ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


သြဂုတ်(၂၀)ရက်၊ ၂၀၁၂ခုနှစ်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးတွင် လက်ရှိဖြစ် ပွားနေသော အငြင်းပွား မှုပြဿနာအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက် များအတိုင်း ဆောင်ရွက် သွားမည်ဖြစ်သည်ဟု  ခုံရုံးဥက္ကဌ ဦးသိန်းစိုးက ဆိုသည်။

“ဖွဲ့စည်းပုံ အခြေခံဆိုင် ရာဥပဒေနဲ့ ပဲဆုံးဖြတ်တဲ့ အတွက် နှုတ်ထွက် မလားဆိုတဲ့ အမေးကို ဖြေစရာ မလိုတော့ ပါဘူး ” ဟု ခုံရုံးဥက္ကဌ ဦးစိုးသိန်းက ပြောသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့်  ဥပဒေများနှင့်ပတ်သတ်၍ ညှိနိုင်းဆောင်ရွက်သည့် အလေ့အထ မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဥက္ကဌကပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေအားလုံးရဲ့ အခြေခံဖြစ်ပါတယ်။ ကျန်တဲ့ ဥပဒေများကတော့ တည်ဆဲဥပဒေသာလျှင် ဖြစ်ပါတယ်။ တည်ဆဲဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်လျှင် တည်ဆဲဥပဒေများသာ ပျက်ပြားရပါမယ်”ဟု ဥက္ကဌ ဦးသိန်းစိုးက ဆက်ပြောသည်။

လွှတ်တော်ကော်မတီများသည် ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ပေါင်း (၃၀၁) ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအား စွပ်စွဲပြစ်တင်မူပြုလုပ်ရန် ပြည်သူ့လွတ်တော် ဥက္ကဌထံ ၂၀၁၂ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် တင်ပြတောင်းဆိုခဲ့ကြကြောင်းသိရသည်။

စွပ်စွဲပြစ်တင်ခြင်းနှင့် ဆက်လျဉ်း၍ ပုဒ်မ (၃၀၂)ပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဟု ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ စာမျက်နှာ (၁၄၇) ပုဒ်မ-၃၃၄ (ခ)တွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မူသည် မှန်ကန်၍ စွပ်စွဲ ခံရသူသည်   ပြည်ထောင်စု တရားသူကြီးချုပ် (သို့မဟုတ်) ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော် နာယကသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြ အစီရင်ခံရမည်ဟု ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စာမျက်နှာ(၁၃၁) ပုဒ်မ -၃၀၂(ခ)(၈)တွင် ဖော်ပြပါရှိသည်။

ထိုစွပ်စွဲပြစ်တင်မူအား အခြေခံဥပဒေပုဒ်မ  ၇၁ (ခ)အရ ပြည်သူ့လွှတ်တော် (သို့) အမျိုးသားလွှတ်တော် တစ်ရပ်ရပ်က ဆောင်ရွက်နိုင်သည်။ စွပ်စွဲချက်ကို တင်သွင်းလိုသည့် လွတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၏ လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ သတ်ဆိုင်ရာ လွတ်တော်သို့ တင်သွင်းရမည်။ အပိုဒ်ခွဲ (ဂ)တွင် ယင်းစွပ်စွဲ ချက်ကို ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး ၃ပုံ၂ပုံက ထောက်ခံမှသာလျှင် ဆက်လက်အရေးယူ ဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအနေဖြင့် ၂၀၁၂ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့ မတိုင်မီ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားမယူပါက လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှုအဆိုကို ပြည့်သူလွတ်တော်သို့ တင်သွင်း သွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ထုတ်ပြန်ပြောဆိုသည်။

မေသင်္ကြန်ဟိန် နေပြည်တော်-(မြစ်မခ)

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...