ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

PC_Support_groupငြိမ်းချမ်းရေး အတွက် အလှူရှင်များ (Peace Donor Support Group) သည်၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် လိုအပ်မှုကို အကောင်အထည် ဖေါ်နိုင်ရန် နိုင်ငံတကာ အလှူရှင်များက စုဖွဲ့ ထားခြင်းပင် ဖြစ်သည်ဟု ဇွန် လ (၁၂) ရက်နေ့ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) တွင် ကျင်းပသော ဆွေးနွေးသို့ တက်ရောက်ခဲ့သူ တဦးက ဆိုပါသည်။
အစည်းအဝေး၌ သမ္မတသည် “(Peace Donor Support Group)  မှ မိမိတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအတွက် ပါဝင် ပူးပေါင်း ဆောင်ရွက်ရန် လာရောက် ခြင်းအတွက် များစွာ ကျေးဇူးတင်ရှိ ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဗဟိုဌာန (Myanmar Peace Center) ဖွဲ့စည်း ထူထောင်းပြီး ဖြစ်၍ PDSG အဖွဲ့နှင့် ပူးပေါင်း၍ မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်သည် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးနှင့် ဥပဒေ တစ်ခုတည်း အောက်တွင် တန်းတူညီမျှ နေထိုင်ကြရေးပင် ဖြစ်ကြောင်း” မိန့်ကြား ခဲ့ပါသည်။
ကုလ သမဂ္ဂ အတွင်းရေးမှုးချုပ်၏ အထူး အကြံပေး ပုဂ္ဂိုလ်နှင့် ဒုတိယ အတွင်းရေးမှူးချုပ်သည် (Myanmar Peace Center) သို့ အမေရိကန်ဒေါ် လာ (၅) သန်း ထည့်ဝင်မည် ဖြစ်ပြီး စတင် အကောင်အထည် ဖော်သည့် အချိန်၌ ထပ်မံ ထည့်ဝင် သွားမည် ဖြစ်သည်။
ထို့အတူ သြစတြေးလျနိုင်ငံ သံအမတ် ကြီးကလည်း ကျန်းမာရေး လုပ်ငန်း၌သာ အသုံးပြုရန် အမေရိကန် ဒေါ်လာ (၅) သန်း ထည့်ဝင်ခဲ့ပါသည်။  ဗြိတိန်နိုင်ငံ သံအမတ်ကြီးသည် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်၌ လက်တလော လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်၊ မေရိကန်ဒေါ်လာ (၅) သန်း ထည့်ဝင်ပြီး လာမည့် (၃) နှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း (၃၀၀) ပေးအပ် ကူညီသွားမည် ဖြစ်သည်။
PC_01_OOOOOOOOOO00ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ရလာဒ်များ
ဥရောပ သမဂ္ဂ အဖွဲ့ ဌာနေ ကိုယ်စားလှယ်သည် ၂၀၁၂/ ၂၀၁၃ ခုနှစ်အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် များအတွက် ယူရိုငွေသန်း (၁၅၀) ထောက်ပံ့ ပေးမည် ဖြစ်သည်ဟု ကြေညာခဲ့ပါသည်။  ကမ္ဘာ့ဘဏ် ဌာနေ ကိုယ်စားလှယ်သည် ကြွေးမြီ ပေးဆပ်ရေး ဆွေးနွေး ညှိနှိုင်းပြီးပါက ဖွံဖြိုး တိုးတက်ရေး အတွက် အတိုးနှုန်း သက်သာသည့် ချေးငွေဖြင့် အမေရိကန် ဒေါ်လာ သန်း (၃၀၀) ကို နှစ်စဉ် ချေးယူနိုင်မှာ ဖြစ်သည်။
Peace Donor Support Group (PDSG) တွင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ ဘဏ်တို့ကဲ့သို့သော အဖွဲ့အစည်းများ ပါဝင်ပြီး မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် များအတွက် အကူအညီများ ပေးအပ်ရန် ဖွဲ့စည်းမှု တစ်ရပ် ဖြစ်သည်။ ဤု PDSG အဖွဲ့ ဖြစ်မြောက်ရေးကို နော်ဝေနိုင်ငံက ဦးဆောင် ကြိုးပမ်း ခဲ့သည်။ နော်ဝေးနိုင်ငံသည် Myanmar Peace Support Initiative (MPSI) အဖွဲ့ကို ဖွဲ့ပြီး ဒေါ်လာသန်း (၇၀) ကူညီမည်ဖြစ်သည်။
အစိုးရသည် (Myanmar Peace Center) ကို ဖွဲ့စည်း ထားပြီး ၄င်းရန်ပုံငွေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖေါ်သွားမည်ဟု ဒုတိယ သမ္မတကိုယ်တိုင် ထုတ်ဖေါ် ပြောကြား ခဲ့ပါသည်။ တကယ် လက်တွေ့၌ မည်သို့ သုံးစွဲ သွားမည် ကို တိုင်းရင်းသား အဖွဲ့များက သိလို သော်လည်း သံသယဖြင့် စောင့်ကြည့် နေကြပါသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...