ ရဲ့ လုပ်ပိုင်ခွင့် မူဝါဒရယ်။ နောက် တချို့ဟာတွေက Constitution မှာ မပါဘူးဗျ။ ဝန်ကြီး ဌာနလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဝန်ကြီးအဆင့် ပေးပြီးတော့ လုပ်ရမယ့်ဟာတွေ ရှိတယ်။ အခုနောက်ပိုင်း economic reform ပေါ့နော်။ အဲဒီမှာ လုပ်ရမယ့်ဟာတွေက တချို့အဖွဲ့အစည်းတွေက ဝန်ကြီး အဆင့် ပေးရမယ့်ဟာတွေ ရှိတယ်။ အဲဒါတွေအတွက် သီးခြား ကိုင်တွယ်ပါလိမ့်မယ်။ ဒါက ပထမ စပြီးတော့ လျာလိုက်တာပါ။ ပြီးရင် လာအံုံုံးမှာပါ။ အဲဒီအခါကျရင် ပိုပြီးတော့ ရှင်းသွားမှာပါ။”


သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး ဖြစ်ပါတယ်။ ဒုဝန်ကြီး (၁၅) ဦးနေရာတွေ စာရင်း မှာတော့ ပြည်ထဲရေး၊ စွမ်းအင်၊ ယဉ်ကျေးမှု၊ ဘဏ္ဍာရေးနဲ့ အခွန်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တော၊ ကျန်းမာရေး ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းစတဲ့ ၀န်ကြီးဌာနတွေ ပါဝင်ကြပါတယ်ရှင်။


ပြည်သူ့ ထင်မြင်ချက် တွေ မူတည် တုံ့ပြန်ခဲ့
သမ္မတ ဦးသိန်းစိန် အစိုးရ ဝန်ကြီး အပြောင်း အလဲ တွေဟာ ပြည်သူ တွေကြားက သတင်း ဌာန တွေက လာတဲ့ ထင်မြင်ချက် တွေပေါ် မူတည် တုံ့ပြန် ခဲ့တာလို့ သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုပါတယ်။

အခြေခံ ဥပဒေ အရ ခွင့်ပြု ထားတဲ့ ဘောင်တွင်းက ဆောင်ရွက်တာမို့ လွှတ်တော် အတည်ပြုချက် ယူစရာ မလိုဘူးလို့ သူက ဆိုပါတယ်။

သမ္မတ ရုံး ဝန်ကြီး အရေအတွက် တိုးလာတာဟာ ငြိမ်းချမ်းရေး စီးပွားရေး ပြုပြင်ရေး တွေ အတွက် သမ္မတရဲ့ လုပ်ငန်းစဉ် တွေ အရှိန် မြှင့် ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဦးဇော်ဌေးက သုံးသပ် ပါတယ်။

လစ်လပ် သွားတဲ့ ဝန်ကြီး နေရာတွေ ကိုလဲ မကြာခင် ဖြည့်စွက် ခန့်ထားမှာ လို့ သိရပါတယ်။ ဒီလို အဆင့်မြင့် ရာထူးတွေ တိုးမြှင့် ခံရသူ တွေထဲမှာ အရင် စစ်အစိုးရ လက်ထက်က အတိုက်အခံ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်း ဆွေးနွေးရတဲ့ ဝန်ကြီး ဦးအောင်ကြည် လဲ ပါပါတယ်။

မြန်မာ့ ပြုပြင်ရေး ဟာ နောက်ကြောင်း ပြန်လှည့်လို့ မရတော့ဘူးလို့ ဒေါ် အောင်ဆန်းစုကြည်က သတိပေး ခဲ့သလို ဒီမိုကရေစီ လမ်းကြောင်းမှာ အဝေးကြီး ခရီးဆက် စရာ ရှိသေးတယ် လို့လဲ ပြောခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မြန်မာကျပ်ငွေ ၅ ထောင်တန်အတု သိန်းတရာကျော်အား သယ်ဆောင် ရောင်းချနေသည့် နှစ်နိုင်ငံ မှတ်ပုံတင် ကိုင်ဆောင်သူ  အမျိုးသမီးအား ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် တဖက်ခြမ်း သျှမ်းပြည် တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ၌ ဖမ်းမိကြောင်း နယ်စပ် သတင်းရပ်ကွက် ကဆိုပါသည်။

နှစ်နိုင်ငံမှတ်ပုံတင်ကိုင်ဆောင်သူနန်းနု နှင့် ကျပ်ငါးထောင်တန်အတုများ
“ပိုက်ဆံတွေကို ထိုင်းဘက်ခြမ်းကနေသယ်လာတဲ့သူကလေ နှစ်နိုင်ငံစလုံးရဲ့မှတ်ပုံတင်ကို ကိုင်ဆောင်ထားတယ်။ ထိုင်းဘက် မှာဆိုရင် တောင်ပေါ်သားကတ်ကိုသုံးတယ်။ အဲဒီမှာသူ့နာမည်က နန်းနုတဲ့။ မြန်မာနိုင်ငံသားစီစစ်ရေး ကတ်ထဲမှာတော့ သူ့နာမည် နန်းပေါက်တဲ့။ အသက်က ၄၀ ကျော်ကျော်လောက်ရှိတယ်” ဟု ဟိုမိန်းပြည်သူ့စစ်တပ်ဖွဲ့ နှင့် နီးစပ်သူတဦး ကပြောသည်။

