9:08 AM
ရန်ကုန်ရောက် ရခိုင်မျိုးချစ်များ UNHCR ရုံးရှေ့တွင် သမ္မတပြောစကားအား ထောက်ခံဆန္ဒထုတ်ဖေါ်
Posted by nankeythioo
|
ရန်ကုန်မြို့ မြေနီကုန်းရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ရှေ့တွင် ရခိုင်အမျိုးသားများက သမ္မတကြီး ဦးသိန်းစိန် ဘင်္ဂလီများအား ထုတ်ဖေါ်ပြောဆိုမှုများအပေါ် တခဲနက် ထောက်ခံကြောင်း ယနေ့ ဆန္ဒပြနေကြသည်ဟု သိရှိရသည်။UNHCRရုံးရှေ့တွင် ဆန္ဒထုတ်ဖေါ် ပြနေကြသည့် မျိုးချစ်ရခိုင်များမှာ အင်အား ၃၀ ကျော်ရှိကြောင်းနှင့် သမ္မတ ဦးသိန်းစိန်မှ ဘင်္ဂလီများကို စခန်းသွင်းထားရန်၊ UNHCR အကူအညီနှင့် တတိယနိုင်ငံတစ်ခုခုမှ လက်ခံလျင် ပို့ပေးရန်တို့အား ထောက်ခံသည့် ဆိုင်းဘုတ်များ၊ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခြင်း ဖြစ်ကြောင်း မျက်မြင်တစ်ဦးက သတင်းပေးပို့သည်။
ယင်းသမ္မတမှ ပြောစကားမှာ ဇူလိုင် ၁၁ ရက်နေ့က UNHCRအကြီးအကဲ Mr. Antonio Guterresနှင့် သမ္မတဧည့်ခန်းမဆောင်တွင် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် အဆိုပါ သမ္မတ အနေဖြင့် ဘင်္ဂလီများအား ပြောဆိုခြင်းအပေါ် ထောက်ခံသည့်အနေဖြင့် နိုင်ငံတော် အောင်လံကို တပြည်နယ်လုံးအတိုင်းအတာ လွှင်ထူခဲ့ခြင်းနှင့် လွန်ခဲ့သော အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့က မစ္စတာ ကင်တင်းနား ရခိုင်ပြည်နယ် မောင်တော-ဘူးသီးတောင်မြို့နယ်တို့တွင် ခရီးစဉ်အတွင်း ဆန္ဒထုတ်ဖေါ်ခဲ့ပြီး UNမှ လေးစားလိုက်နာရန် ဆိုင်းဘုတ်တင် ထုတ်ဖေါ်ခဲ့သည်။
ရန်ကုန်ရောက်မျိုးချစ်များနှင့် ရခိုင်ကျောင်းသားလူငယ်များစာပေနှင့် (၁) ကျောင်းသား/သူများ၏ အခက်အခဲများကို တင်ပြဆွေးနွေး နိုင်မည့် အခွင့်အရေးတစ်ရပ် ဖန်တီးပေးရန်။ (၂) လက်ရှိ ရခိုင်ပြည်အရေးကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ရခိုင် ကျောင်းသားများအရေးကို အစိုးရအနေဖြင့် အမြန်ဆုံး တာဝန်ယူဖြေရှင်းပေးရန်။ (၃) ရခိုင်ပြည်အတွင်း ကျောင်းသား/သူများ၏ အနာဂါတ်အတွက် ရပ်တန့်နေသော ပညာရေးကို ရှေ့ဆက်လုံခြုံမှုအပြည့်အ၀ဖြင့် လျှောက်လှမ်းနိုင်အောင် အမြန်ဆုံး လုပ်ဆောင် ပေးရန်။ (၄) ဒေသခံတိုင်းရင်းသားများ၏ ပျက်စီးဆုံးရှုံးသွားသော အိုးအိမ်များနှင့် စီးပွားရေးများကို အခြေနေ မှန်သို့ရောက်အောင် အမြန်ဆုံး အကောင်အထည်ဖေါ်လုပ်ဆောင်ပြီး ရခိုင်ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ပေးရန်။ (၅) တရားမ၀င် ကျူးကျော်ဝင်ရောက်နေသော ဘင်္ဂလီ အကြမ်းဖက်သမားများအား တရားဥပဒေကြောင်းအရ မြန်မာနိုင်ငံအတွင်းမှ အမြန်ဆုံး ရှင်းလင်းဖယ်ရှားပေးပါရန်တို့အား ကြေညာစာတမ်း တစ်စောင်ကို ဇူလိုင် ၂၁ ရက်နေ့က ထုတ်ပြန်ချက်ဖြင့် တိုက်တွန်း တောင်းဆိုခဲ့သည်။


"/>



Myanmar Kyat Converter
Yangon (Rangoon) Time



0 comments:
Post a Comment