Popular Posts
-
-
မလေးရှားနိုင်ငံမှာ တနှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ကျွမ်းကျင်ရွေ့ပြောင်း အလုပ်သမားများ ပြန်လည် ခန့်အပ်ရေး အစီအစဉ်ကို အခု အလုပ်ရှင်အများအပြားရဲ့...
-
မုသားမပါ လင်္ကာမချော မုသားတွေကိုသာပြောပြောပြောပြီး အချစ်ဆိုတဲ့စကား မင်းပါးစပ်ဖျားမှာ အရသာတစ်မျိုး တွေ့ခဲ့တာလား???? မိန်းမမာယ...
-
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများ သွားရောက် ရိုက်ကူး ခဲ့ပြီး ယခုအချိန် တွင် မြန်မာနိုင်ငံရုပ်ရှင် အစည...
-
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြော...
-
လိုချင်တာက............... ================= ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။ ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင်...
-
နေ့လည် ၂ နာရီ ၂၂ မိနစ်၊ ရန်ကုန်၊ ဇွန် ၉၊ ၂၀၁၂ (YPI) မောင်တောအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့အစည်းအဝေးကျ...
-
အကြမ်းဖက်မှုများဖြစ်ပွါးခဲ့စဉ် က မင်းဂံရွာမှ ဘင်္ဂလီများအားတွေ့ မြင်ရစဉ် စစ်တွေမြို့အနောက်ဘက်ရှိ မင်းဂံရွာကို ယနေ့(၁၊၇၊၂...
-
ရန်ကုန် ဇွန် ၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထေ...
-
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် အပေါင်းအပါ ၅၀ ကျော်ကို တရားစွဲဆိုသွားမည် အိမ့်သံစဉ် (ဧ...
3:02 AM
Posted by
nankeythioo
အီရန် ငလျင်ဘေးသင့်ရာ နေအိမ်များ။ အီရန်နိုင်ငံ အနောက်မြောက်ပိုင်းက Tabriz မြို့နားမှာ ငလျင်နှစ်ခု မိနစ်ပိုင်းပဲခြားပြီး လှုပ်သွားခဲ့တာမို့ လူ (၁၈၀) သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။ လူပေါင်း (၁၃၀၀) လောက်လည်း ဒဏ်ရာရသွားကြပါတယ်။
အနည်းဆုံး ကျေးရွာ (၆) ရွာလည်း လုံးဝပြားချပ်သွားပြီး နောက်ထပ် ကျေးရွာ (၆၀) လောက်က ၅၀% ကနေ ၈၀% လောက်ထိ ထိခိုက် ပျက်ဆီးသွားတယ်လို့ အစိုးရ ရုပ်မြင်သံကြားဌာနက ကြေညာပါ တယ်။ ဒီငလျင်တွေ ပြင်းအား ဘယ်လောက်စီရှိကြလဲဆိုတာမှာတော့ တိုင်းတာချက်တွေက နည်းနည်း ကွာခြားနေပေမယ့် ပြင်းအား ၆ (ဒါမှမဟုတ်) ၆ အထက်မှာရှိကြတယ်လို့ Tehran တက္ကသိုလ်ရော အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနကပါ ပြောပါတယ်။
နောက်ဆက်တွဲ ငလျင်တွေလည်း လှုပ်ခဲ့ပြီး နောက်ထပ်လည်း ထပ်လှုပ်မှာစိုးရိမ်လို့ လူတွေ ညဘက် အိမ်အပြင်မှာပဲနေကြဖို့ အရာရှိတွေက နှိုးဆော်ထားပါတယ်။ အီရန်နိုင်ငံမှာက ငလျင် မကြာခဏ လှုပ်လေ့ရှိပေမယ့် ငလျင်ပြင်းပြင်းလှုပ်တာကတော့ ရှားပါတယ်ရှင်။
0 comments:
Post a Comment