အဆိုပါနန်းနုအား ယခုလ ၂၄ ရက် က သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ (ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်မြို့နှင့် မျက် နှာချင်းဆိုင်ရှိ) ၌ မြန်မာ ၅၀၀၀ တန်အတု ကျပ်သိန်း ၁၅၀ ဖိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းသည် ကျပ် ၅၀၀,၀၀၀ ကို ဘတ်ငွေ ၇,၀၀၀ ဖြင့်ရောင်းချနေခြင်းဖြစ်ကြောင်း နယ်စပ်နေ ဌာနေပြည်သူ့စစ် များကပြောသည်။


“ဒီကနေ့ငွေလဲနှုန်းနဲ့တွက်မယ်ဆိုရင် ကျပ် ၅၀၀,၀၀၀ ဟာ ဘတ်ငွေ ၁၈,၅၀၀ ကျတယ်လေ။  ဒါကြောင့်ပေါ့။ သူက အခု အဖမ်း ခံရတာ တတိယအကြိမ်ပေါ့။ ပထမအကြိမ် ကျပ်ငွေအတု သုံးသိန်းဖိုး၊  ဒုတိယအကြိမ်ကျတော့ ကျပ်ငွေအတု ငါးသန်းဖိုး( ကျပ်သိန်း ၅၀) နဲ့ဖမ်းမိတယ်။ ဒီတခေါက်တော့ သူ့ကို ခရိုင်တရားရုံးကို ပို့လိုက်ပြီ ။ မနေ့ကဘဲ” ဟု အဆိုပါ ထိုင်းရဲက ဆက်လက်ပြောပြသည်။


ပိုက်ဆံအတုများအား ချင်းမိုင်မြို့နေ စိုင်းဆောလုံ ဆိုသူထံမှ ယူလာကြောင်း နန်းနု ခေါ်နန်းပေါက်က ပြောခဲ့သော်လည်း အဆိုပါ စိုင်းဆောလုံအား ယနေ့တိုင် ထိုင်းရဲများ မဖမ်းမိသေးကြောင်း၊  စိုင်းဆောလုံမှာ ယခင်က ဦးခွန်ဆာ၏ မုံးတိုင်းအာမီ တပ်မတော်၌ ရုံးဝန်ထမ်းတဦး ဖြစ်ခဲ့ဖူးကြောင်း ထိုင်းရဲများကပြော၏။

နန်းနု၏ (ထိုင်းနိုင်ငံ) တောင်ပေါ်သားမှတ်ပုံတင်ကတ်ပြား
အမေရိကန်ဒေါ်လာငွေအပြင် တရုတ်ယွမ်ငွေ ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေအတုများ ထုတ်ဝေသယ်ဆောင်မှုပြဿနာမှာ ထိုင်း-မြန်မာနယ်စပ်၌ အစဉ်အဆက်ဖြစ်ပေါ်နေသော ပြဿနာဖြစ်သည်။အဆိုပါငွေစက္ကူအတုများမှာ မူးယစ်ဆေးချက်လုပ်ရန် ဘိန်းစိုက်တောင်သူများထံမှ ဘိန်းစိမ်းဝယ်ယူဖို့ ထုတ်လုပ်အသုံးပြု သည့်ငွေများဖြစ်ပြီး ထိုမှတဆင့် မြို့တွင်းသို့ ပံျ့လာခြင်း ရှိနေသည်ဟု ငွေရှင်များက သုံးသပ်ပြောဆိုသည်။နယ်စပ်၌ ထိုကဲ့သို့ ငွေစက္ကူအတု ပေါများခြင်းကြောင့်လည်း တာချီလိတ်မြို့နေ ဒေသခံအများစုမှာ မြန်မာငွေစက္ကူ လက်ဝယ်ထားရှိလိုသည့် ဆန္ဒမရှိခြင်းဖြစ်ကြောင်းလည်း တာချီလိတ်မြို့ စီးပွါးရေးလုပ်ငန်းရှင်များကပြောသည်။

သျှမ်းသံတော်ဆင့်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဆိုင်ရာအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၌ ယနေ့ ဒေါ်အောင်ဆန်း စုကြည်(ကော့မှူးမဲဆန္ဒနယ်)၏ ဆွေးနွေးချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။

အခု ဦးမြင့်စိုး အဆိုကို တရားဥပဒေ ရှုထောင့်က ကြည့်နိုင်သလို နိုင်ငံရေးရှုထောင့်ကလည်း ကြည့်နိုင်ပါတယ်။ တရားဥဒေ ရှုထောင့်ကနေ အများအပြား ဆွေးနွေးသွားပြီး ဖြစ်ပါတယ်။ အဲဒါကိုတော့ ထပ်ပြီး မဆွေးနွေးတော့ပါဘူး။ နိုင်ငံရေးရှုထောင့်ကနေပဲ ဆွေးနွေးပါရစေ။

နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီမိုကရေစီကိုကျင့်သုံးတဲ့ နိုင်ငံတွေမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့အကြား ချိန်ခွင်လျှာညီမျှရေးအတွက် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းအခုံတွေ ဖြစ်ကြတာ ပြသနာတွေတက်တာ မထူးဆန်းပါဘူး။

ထိုနည်းတူပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်တာ။ သဘော မတူညီမှုတွေဖြစ်တာ၊ ပြသနာတွေတက်တာလည်း မထူးဆန်းပါဘူး။ ဒီလိုအခြေအနေတွေ ရောက်ခဲ့ရင် ကြိုက်သလို မကြိုက်သလို ဒီဘက်ဟိုဘက် ဝေဖန်တာ တိုက်ခိုက်တာ ပြောဆိုတာတွေ ရှိတတ်ပါတယ်။

