ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


မြန်မာနိုင်ငံ အနေဖြင့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ် ခွင့်အား ငြင်းပယ်ခြင်း အပါအ၀င်
ခွဲခြား ဆက်ဆံမှုများ ရှိနေသော ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့် ဥပဒေအား ပြန်
လည်သုံးသပ်ရန် ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ
ကွင်တားနားက တိုက်တွန်းပြောဆို လိုက်သည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ဒေသခံ

ရခိုင်တိုင်းရင်း သားများနှင့် ဘင်္ဂါလီလူမျိုးများကို သွားရောက်တွေ့ဆုံ မေးမြန်းမှု
များပြုလုပ်ခဲ့ပြီး၊ ယနေ့ညနေ ၆ နာရီခွဲတွင် မင်္ဂလာဒုံလေဆိပ်တွင် ပြည်တွင်းပြည်ပ
သတင်းမီဒီယာများအား ရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားသည်

 မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်အစိုးရအဖွဲ့၊ ဒေါ်အောင်ဆန်း
စုကြည်၊၈၈ မျိုးဆက်ကျောင်းသားများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့သလို၊ အင်းစိန်အကျဉ်းထောင်နှင့် ကချင်ဒေသသို့လည်း သွားရောက်ခဲ့သည်။

Popular Myanmar News Journal

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...