ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

Written by ဒေါင်းမြရင်    Monday, 10 September 2012 23:11    PDF Print E-mail
07Day News Journal မှ "ရိုဟင်ဂျာ" ဟူသည့်စကားလုံးသုံးနှုန်း၍ သတင်းရေးသားမှုအား သံဃာတော်များက လက်မှတ်ရေးထိုး ကန့်ကွက်တောင်းဆိုမှုအား တစ်စုံတစ်ရာတုန့်ပြန်မှုမရှိက ရန်ကုန်မှ သံဃာတော်များနှင့် ပူးပေါင်းကာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ သံဃာ့နာယကအဖွဲ့၊ အတွင်းရေးမှူး ဆရာတော် ဦးသောမက ပြောသည်။
"ဘူးသီးတောင်မြို့နယ်၊ ဂိုဏ်ပေါင်းစုံက သံဃာတွေ လက်မှတ်ရေးထိုးပြီး ကန့်ကွက်စာ ပို့ထားတာနှစ်ရက်ရှိပြီ။ သူတို့ဘက်က ဘာမှတုန့်ပြန်မှု မရှိသေးဘူး။ ဒီကန့်ကွက်စာကို သတင်းဌာနက ဘာမှ တုံ့ပြန်မှု မရှိရင် ရန်ကုန်က သံဃာတွေနှင့် ပူးပေါင်းပြီးတော့ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်သွားမယ်။" ဟု ဆရာတော် ဦးသောမက ပြောသည်။
ပြည်တွင်း ပြည်ပရှိ သတင်းဌာနများမှလည်း "ရိုဟင်ဂျာ" ဟူသော စကားလုံးသုံးနှုန်းခြင်းကို အပြင်းအထန် ကန့်ကွက် ရှုံချကြောင်း ဆရာတော် ဦးသောမနက ဆက်ပြောသည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၆) ရက်နေ့ထုတ် 7Day News Journal ၏ အတွဲ (၁၁)၊ အမှတ်၂၆ ရှေ့မျက်နှာဖုံးပါ သတင်းဓါတ်ပုံနှင့် အချပ်ပို စာမျက်နှာ(A) တွင်ဖေါ်ပြသော "မန်းလူထု သမ္မတကိုထောက်ခံ၍ ကင်တားနားအား ကန့်ကွက်" သတင်းဆောင်းပါးတွင် "ရိုဟင်ဂျာ" ဟူသည့်စကားလုံးသုံးနှုန်း ရေးသားထားခြင်းအပေါ် ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်ရှိ ဂိုဏ်းပေါင်းစုံ သံဃာတော် (၁၀၄)ပါးက လက်မှတ်ရေးထိုးကာ အယ်တီတာချုပ်ထံသို့ စက်တင်ဘာ(၇)ရက်နေ့က ကန့်ကွက်လွှာ ပေးပို့ခဲ့ကြခြင်း ဖြစ်သည်။ ကန့်ကွက်စာမူရင်းမှာ - 
ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်ဂိုဏ်းပေါင်းစုံသံဃာတော်များ က 7Days News Journal ၏ သတင်းရေးသားမှုကို ကန့်ကွက်ခြင်း
၁။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၆) ရက်နေ့ထုတ် 7Day News Journal ၏ အတွဲ (၁၁)အမှတ်၂၆၏ ရှေ့မျက်နှာဖုံးပါ သတင်းဓါတ်ပုံနှင့် အချပ်ပို စာမျက်နှာ(A)တွင် ဖေါ်ပြသော မန်းလူထုသမ္မတကိုထောက်ခံ၍ ကင်တားနားအား ကန့်ကွက် သတင်းဆောင်းပါးတွင် ရေးသားထားသော "ရိုဟင်ဂျာ" ဟူသည့်စကားလုံးသုံးနှုန်းမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်သံဃာတော်များက အောက်ပါအတိုင်း ကန့်ကွက်သည်။