ဒီလိုပြသနာတွေတက်လို့ ကျွန်မတို့အနေနဲ့လည်း စိတ်ပျက်စရာလည်း မရှိပါဘူး။ ကြောက်ရွံ့စရာလည်း မရှိပါဘူး။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ပြသနာတွေပဲဖြစ်ဖြစ် တယ်အရေးကြီးတာက ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာပါပဲ။ ပြသနာကို ဖြေရှင်းတဲ့နေရာမှာ တကယ့် ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ညီရဲ့လား။ တကယ်ကို ပြည်သူပြည်သားတွေရဲ့ အေးချမ်းသာယာရေးကို ဦးတည်ရဲ့လားဆိုတာကို စဉ်းစားပြီးတော့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။

 ပြသနာဖြေရှင်းပုံ ဖြေရှင်းနည်းက မှန်လို့ရှိရင် ကျွန်မတို့ နိုင်ငံရဲ့ သိက္ခာလည်းတက်ပါလိမ့်မယ်။ ပြည်သူတွေကလည်း ဒီဖြေရှင်းပုံဖြေရှင်းနည်းရဲ့ရလဒ်ကို တလေးတစားနဲ့ လက်ခံမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မပြောချင်တိာက အခုကိစ္စက တရားဥပဒေကိစ္စဖြစ်တဲ့အပိုင်းမှာ တရားဥပဒေအရ ကျေကျေနပ်နပ် နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့လိုပါတယ်။

 တစ်ဖက်နဲ့တစ်ဖက် လေးစားဖို့လိုပါတယ်။ ကိုယ့်အမြင်နဲ့မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီးတော့ စွပ်စွဲလို့မရပါဘူး။ ကိုယ့်အမြင် သူ့အမြင် နှစ်ဖက်စလုံးကို လေးစားဖို့လိုပါတယ်။ နားလည်အောင် လုပ်ဖို့လိုပါတယ်။ ပြည်သူတွေလည်း နားလည်အောင် လုပ်ဖို့လိုပါတယ်။ အဓိကကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေအတွက်ဆိုတဲ့ ဒီပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူတွေရဲ့ လေးစားမှုခံနိုင်မှ ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ ဂုဏ်နဲ့ကိုက်ညီမှာ ဖြစ်ပါတယ်။

 ဒါကြောင့်အခု ပြသနာတက်နေတာ မှန်ပါတယ်။ ဒီပြသနာကို ဖြေရှင်းတဲ့နေရာမှာ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထားကြီးကြီးနဲ့ အမြော်အမြင်ရှိရှိနဲ့ ဖြေရှင်းဖို့ကိုပဲ ဦးတည်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။

Popular Myanmar News Journal

ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်၌ ခုံရုံးကိစ္စ ဆွေးနွေးနေစဉ်

ယနေ့သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီး ဖွဲ့စည်းထား သည့် ကော်မတီ ကော်မရှင် နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အဖြစ် ထည့်သွင်း အဓိပ္ပာယ်ဖွင့် ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက် များနှင့် ညီညွှတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ခုံရုံး ဥပဒေများအရ လုပ်ပိုင်ခွင့် မရှိ ပဲလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာဆုံးဖြတ်ခဲ့ခြင်း ဖြစ်သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးသည် မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟုဆိုကာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ကကြေညာချက်ထုတ်ပြန်ပေးရေး အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆို အတည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးမြင့်စိုးက အရေးကြီး အဆိုအဖြစ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ခဲ့သည့် အဆိုအား ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၄၅) ဦး အစား ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကိုယ်စားလှယ် (၂၂) ဦး ကို ပါတီ အလိုက် အချိုးကျစနစ်ဖြင့် ဆွေးနွေး ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် မဲစနစ်ဖြင့် ဆုံးဖြတ်ရာ ထောက်ခံသူ ၄၄၇ ဦး ကန့်ကွက်သူ ၁၆၈ ဦး ကြားနေ ၄ ဦး ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်က ယင်းအဆိုကို အတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ဝေမာသိမ့် - Yangon Media Group

9:56 PM

(ခံင်.အယ်ဟှေဝ်)

Posted by nankeythioo


ဖုံယှင်ဖေါဟ်အေး..
အဲဏ်ုဆိုဒ်ထဝ်မီးထဝ်မးလ်ုဃှေဝ်..
ထိုင်ဖူ့ဝဲါသီးအေး..ခင်းခါ့အ်ုသင့်ဏ်ုပုမ်ုလေဝ်..
မျင်စိင်လိက်ဖိုင်ပဝ်လ်ုဏံင်သိုဝ်ကဲလါ့ဆ်ုမီ့မါန်ဃှေဝ်..
ယေါတ်ထင်းထါင်အ်ုသင့်...ဖဝ့်ထင်းထါင်အ်ုသင့်..
သိင်းဃှါင်ထိုဝ်ဏှ်သီး..ဆူ့ထီ့လ်ုဍိုဝ်ထင်း...
ခီုးလ်ုဏုအဲုးထး..လ်ုမွဲာထုင့်ကျာအ်ုဟှင့်..ဆ်ုယေါဝ့်လါဍောဟ်ဍောဟ်ခီ့အ်ုဆင့်ဆင့်...
လင်ယှာအေးဏ်ု သုင်းသာအ်ုသင့်...လ်ုထံင်ဖဝ်တိုင် ထဲု့လင်ခင်းယုဂ်သှေ်ဟှး..သှေ်အေး...
ဟှါင့်လ်ုလုက်ဍ်ာထုင့်ကျာခွိက်ယုဂ်သှေ်ဟှး..သှေ်အေး...
ဆိုဒ်ကိုဝ်ဟှာဍေ..ဍောဟ်ထင်းကေုာဟ်အှ်ကုံထင်း..
အူးထင်းခိဲု့ကိုဝ်ဟှာဍေ..မ်ုလေဝ်ဖေုးဖေုး ထါင်ဖေုးဖေုး..ဆိက်ဖေါဟ်ဆာ့ လိက်လဲါဆ်ုဃှီ့လါ ဆ်ုကံင်သိုဝ်ထါင်ထါဆ်ုမာ...က်ုလုံဆာ့သီးယိုဝ်ထင်းပ်ုခီုး ပ်ုသဲုးသုဂ်သယ်သီးကိုဝ်အ်ုဟှာ..မ်ုဝးပ်ုဍင်ဆိုဒ်ခါန်မွဲာပ်ုတာ....
ဝေးဍူလါဖေါဟ်အှ်ပီုပုာ...အ်ုဍုံလ်ုဍး အ်ုစင်လ်ုဍး...

