ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ)။   ။ အစိုးရတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးရန် ဆန္ဒမရှိဘဲ စီးပွားရေး ဖွံ့ဖြိုးရေးကိစ္စများကိုသာ အသားပေး ဆွေးနွေးနေကြောင်း ကရင်မျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောတာမလာဘော ကသြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၆၂ ကြိမ်မြောက် ကရင်အာဇာနည်နေ့
တွင် ပြောကြားလိုက်သည်။
Saw-Ba-U-Gyi
ကရင် တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီး (ဓာတ်ပုံ - wikimyanmar.co.cc)
“လက်ရှိ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေပါသည်ဟု နားထောင်ကောင်းအောင်
ပြောနေသော်လည်းဘဲ လက်တွေ့တွင် စစ်မှန်သော နိုင်ငံရေး
တွေ့ဆုံဆွေးနွေးမှုမျိုးကို ပြုလုပ်ရန် ဆန္ဒရှိပုံ မပေါ်ပေ။ နိုင်ငံရေး အနှစ်သာရ ကင်းမဲ့သည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုမျိုး၊ စီးပွားရေး ဖွံ့ဖြိုးရေး ကိစ္စများကိုသာ စောင်းပေးသည့် တွေ့ဆုံဆွေးနွေးမှုမျိုးဖြင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကိုရရှိအောင် ပြုလုပ်နေခြင်းသာ ဖြစ်သည်” ဟု ၎င်း၏ မိန့်ခွန်းတွင် ပါရှိသည်။

ကရင် တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီး ကျဆုံးသည့် နေ့ကို အစွဲပြု သတ်မှတ်ခဲ့သည့် ကရင် အာဇာနည်နေ့ အခမ်းအနားတွင် KNU ဥက္ကဋ္ဌက မိန့်ခွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ခေတ်မီဖွံ့ဖြိုးသည့် ဒီမိုကရေစီနိုင်ငံသစ်သို့ ချီတက်လိုပါက တိုင်းရင်းသားများနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်ပြီး
နိုင်ငံရေးအရ အဓိပ္ပါယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် သမ္မတ ဦးသိန်းစိန် အား တိုက်တွန်းလိုက်သည်။ သို့မဟုတ်ပါက ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေမည်ဟုလည်း
ထောက်ပြထားသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KNU တို့ ဘားအံမြို့တွင် တတိယအကြိမ် ငြိမ်းချမ်းရေး မဆွေးနွေးမီရက်ပိုင်းအလိုတွင် ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ် ကာလတလျှောက်တွင် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် အစိုးဘက်မှ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပြီး၊ KNU ဘက်ကစစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်ပြီးမှသာလျှင် လုပ်ဆောင်သင့်
သည်ဟု ရှုမြင်ကြသည်။

KNU ဒု-ဥက္ကဋ္ဌ စောဒေးဗစ်သာကပေါ ကလည်း “တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ပြီး နိုင်ငံရေး ဆွေးနွေး။ အဲဒီ ဖွံ့ဖြိုးရေးတို့ ဆိုတာက တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်ပြီးမှသာလျှင် လုပ်သင့်တယ်” ဟု ဆိုသည်။

ယခုလ တတိယပတ်အတွင်း ပြည်ထောင်စုအဆင့်နှင့် တတိယအကြိမ် ဆွေးနွေးမည့် KNU အနေနှင့် အပစ်အခတ် ရပ်စဲရေး ခိုင်မာရန်အတွက် တပ်များ ပြောင်းရွှေ့ လျှော့ချရေး၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်များ
ပြင်ဆင်ရေးကို အဓိက ဆွေးနွေးသွားမည်ဟု စောဒေးဗစ်သာကပေါ က ပြောသည်။

“ဒါက အခြေခံပဲလေ။ အခုက အပစ်အခတ် ရပ်စဲရေး ပဏာမအဆင့်ပဲ ရှိသေးတယ်။ အဲဒီအဆင့်က မတက်သေးဘူး။ အစိုးရဘက်က စခန်းတွေကို ပိုပြီး ခိုင်မာအောင်လုပ်နေတယ်။ လက်နက်တွေ ပို့နေတယ်။ အဆိုးဆုံးကတော့ စိုးမိုးနယ်မြေ တိုးချဲ့တာပေါ့ဗျာ။ အဲဒါဆိုတော့ တိုက်ပွဲတွေ ပြန်ဖြစ်မှာပဲ။ ဒါ့ကြောင့် အဲဒီကျင့်ဝတ်တွေကိုချမှတ်ဖို့
ဆွေးနွေးသွားမှာ” ဟု မဇ္ဈိမကို ပြောသည်။

KNU သည် အစိုးရနှင့် ပုံမှန်ဆက်သွယ်ရေး ပြုလုပ်နိုင်ရန်အတွက် ယခုလ ၁၈ ရက်နေ့တွင် မြဝတီမြို့၌ ထပ်မံဖွင့်လှစ်
သွားမည် ဖြစ်သည်။ ဧပြီလအတွင်းက ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် တနင်္သာရီတိုင်း ထားဝယ်ဒေသတွင်
လည်းကောင်း၊ မေလက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် လည်းကောင်း ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

ကရင် အာဇာနည်နေ့ကို KNU လက်အောက်ခံ မြိတ်ထားဝယ်၊ ဒူးပလာယာ၊ ဘားအံ၊ ညောင်လေးပင် စသည့် ခရိုင် ခုနှစ်ခုရှိ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)တပ်မဟာ ၇ ခုတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် KNU သည် တော်လှန်ရေး သက်တမ်း အရှည်ကြာဆုံး
အဖွဲ့ ဖြစ်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အတွက် ၁၉၄၉ ခုနှစ်ကတည်းက အစိုးရအဆက်ဆက်အား လက်နက်ကိုင်
တော်လှန်လာခဲ့သည်။

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...