၂။ မျက်နှာဖုံးသတင်းဓါတ်ပုံတွင် ပုံရည်ညွန်းစာ ရေးသားရာ၌ ရိုဟင်ဂျာအရေးဟု ဖေါ်ပြသုံးနှုန်းခြင်း၊ အချပ်ပိုစာမျက်နှာ(A)တွင် ရိုဟင်ဂျာအရေးတွင်ဟူ၍ ရေးသား သုံးနှုန်းခြင်းတို့ကို တွေ့ရှိရသည်။
၃။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုး လုံးဝမရှိကြောင်း နိုင်ငံတော် အစိုးရက တရားဝင်ထုတ်ပြန် ကြေငြာထားပြီးဖြစ်သည်။ ထို့အပြင် ယနေ့ဖြစ်ပေါ်နေသော အရေးအခင်းကို အကြောင်းပြု၍ ကုလသမဂ္ဂနှင့် မူဆလင်နိုင်ငံများက ရိုဟင်ဂျာအရေးဟု ရှေ့တန်းတင်၍ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါး စော်ကားနေလျှက် ရှိသည်ကို သတင်းဂျာနယ်မှ ပုဂ္ဂိုလ်များလည်း သိရှိပြီးဖြစ်ပါလိမ့်မည်။
၎။ ယခုပြည်တွင်းရှိ ထင်ရှားလူသိများသော သတင်းဂျာနယ်ကြီးတစ်ခုအနေဖြင့် ၎င်းကုလသမဂ္ဂနှင့် မူဆလင်နိုင်ငံများ၏ လေသံကိုလိုက်၍ ရိုဟင်ဂျာဟူသော စကားလုံးကိုမသုံးစွဲသင့်ဟု ယူဆသည်။
၅။ ရခိုင်ပြည်နယ်တွင် ယနေ့အထိ ဖြစ်ပေါ်နေသော ဖြစ်ရပ်များသည် ဘင်္ဂလီ စစ်တကောင်းနယ်သားများ၏ ရခိုင်ပြည်နယ် သိမ်းပိုက်ရေး အကွက်ကျကျ ဖန်တီးလုပ်ကြံမှုများသာဖြစ်ပြီး ရိုဟင်ဂျာအမည်ခံ လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြု ခံရရေး၊ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး ရရှိရေးအတွက် တောင်းဆိုမှုသက်သက်မဟုတ်ပေ။
၆။ ဘူးသီးတောင်မြို့နယ်ရှိ သံဃာတော်များအနေဖြင့် မန္တလေးသံဃာတော်များနှင့် လူထု၏ ဆန္ဒပြတောင်းဆိုမှုကို ၀မ်းမြောက်ဝမ်းသာ ကြိုဆို၍ အလေးအနက်ထောက်ခံပြီး တစ်သားတည်းရှိကြောင်းကိုလည်း ဖေါ်ပြပါသည်။
၇။ သို့သော် 7Days News Journal ၏ သတင်းရေးသားရာတွင် စကားလုံးအသုံးအနှုန်းကြောင့် ရခိုင်ပြည်နယ်ရှိ သံဃာတော်များနှင့် ပြည်သူလူထုအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး၊ ရခိုင်အရေးအခင်းနှင့်ပတ်သတ်၍ သတင်းဖေါ်ပြချက်များတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို နောက်နောင်သုံးစွဲခြင်း မပြုရန်နှင့် ယခုသတင်းထုတ်ပြန်ချက်ပါ ရိုဟင်ဂျာဟူသော သုံးအနှုန်းအစား စစ်တကောင်းနယ်သား ဘင်္ဂလီကုလားများဟု ပြင်ဆင်ချက် ထုတ်ပြန်ပေးရန ဤကြေငြာချက်ကိုလက်မှတ်ရေးထိုး ထုတ်ပြန်၍ တောင်းဆိုသည်။
 

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...