ဝေးသိုဝ်ဏှ်ဏေဝ်အှ်ကုံထင်း...အ်ုစင်ဆိုင့် ဟှါင့်ဝျာသင့်..
ဖေါဟ်လ်ုဏုလူ့ဍောဟ်ထင်း..ထီ့မ်ုဝါ်အ်ုဏါ့ခိုဝ်း...
ခံင်အယ်လ်ုဏုဖှေ်လင့် ဖေါဟ်မ်ုပုါင်လင်ခိုဝ်း...
ခီအ်ုဆင်ဆင်ကုက်ဖှေ်သ္တ်ါဏုဆိုဒ်ဖေါဟ်သီး..
ပ်ုဆိုဒ်လင်ဖါဝးအေး ဘာ့သာကါင်ဖါဍးဝေ့ ဏးသှေ်ဆိုင့် ဆိုဒ်ဖေါဟ်သီးအေး ..
ဆ်ုဃှုင့်ဆ်ုကျာ့ မွဲာပ်ုဟှင့်ဍ်ာအေး...
(ခံင်.အယ်ဟှေဝ်)


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွှတ်တော်နှစ်ရပ်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ရခိုင် အရေးအခင်းနှင့် ပတ်သက်ပြီး အချက် (၉) ချက်ကို ထည့်သွင်း ဖေါ်ပြထားခဲ့သည်။
အဆိုပါ အချက် (၉) မှာ ကျိုးကြောင်း ဆီလျော်မူ မရှိသည့် အပြင် လက်တွေ့ ဖြစ်ရပ်မှန် နှင့် အလွန် ကင်းကွာနေသဖြင့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် (၂) ရပ်ပေါင်းမှ ရခိုင်အမတ် ၁၄ ဦးက ကန့်ကွက်ခဲ့သည်။ သို့အတွက်ကြောင့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို သြဂတ်စ်လ ၁၇ ရက်နေ့က လွှတ်တော် (၂) ရပ်သို့ တင်သွင်း မဖြစ်ဘဲ ဆိုင်းငံ့ထားခဲ့ရသည်။
ရခိုင်အမတ်များ အနေဖြင့် ကန့်ကွက်ရခြင်း အဓိက အကြောင်းအရင်းကို မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက ယခုလို ပြောပြသည်။
“ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော်မှာ ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်လို့ သုံးသပ်ချက်ဆိုပြီးတော့ စာတမ်းတစောင်ကို သ၀ဏ်လွှာနဲ့ အတူ ပို့ပါတယ်။ အဲဒီသ၀ဏ်လွှာမှာ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား တွေကို စွပ်စွဲထားတဲ့ အချက် ၉ ချက် ပါပါတယ်။  အဲဒီ ၉ ချက်မှာ ကျွန်တော်တို့ ရခိုင်ပါတီတွေ၊ သံဃာတွေ၊ မျိုးချစ်ပုဂ္ဂိုလ်တွေကို လူမျိုးရေး မုန်းတီးမှု အလွန်အကျွန် ရှိတယ်။ အဆင်အခြင်မဲ့ တိုက်ခိုက်လိုစိတ် ရှိတယ်။  နိုင်ငံတကာကိုပါ၊  ရခိုင် အသိုင်းအ၀ိုင်း ကိုပါ စည်းရုံးတယ်ဆိုတဲ့ တချက်ပါ။ နိုင်ငံ အနှံ့အပြားမှာ နေတဲ့ ဘင်္ဂလီတွေကို အကြမ်းဖက်ဖို့ ကြံစည်နေတယ်လို့ စွပ်စွဲပါတယ်။ နံပါတ် ၃ အချက်က ခေတ်အဆက်ဆက် အစိုးရဟာ ရခိုင်ပြည်က သယံဇာတ တွေကို ယူပြီးတော့ ရခိုင်အတွက် ဘာတခုမှ မပြုလုပ်ဆိုပြီးတော့  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်စီး အောင် ပြိုကွဲအောင် လုံ့ဆော်တယ်ဆိုပြီးစွပ်စွဲတာလည်း ပါပါတယ်။ နောက်တချက်က ဘင်္ဂလီတွေ ၀င်ရောက်တာကို အစိုးရက လာဒ်စားပီး အစိုးရ အရေးယူဆောင်ရွက်တာ မရှိလို့ ပြောတယ်လို့ ပြောပါတယ်။ နောက်တခုက ကြံ့ခိုင်ရေးပါတီအနေနဲ့ မြို့နယ် တွေမှာ ဘင်္ဂလီ မွတ်ဆလင်တွေကို မသင့်လျော်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်တယ်လို့ ရခိုင်ပါတီတွေက စွပ်စွဲတယ်လို့ ပြောပါတယ်။ နောက်တခုက ၈၂ ခု နှိင်ငံသား ဥပဒေကို ရခိုင် လူမျိုးတွေက လက်မခံနိုင် နားမလည်နိုင်လို့ ဆိုပါတယ်။ နောက်တခုက ဘင်္ဂလီတွေကို ကူညီနေတဲ့ ကုလသမဂ္ဂနဲ့ NGO တွေကို မကောင်းအမြင်နဲ့ အဲဒီဒေသမှ မနေရဲအောင် အမျိုးမျိုးကြိုးစား လုပ်ဆောင်နေတယ်လို့ ပါပါတယ်။ နောက်တခုက ရခိုင်တိုင်းရင်းသား လုပ်ငန်းရှင် တချို့ဟာ ပဋိပက္ခကြောင့် ရပ်ဆိုင်းထားတဲ့ ဘင်္ဂလီ၊ စီးပွားရေး လုပ်ငန်းတွေကို အချောင်ရဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲထားတဲ့ အချက် ၉ ချက် စွပ်စွဲပါတယ်” ဟု ပြောသည်။


