ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့ လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts




Print
2012-09-16  Yabaဘင်္ဂလာတွင် မူခင်းနှင့် မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးရေးအဖွဲ့ Rapid Action Battalion (RAB)က မြန်မာနိုင်ငံအတွင်း နေထိုင်သူ ဘင်္ဂလီ(၆)ဦးနှင့်အတူ ယာဘားမြင်းဆေး (၈၆၃၀) လုံးအား စစ်တကောင်းမြို့မှ စနေနေ့ညဥ့်တွင် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
RAB–7 မှ Major Rakibul Islam က ဘင်္ဂလီများနှင့်အတူ ယာဘားဆေးပြားများကို စစ်တကောင်းမြို့တွင် ငှားရန်းနေသော အိမ်ခန်းတစ်ခုမှ ညဥ့် ၁၁း ၃၀ တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု တနင်္ဂနွေနေ့က the daily star က ဆိုသည်။
ဖမ်းဆီးခံ ဘင်္ဂလီ အမည်များမှာ " Md Shafique, 30, his brother Md Liakat, 26, Azmal Haque, 20, Abul Kashem, 28, Anwara Begum, 40, and her daughter Baby, 18." ဟု the daily star မှာ ဖေါ်ပြထားကြောင်းနှင့် ယာဘားမြင်းဆေးပြားမှာ ကာလပေါက်ဈေး တာကာ သိန်း(၃၀) တန်ဖိုးရှိကြောင်း RAB က တရားဝင်ပြောသည်ဟု ဖေါ်ပြထားသည်။
RAB အနေဖြင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကားသူများနှင့် မြန်မာ့မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများနှင့် ဆက်စပ်မှုရှိသည်ဟု သံသယဖြစ်ကြောင်း ၀ပ်ဆိုက်က ပြောသည်။
ထို့ပြင် ပြည်ပသို့ တင်ပို့မည်ဖြစ်သော (၂၆) သိုက်ရှိ ဘိန်းဖြူ ထုတ်အား ဒက္ကားနိုင်ငံတကာလေဆိပ်မှ ကာစ္စတင်က စနေနေ့က ဖမ်းဆီးရမိကြောင်း The Daily Star သို့ ထုတ်ဖေါ်ပြောဆိုကြောင်း ဆိုသည်။
ဖမ်းဆီးရမိသည့် ဘိန်းဖြူများကို (၈) ခုခွဲခြမ်းထုပ်ထားပြီး (၄) အိပ်ခွဲဝေပြုလုပ်ထားကြောင်းနှင့် ဆေးလိပ်များတွင် ထည့်သွင်းရန် မလေးရှားသို့ တင်ပို့ခြင်းဖြစ်နိုင်သည်ဟု ကာစ္စတင် ကော်မရှင် Zakiya Parveen က ပြောသည်ဟု ၀ပ်ဆိုက်က ဆိုသည်။
Department of Narcotics Control (DNC)က ယင်းအား စမ်းသပ်စစ်ဆေးချက်အရ ဘိန်းဖြူဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံဘိန်းဖြူများမှာ မလေးရှားနိုင်ငံသို့ ယနေ့ လေယဉ်အမှတ် TG-322 ဖြင့်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။
 

0 comments:

Post a Comment

Back to the Top

Related Posts Plugin for WordPress, Blogger...