ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယနေ့ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
“ မြို့မိ မြို့ဖတွေကို ခရိုင်တာ ၀န်ရှိသူတွေက ခေါ်ယူပြီး ပုဒ်မ ၁၄၄ ထုတ်လိုက်ပြီ ဆိုတာကို ပြောပါတယ်။ ညနေ ၇ နာရီကနေ နံနက် ၅ နာရီထိ ညဉ့်မထွက်ရဘူးလို့ ပြောပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက အထက်အမိန့်အရ ထုတ်ရတာ ပါလို့ ပြောပါတယ်” ဟု ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အမတ် ဦးစောငြိမ်းက ပြောသည်။

ယနေ့ နေ့လည်ပိုင်းက မြို့လူကြီးများကို ခေါ်ယူပြီး ပုဒ်မ ၁၄၄ ထုတ်လိုက်ပြီ ဖြစ်ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်ဟု ဆိုသည်။
“ ပုဒ်မ ၁၄၄ ထုတ်လိုက်တဲ့ အတွက် မြို့လုံခြုံရေး အတွက် ကင်းစောင့်လို့ မရတော့ဘူး။ ဂျင်ဂလိ၊ တုတ်ဓါးတွေ  ကိုင်ဆောင်လို့ မရတော့ဘူး။ ကျောက်တော်မြို့ပေါ်မှာတော့ အေးအေးဆေးဆေးပါ။ ဒါပေမယ့် ကင်းမရှိရင် လုံခြုံပါ့မလား။ နယ်တွေမှာတော့ ပြဿနာ ဖြစ်နေကြတာတွေတော့ ရှိပါတယ်” ဟု ဦးစောငြိမ်းက ပြောသည်။
ကျောက်တော်မြို့တွင် မီးရှို့မူများ ဖြစ်ပေါ်နေပြီး ဂုတ်ပီထောင့်၊ ရွှေလိုင်၊ ရိုညာရွာ၊ အပေါက်ဝနှင့် အင်ဘာရီ မွတ်ဆလင်ရွာများ မီးရှို့ခံခဲ့ရကြောင်းနှင့် အနည်းဆုံး အိမ်ခြေ ၅၀၀ ကျော် မီးလောင် ဆုံးရှုံးသွားသည်ဟု  သိရသည်။
ရခိုင်အမျိုးသားပိုင် တောင်ပေါက်ကျေးရွာရှိ ဆန်စက်ကြီး တစ်လုံးလည်း မီးရှို့ခံခဲ့ရသည်ဟု ဆိုသည်။ အသေအပျောက် စာရင်းနှင့် ပတ်သက်ပြီး တိတိကျကျ မသိရသေးကြောင်း သူက ဆိုသည်။
ဝါဆိုလပြည့်နေ့ သြဂတ်စ်လ ၂ ရက်နေ့ ညဥ့် ၁ နာရီကျော်တွင် အသစ်တည်ဆောက်ထားသော ကျောက်တော်ကားဂိတ်ကို အကြမ်းဖက်သူများက တိုက်ခိုက်ပြီးနောက် ယခုကဲ့သို့ ဆူပူ အကြမ်းဖက်မူများ ပြန်လည် ဖြစ်ပွားလာကြောင်း ဦးစောငြိမ်းက ပြောသည်။
တစ်ချို့ ရခိုင်သားများကို မေးမြန်းရာ မွတ်ဆလင်များ ကိုယ်အိမ်ကိုကိုယ် မီးရှို့၍ ထွက်ပြေးနေကြောင်း ပြောဆိုသည်။ သို့သော်လည်း မွတ်ဆလင်များကမူ ရခိုင်သားများ လာရောက်မီးရှို့တိုက်ခိုက်သည်ဟု ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်ကို မေးမြန်းရာ တောင်ကုတ်မြို့နယ်သို့ ခရီးထွက်နေသဖြင့် လမ်းခရီးတွင် ဖြစ်နေ၍ မပြောဆိုနိုင်ကြောင်း ပြောဆိုသည်။
ယခင်က ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်ဖြူမြို့နယ်တွင် ပုဒ်မ ၁၄၄ ထုတ်ထားပြီး ယခု ကျောက်တော်မြို့နယ်တွင် ထပ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ သတင်းဌာန

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...