သြဂုတ်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
Photo-Hla Maung Shwe facebook

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ယနေ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် PNLO သည် ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးခဲ့ပြီး ပြည်ထောင်စုအဆင့် ဆက်လက် ဆွေးနွေးရန်အတွက် အကြို ညှိနှိုင်းဆွေးနွေးပွဲကိုလည်း သဘောတူညီမှု ရရှိခဲ့သည်ဟု PNLO ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ ခေါင်းဆောင် ခွန်မြင့်ထွန်းက ပြောသည်။

ခွန်မြင့်ထွန်းက “ဆွေးနွေးပွဲက နှစ်ဆင့်ပါ။ ပထမတဆင့်ကတော့ ရှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းပေးတဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့နဲ့ ကျနော်တို့ သဘောတူညီမှုတစ်ခု ရရှိတယ်။ နောက်တခုက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ PNLO ကြားမှာ ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲ အဲဒီ ၂ခုကို ကျနော်တို့ သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်”ဟု ဆိုသည်။

ပြည်နယ်အစိုးရနှင့် သဘောတူညီမှုရရှိခဲ့သည့်အချက်များမှာ (၁)၂၀၁၂၊ သြဂုတ်လ ၂၅ရက်နေ့မှစ၍ နှစ်ဖက်ပစ်ခတ်မှု ရပ်ဆိုင်းရန် (၂) နှစ်ဖက်သဘောတူညီမှု ရရှိထားသည့် သတ်မှတ်နေရာတွင်သာ နေထိုင်ရန် (၃)သတ်မှတ်နေရာမှအပ တခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန် (၄)ဆက်ဆံရေးရုံးကို နှစ်ဘက်သဘောတူထားသည့်နေရာတွင် လက်နက်မပါပဲ ထားရှိရန်နှင့် (၅) ပြည်ထောင်စုအ ဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပေးရန်နှင့် သြဂုတ်လ ၂၅ ရက်နေ့မှစပြီး ၃လ မကျော်သည့်ကာလမှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲစတင်နိုင်ရန် စသည့်အချက် ၅ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်းရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနှင့် အမှတ်(၂)လျှပ်စစ် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် အပါအ၀င် ကိုယ်စားလှယ်နှစ်ဦး တက်ရောက်ကြသည်။

ပြည်နယ်အဆင့် လက်မှတ်ရေးထိုးရာတွင် PNLO ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခွန်သူရိန်၊ ဗိုလ်မှူးခွန်စဲထိုနှင့် ဗိုလ်မှူး ခွန်ကျော်ထင်တို့ ပါဝင်ပြီး အစိုးရဘက်မှ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ ဦးဆောင်သည့်အဖွဲ့တို့ ပါဝင်ပြီး အသိသက်သေအဖြစ် ခွန်မြင့်ထွန်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာခွန်အိုးတို့ ပါဝင်လက်မှတ်ရေး ထိုးခဲ့သည်ဟု သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO သည် ရဟန်းသံဃာတော်များ အပါအ၀င် ပအိုဝ်းလူငယ်များ၊ အမျိုးသမီးအဖွဲ့များ၊ အလုပ်သမားအဖွဲ့များနှင့် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့များ ပူးပေါင်းပြီး ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလက ထိုင်းမြန်မာ နယ်စပ်တနေရာတွင် ညီလာခံ ကျင်းပ၍ ပြန်လည် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။


သြဂုတ်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
Photo-KIC (ဧပြီလ ၆ရက် စီဒိုးနားဟိုတယ်မှ ကေအဲန်ယူနှင့် အစိုးရ ဒုတိယအကြိမ် ဆွေးနွေးပွဲ)

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သြဂုတ်လ ၂၇ရက်မှ ၂၉ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် တတိယအကြိမ်မြောက် အပစ်ရပ်ရေးဆွေးနွေးမည့်ကိစ္စကို မြန်မာအစိုးရဘက်မှ အကြောင်းပြချက်မရှိ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း KNU က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။


မြန်မာအစိုးရသည် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က နှုတ်အားဖြင့် KNU ကို ယမန်နေ့၌ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း KNU ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက “ကျမတို့ အပြန်အလှန် ပုံမှန်ဆက်သွယ်ဖို့ သတ်မှတ်ထားတဲ့ လူကနေတဆင့် အစိုးရဘက်က အကြောင်းကြားခဲ့တာပါ။ အကြောင်းပြချက်တော့ ဘာမှ မသိရဘူး။ ဒါ ရွှေ့ခိုင်းတယ်လို့ပဲ ကျမတို့ကို ပြောခဲ့တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက် မြန်မာအစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး တွေ့ဆုံနိုင်မည့်နေ့ရက်ကို အမြန် ဆုံး ဆက်လက် အကောင်အထည်ဖော် ကြိုးပမ်းသွားမည်ဟု KNU က ဆိုသည်။

