ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts


မြ၀တီသား၊ သြဂုတ် ၅၊ ၂၀၁၂
ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံတွင် အလုပ် လုပ်နိုင်ရန်အတွက်  တရားဝင်နှစ်နိုင်ငံသဘောတူညီချက်များအတိုင်း G to G စနစ် ( အစိုးရ မှ အစိုးရ) ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ကုမ္ပဏီ လိုင်စင်ရှိသူများက အာမခံကြေးတင်ပြီး ဆောင်ရွက်ရမည် ဟူသော မူတမျိုး ထွက်ရှိလာပြီဖြစ်သည်။
အဆိုပါ မူသစ်အရ အေးဂျင့်လိုင်စင်ရှိသူများက အာမခံကြေးတင်ပြီး ထိုင်းနိုင်ငံသို့ လူပို့ရန်ဖြစ်သည်။ မြ၀တီမြို့ ကျောက်လုံးကြီးရုံးမှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ  ယခုစနစ်က ပိုကောင်းသည်ဟု ပြောပါသည်။ အလုပ်သမားများအတွက် ခိုင်မာတဲ့အာမခံချက်တွေပိုရှိလာကြောင်း၊၊ ယခင်က အာမခံမရှိသောအေးဂျင့်များက ဆောင်ရွက်ကြရာ လိမ်လည်ခံရသူပေါင်း များစွာရှိခဲ့ကြောင်း၊ အလုပ်သမားများဆုံးရှုံးနစ်နာခဲ့ရသည့် ဖြစ်ရပ်ပေါင်းများစွာရှိခဲ့ရာက ယခုစနစ်သည် လိမ်ညာမှု့များကို ကာကွယ်ပြီး ဖြစ်ကြောင်း အလုပ်သမားအချို့နှင့် မိသာစုတို့က မှတ်ချက်ပေးသည်။
သို့သော်လည်း အချို့ကုမ္ပဏီလိုင်စင်မရှိသူများလက်တွင် စနစ်ဟောင်းဖြင့် လက်ခံဆောင်ရွက်နေဆဲ လူဦးရေ ထောင်ချီကျန်ရှိနေသေးကြောင်း၊ စနစ်သစ်အရ စီစစ်မှုများ ပိုလာသဖြင့် ထွက်ခွာချိန်မှာ အလုပ်သမား လက်မှတ်ရပြီး ၃၀ ရက်မှ ၃၅ ရက်ကြာမြင့်မည်ဟု သိရကြောင်း၊ ထိုကြာမြင့်ချိန်နှင့်  အာမခံကြေးများကြောင့် MOU ဈေးများ မြင့်တက်လာနိုင်ကြောင်း လည်းသိရသည်

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...