ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


နှင်းမောင်၊ ဟင်္သာတအထောက်တော်၊ သြဂုတ် ၃၊ ၂၀၁၂
            ဇွန်လဆန်းက စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း ဒေသခံတို့ အိုးအိမ်မဲ့ ဒုက္ခသည်များအဖြစ် ခိုကိုးရာမဲ့ဖြစ်နေခဲ့ကြရာ၊ အဆိုပါ ဒုက္ခသည်များမှာ သောင်းနှင့်ချီပြီး ရှိနေသဖြင့် မြန်မာပြည်သူတို့ကိုယ်တိုင် ကိုယ်ထူကိုယ်ထ ကူညီအားပေးစောင့်ရှောက်မှုများ ပြုလုပ်လျက်ရှိသည်။ တဖက်က လက်ရှိအစိုးရ၊ လုံခြုံရေးတပ်ဖွဲ့၊ နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများအကြား အငြင်းပွားမှုများ၊ အရှုပ်အထွေးများ ဖြစ်ပွားနေဆဲဖြစ်သည်။ ယခုအခါ မြန်မာပြည်သူတို့၏ ဗုဒ္ဓဘာသာဆရာတော်များကိုယ်တိုင်က ရခိုင်ပြည်က မြန်မာဒေသခံတို့ကို ကူညီမှုများ တိုးမြှင့်ကြဖို့အရေး နှိုးဆော်လျုက်ရှိသည်ကို တွေ့ရသည်။
            လက်ခံရရှိသော သတင်းစာဖြတ်ပိုင်း နှိုးဆော်စာအရ မြန်မာပြည်တွင်း ပြည်ပတွင် ထင်ရှားသော ဓမ္မကထိကဆရာတော်တပါးဖြစ်သည့် ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ (မင်္ဂလာတိုက်) ကိုယ်တိုင် ဟသာင်္တသို့ ကြွရောက်ပြီး အလှူဒါနများကို လက်ခံခြင်း၊ သြ၀ါဒပေးခြင်းနှင့် ရေစက်ချတရားချီးမြှင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...