KNU နှင့် အစိုးရတို့သည် တတိယအကြိမ်မြောက် အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ယခုသြဂုတ်လ ၅ ရက်နေ့၌ မြ၀တီမြို့တွင် အစည်းအဝေးပြုလုပ်၍ နှစ်ဦးနှစ်ဘက်ကိုယ်စားလှယ်များက ညှိနှိုင်းတိုင်ပင်ခဲ့ရာ တွေ့ဆုံမည့်နေရာ၊ နေ့ရက်များ ကို သဘောတူသတ်မှတ်ခဲ့ကြပြီး ဖြစ်သည်။

ဆက်လက်၍ နော်မေဦးက “ကျမတို့ တတိယအကြိမ် တွေ့ဆုံဖို့ အစိုးရဘက်က ရက်ရွှေ့ထားတာကို အများပြည်သူသိအောင် အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်တယ်။ ဒီလို မဟုတ်ရင် ပြည်သူလူထုတွေ အထင်မှားမှုနဲ့ စိုးရိမ်မှုတွေ ဖြစ်မှာကို စိုးလို့ပါ”ဟု ဖြည့် စွက်ပြောဆိုသည်။

ဧပြီလ ၆ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ၏ အစည်းအဝေး ဆုံးဖြတ် ချက်အရ ပြည်သူလူထု ဘ၀လုံခြုံမှုကို အာမခံပေးနိုင်ရန် တပ်များ ပြန်လည် နေရာချထားရေးနှင့် နှစ်ဦးနှစ်ဘက်လိုက်နာရမည့် အပစ်အ ခတ် ရပ်ဆိုင်းရေးဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ (Code of conduct)ကို တတိယအကြိမ်မြောက်ဆွေးနွေးပွဲတွင် အသေး စိတ် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်းလည်း KNU က ပြောသည်။

၎င်းအပြင် အစိုးရနှင့် အပစ်အခတ်ရပ်ဆိုင်းရေး အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်တိုင်းသည် ယုံကြည်မှု တည်ဆောက်သည့်အ ဆင့်အဖြစ် သတ်မှတ်သည့်အလျောက် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရေးအတွက် ယုံကြည်မှုကို ပိုမိုခိုင်မာအောင် နှစ်ဦးနှစ် ဖက်မှ လုပ်ကိုင်သွားရန်လည်း KNU က ၎င်း၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။

ယခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့က KNU သည် မြန်မာအစိုးရနှင့် တွေ့ဆုံပြီး ပြည်နယ်အဆင့် ပဏာမ အပစ်အရပ်ရေး သဘောတူ လက်မှတ်ထိုးပြီးနောက် ဧပြီလ ၆ရက်နေ့က ပြည်ထောင်စုအဆင့်အဖြစ် ထပ်မံ ဆွေးနွေးကာ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့် နှစ်ဖက် သဘောတူညီမှုများ ရရှိခဲ့သည်။

ဒေါ်လဲ့လဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မရှင်အဖွဲ့ဝင်တဦး)
တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေနှင့် လာဘ်စားမှုတွေ ပပျောက်အောင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ပတ်သတ်ပြီး ပြောကြားခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းအပေါ် နယ်ပယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့မှ ထောက်ခံအားပေးခဲ့ကြပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ အာဏာအလွဲသုံးစားပြုမှုတွေ များပြားလာပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံတွေ စာရင်းမှာ ပါဝင်လာပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် Cleaning Government, Good Government ဖြစ်အောင် ဆောင်ရွက်မယ်ဆိုတဲ့ စကားကို နှစ်ပေါင်းများစွာအတွင်း အခုလို ထုတ်ဖော်ပြောဆိုလိုက်တာလဲ ဖြစ်ပါတယ်။
 
ဦးကျော်သူ (နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ)
တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေနှင့် လာဘ်စားမှုတွေ ပပျောက်အောင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ပတ်သတ်ပြီး ပြောကြားခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းအပေါ် နယ်ပယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့မှ ထောက်ခံအားပေးခဲ့ကြပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ အာဏာအလွဲသုံးစားပြုမှုတွေ များပြားလာပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံတွေ စာရင်းမှာ ပါဝင်လာပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် Cleaning Government, Good Government ဖြစ်အောင် ဆောင်ရွက်မယ်ဆိုတဲ့ စကားကို နှစ်ပေါင်းများစွာအတွင်း အခုလို ထုတ်ဖော်ပြောဆိုလိုက်တာလဲ ဖြစ်ပါတယ်။


ဦးထွန်းကျော် (တအာင်း -ပလောင် အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
  တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေနှင့် လာဘ်စားမှုတွေ ပပျောက်အောင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ပတ်သတ်ပြီး ပြောကြားခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းအပေါ် နယ်ပယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့မှ ထောက်ခံ အားပေးခဲ့ကြပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ အာဏာအလွဲသုံးစားပြုမှုတွေ များပြားလာပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံတွေ စာရင်းမှာ ပါဝင်လာပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် Cleaning Government, Good Government ဖြစ်အောင် ဆောင်ရွက်မယ်ဆိုတဲ့ စကားကို နှစ်ပေါင်းများစွာအတွင်း အခုလို ထုတ်ဖော်ပြောဆိုလိုက်တာလဲ ဖြစ်ပါတယ်။
 
