ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

MC_vbcccယူအေးအီး (ဒူဘိုင်း) ရောက်မြန်မာ များအတွက် အထူးအရေးကြီး သတင်းတစ်ခုပါ ။
ဆက်လက်ဖြန်.ဝေပေးကြပါ ။(သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ)
ယခု OIC အစည်းအဝေးအပြီး ယူအေအီး အစိုးရမှ မြန်မာလူမျိုးများကို ဗီဇာ ဘန်းတော့ (Black Listed) မည်ဟု ကုမ္ပဏီမှ ပီအာအို တစ်ယောက်ဆီမှ သတိပေးလာပါသည် ။ လူသစ်များကို ဗီဇာမပေးတော့ပဲ
၊လူဟောင်းများကိုလည်း အီးပီ သက်တမ်း ကုန်လျှင် တိုးမပေးတော့
ဟု သိရပါသည် ။ သို.ဖြစ်ပါသောကြောင့် ဘဏ်တွင်ငွေ
အပ်ထားသည်များ ရှိပါက အကောင့် Freeze မလုပ်ခံရအောင် ငွေအမြန်ဆုံး ထုတ်ယူထားကြပါရန်၊ မရွေ.မပြောင်းနိုင်
သော ပစ္စည်းများ (အိမ် ၊ ကား) အစရှိသည်တို. ၀ယ်ယူထားမိပါက အမြန်ဆုံး
ရောင်းထုတ်ခြင်း ၊ ရောင်းရန် လုံးဝအဆင်မပြေပါက မိမိလုံးဝ ယုံကြည်စိတ်ချရသော မြန်မာနိုင်ငံကူးလတ်မှတ် ကိုင်ဆောင်ထားသူ မဟုတ်သူအား ပိုင်ဆိုင်မှု လွဲပြောင်း ပေးအပ်ထားကြပါရန် အရေးပေါ်အကြောင်း
ကြားအပ်ပါသည် ။သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးသော်လည်း
ကြိုတင်ပြင်ဆင် ထားကြပါ ပိုကောင်းမည်ထင်ပါသည် ။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...