ဖွဲ့စည်းပုံအခြေခံခုံရုံးက ကြေငြာချက်ထုတ်ပြန်ရန် အဆို ပြည်ထောင်စု လွှတ်တော်က အတည်ပြု
Posted by nankeythiooယနေ့သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီး ဖွဲ့စည်းထား သည့် ကော်မတီ ကော်မရှင် နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အဖြစ် ထည့်သွင်း အဓိပ္ပာယ်ဖွင့် ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက် များနှင့် ညီညွှတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ခုံရုံး ဥပဒေများအရ လုပ်ပိုင်ခွင့် မရှိ ပဲလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာဆုံးဖြတ်ခဲ့ခြင်း ဖြစ်သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးသည် မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟုဆိုကာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ကကြေညာချက်ထုတ်ပြန်ပေးရေး အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆို အတည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးမြင့်စိုးက အရေးကြီး အဆိုအဖြစ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ခဲ့သည့် အဆိုအား ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၄၅) ဦး အစား ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကိုယ်စားလှယ် (၂၂) ဦး ကို ပါတီ အလိုက် အချိုးကျစနစ်ဖြင့် ဆွေးနွေး ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် မဲစနစ်ဖြင့် ဆုံးဖြတ်ရာ ထောက်ခံသူ ၄၄၇ ဦး ကန့်ကွက်သူ ၁၆၈ ဦး ကြားနေ ၄ ဦး ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်က ယင်းအဆိုကို အတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ဝေမာသိမ့် - Yangon Media Group


"/>



Myanmar Kyat Converter
Yangon (Rangoon) Time

0 comments:
Post a Comment