 
ဦးဖုန်းမြင့်အောင် (အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်ပါတီ၊ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် (၃)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေနှင့် လာဘ်စားမှုတွေ ပပျောက်အောင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ပတ်သတ်ပြီး ပြောကြားခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းအပေါ် နယ်ပယ်အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့မှ ထောက်ခံ အားပေးခဲ့ကြပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ အာဏာ အလွဲသုံးစားပြုမှုတွေ များပြားလာပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံတွေ စာရင်းမှာ ပါဝင်လာပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် Cleaning Government, Good Government ဖြစ်အောင် ဆောင်ရွက်မယ်ဆိုတဲ့ စကားကို နှစ်ပေါင်းများစွာအတွင်း အခုလို ထုတ်ဖော်ပြောဆိုလိုက်တာလဲ ဖြစ်ပါတယ်။

လွှတ်တော်တွေက ဖွဲ့ထားတဲ့ ရေးရာကော်မတီနဲ့ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဖြစ်ဘူးဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လွဲမှားကြောင်း ဖြေရှင်းချက်ထုတ်ပေးဖို့အဆိုကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲရာ ဆွေးနွေးဖို့ အများသဘောတူ ဆုံးဖြတ်လိုက်ပါတယ်။
သီပေါ ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက “ခုံရုံးကနေပြီးတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုတာနဲ့ ပတ်သက်ပြီး သမ္မတက အဓိပ္ပာယ်ဖွင့်ဆိုခိုင်းတဲ့အပေါ်မှာ လွဲမှားပြီးတော့ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်နဲ့အဖွဲ့တွေ ဟာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဖြစ်သည်လို့ ထည့်သွင်း အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီပါလို့ လွဲမှားပြီးတော့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အတွက် ဒီလွဲမှားချက်ကို သူတို့ မှားယွင်းပါကြောင်း ကြေညာချက်၊ ဖြေရှင်းချက် ထုတ်ပေးဖို့ ဆိုတဲ့ အဆိုကို တင်လိုက်တဲ့အခါကျတော့ အဆိုကို လက်ခံဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က သဘောတူလိုက်တယ်” လို့ ပြောပါတယ်။
မူလက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေကနေ ခုံရုံးအဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်ပြီး နုတ်ထွက်ပေးကြဖို့ အဆိုတင်မယ်ဆိုတဲ့ စကားရပ်အစား “မှားယွင်းပြီး ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဖြေရှင်းပေး ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
အခြေခံဥပဒေခုံရုံးဟာ လုပ်ပိုင်ခွင့် မရှိတာကို ဆုံးဖြတ်လုပ်ကိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေ က ထောက်ပြကြတယ်လို့ ဆိုပါတယ်။
ဦးရဲထွန်းက     “သူတို့က ဒါတွေကို သုံးသပ်ဖို့ အတွက် တာဝန်ပေးမထားဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာသော်လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးထဲမှာသော် လည်းကောင်း သူတို့ကို အဲဒီတာဝန် ပေးမထားဘူး။ သူတို့ သုံးသပ်ထားတာက ကျနော်တို့ ပြုလိုက်တဲ့ နောင် အသစ်ထွက်လာမယ့် ဥပဒေများက ဖွဲ့စည်းအခြေခံဥပဒေနဲ့ ညီမညီဆိုတာပဲ သုံးသပ်ပေးရမှာ။ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်ကြားက လွှတ်တော်တွေက ပြုတဲ့ဥပဒေတွေ ကြားမှာ ဆန့်ကျင်ဘက်တွေ ဖြစ်နေရင် စသဖြင့်ပေါ့ အဲဒါတွေကို သူတို့က သုံးသပ်ပေးရမှာ။”
ပြည်ထောင်စုလွှတ်တော်က ခုံရုံးရဲ့ဆုံးဖြတ်ချက် မှားယွင်းကြောင်း ဆုံးဖြတ်ပေးဖို့အဆိုကို ဆွေးနွေး အတည်ပြုပေးရင်တော့ အခြေခံဥပဒေခုံရုံးက အဖွဲ့ဝင်တွေက နုတ်ထွက်စရာမလိုသလို အခြေခံဥပဒေကိုလည်း ပြင်ဆင်စရာ မလိုတော့ဘူးလို့လည်း  သိရပါတယ်။


မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးရွာတွင် ဆူပူ အကြမ်းဖက်ရန် ကြိုးစားခဲ့ကြသော လူအုပ်စု တစ်ခုကို စစ်တပ်က သေနတ် မိုးပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်တွင် ရခိုင်ကျေးရွာများ မီးရှို့ခံနေရစဉ်။
“ဖြစ်တာက ဒီလ ၁၈ ရက်နေ့ ညနေမှာ ဖြစ်ပွားတာပါ။ ကိုင်းကြီးရွာမှာ ဘုန်းတော်ကြီးကျောင်းကို မီးရှို့ခံရတဲ့ ဓါတ်ပုံတွေ ပြသထားတဲ့ နေရာကို သြဂတ်စ်လ ၁၇ ရက်နေ့ ညဥ့်က ၀င်ရောက် ဖျက်ဆီး သွားခဲ့ပါတယ်။ နောက်တစ်နေ့  ၁၈ ရက်နေ့ ညနေမှာ ကင်းပုန်း ၀ပ်နေတဲ့ အခါ ရွာနားကို ကပ်လာတဲ့ မွတ်ဆလင် ဘင်္ဂလီ (၃) ဦးကို စစ်တပ်က ဖမ်းမိပါတယ်။ အဲသလို ဖမ်းဆီးတဲ့ နောက်ပိုင်း ဇော်မတက် ရွာက ဘင်္ဂလီတွေ ၀ိုင်းလိုက်လာတဲ့ အတွက် စစ်တပ်က သေနတ် သုံးလေးချက် မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲလိုက်ရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ဓါတ်ပုံများမှာ ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအား  မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် ပုံများ ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံခြားမှ ဧည့်သည်များ လာရောက်သော အခါ ကြည့်ရှု့နိုင်ရန် ရွာလမ်းထိပ် အဆောက်အအုံတစ်ခုတွင် ပြသထားသော ဓါတ်ပုံများ ဖြစ်ကြောင်း  ရွာသားက ဆိုသည်။
“ သူတို့ ဒီလို ဓါတ်ပုံတွေကို ပြသထားတာကို မကြိုက်တဲ့ အတွက် ၀င်ရောက် ဖျက်ဆီးတာ ဖြစ်ပါတယ်။ လုံခြုံရေး ယူထားတဲ့ စစ်တပ်က ၁၈ ရက်နေ့ မနက်မိုးလင်းမှ ဖျက်ဆီးခံရတာကို သိပါတယ်။ နောက်တစ်နေ့ ညဥ့်မှာ စစ်တပ်က ရွာအ၀င် ကင်းပုန်းဝပ်တော့ ရွာထဲ ၀င်လာတဲ့ ဘင်္ဂလီ လူမျိုး သုံးဦးကို မိပါတယ်။ အခုတော့ သူတို့ကို ရဲလက်ထဲ လွဲပေးလိုက်ပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။
အလားတူ မောင်တောတောင်ပိုင်း အလယ်သံကျော် အနီး ဥဒေါင်းရွာတွင်လည်း သြဂတ်စ်လ ၁၇ ရက်နေ့က နစက တာဝန်ရှိသူ တစ်ဦးကို ဖမ်းဆီးရန် အလိုရှိနေသူ ၀ရမ်းပြေး တစ်ဦးက ဓါးနှင့် ခုတ်သဖြင့် သေနတ် ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်။
“သြဂတ်စ်လ ၁၇ရက်နေ့ ညဥ့် ၁၂နာရီခန့်မှာ ဥဒေါင်း ဘင်္ဂလီရွာကို နစက ဗိုလ်လေးလို့ လူသိများတဲ့ ဒုရဲအုပ် ဖြိုးဝေအောင် တပ်ဖွဲ့က ပဋိပက္ခအတွင်းက အကြမ်းဘက်၊ မီးရှို့ရာမှာပါတဲ့ ဆော်လီမူလာကို သတင်းအရ ဖမ်းဖို့သွားပါတယ်။ အိပ် နေတဲ့ ဆော်လီကို လက်နဲ့ လှမ်းနှိုး လိုက်တော့ အသင့် အိပ်ရာဘေးမှာ ချထားတဲ့ ဓါးနဲ့ ထပြီး ဓါးနဲ့ လှမ်းခုတ်တာပါ။ နစ ကဗိုလ်လေး လက်မောင်းကို ထိသွားပါတယ်။ ပါလာတဲ့ သူတွေက  သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတော့ ဆော်လီမူလာမှ လက်မောင်းမှာ ဒဏ်ရာ ရရှိသွားပါတယ်” ဟု ပြောသည်။
နစက ဗိုလ်အား ဓါးနှင့် ခုတ်သူ ဆော်လီမူလာ ( ဓါတ်ပုံ- မောင်ကျောက်ခဲ – မြန်မာပြည်)
အခင်း ဖြစ်ပွားပြီးနောက် ဒုရဲအုပ် ဖြိုးဝေအောင်နှင့် ဆော်လီမူလာတို့ကို ဆေးရုံသို့ ပို့ပေးခဲ့ရပြီး ဆော်လီမူလာအား ယခုအခါ ဖမ်းဆီးထားကြောင်း သိရသည်။ ဖြိုးဝေအောင်တွင် ၀ဲဘက် လက်မောင်းတွင် ၂ လက်မခန့် ဒဏ်ရာ ရရှိသွားကြောင်း  သိရသည်။
ဗိုလ်ကလေးခေါ် ဖြိုဝေအောင် (ဓါတ်ပုံ- မောင်ကျောက်ခဲ- မြန်မာပြည်)
လက်ရှိ မောင်တော တောင်ပိုင်း အခြေအနေမှာ အေးချမ်းနေပြီး စစ်တပ် တပ်ရင်း (၂) ခု မှ လုံခြုံရေးကို တာဝန် ယူထားပြီး  မီးရှို့ခံထားရသော ကျေးးရွာများမှ နေအိမ်များကို ၀ိုင်းဝန်း ဆောက်ပေးနေကြကြောင်း ကျေးရွာသားများက ပြောသည်။
မောင်တော မြို့နယ် တောင်ပိုင်း သရေကုန်ဘောင်တွင် မွတ်ဆလင် ဗလီများနှင့် ဘာသာရေး ကျောင်းတစ်ခုအား စစ်တပ်နှင့် နတလ ရွာသားများက သြဂတ်စ်လ ၂၂ ရက်နေ့က ဖြိုဖျက်လိုက်ကြောင်း ပြည်ပ အခြေစိုက် သတင်းဌာန တစ်ခုတွင် ဖေါ်ပြထားမူနှင့် ပတ်သက်ပြီး ကျေးရွာ သားများအား မေးမြန်းရာ အဆိုပါ သတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် မည်သူမျှ ဖျက်ဆီးခြင်း မရှိကြောင်း ပြောကြားသွားသည်။

Back to the Top

Related Posts Plugin for WordPress, Blogger...